5 zaw gyi

141 3 0
                                    

မင်းသူ သိန္နီဝင်ပြီကွ.."

မင်းသူကို ရှိုင်းခန့် ပုတ်နိုးလိုက်သည်။မင်းသူမှာ ခေါင်းဆံပင်မှ ဖွယောင်းနေ။မျက်လုံးလေးမှာ ရီဝေဝေ။

"ဟုတ်လား..။ငါတောင် မသိလိုက်မိဘူး"

"ဘယ်သိမလဲ..မင်းက ကာလနားဂါးလို အိပ်နေတာကို"

မင်းသူမှာ ခပ်ဖျော့ဖျော့လေး ပြုံးလိုက်သည်။ရှိုင်းခန့်ကမူ ခေါင်းလေးခါပြီး ရယ်ပြလိုက်သည်။

"ဒါနဲ့ လူလေးတို့ ဦးနောင်ရိုး အိမ်ကိုပဲ သွားမှာမလား"

"ဟုတ်တယ် ဦးလေး"

"အေး။ငါနဲ့ မင်းဦးလေး နောင်ရိုးတို့နဲ့က သိပ်ခင်တာကွ။အခုတောင် ဦးလေးက လိုင်းမဆွဲတော့ဘူး။နောင်ရိုးက ငါ့တူလေးတွေ လာမှာမို့၊တစ်ခါမှ မလာဖူးလို့ပါ ဆိုပြီးအကူအညီတောင်းလို့ လားရှိုးကို ဆင်းလာတာကွ"

ကားဆရာဦးလေးမှာ ပြောပြောဆိုဆို ကားပေါ်တွင် ပလက်စတစ်ဗူးအလွတ်တွင် ကွမ်းတံတွေးကို ထွေးချလိုက်သည်။

" ဟုတ်ကဲ့။ကျေးဇူးပါဗျာ။ကျွန်တော်ကလည်း အရေးကြီးကိစ္စရှိလို့ အလျင်လာခဲ့တာ"

မင်းသူမှာလည်း ကားဆရာဦးလေးပြောသည့်စကားနောက် ကျေးဇူးတင်စကားလေး ပြန်ပြောလိုက်သည်။ခတ္တအကြာတွင် ကားက ရုတ်တရက် ရပ်သွားသည်။

"ကဲ...သားတို့ ဦးလေးတို့အိမ် ရောက်ပါပြီခင်ဗျာ.."

ကားဆရာမှ ခပ်လွင်လွင်အသံဖြင့် ကားပေါ်ကမဆင်း။

"ဦးလေး ကျွန်တော်တို့ ဦးလေးတို့နဲ့မတွေ့တော့ဘူးလား"

မင်းသူမှ ဦးလေးကိုပြောရင်းဆိုရင်း ကားတံခါးကို ဖွင့်လိုက်သည်။ရှိုင်းခန့်လဲ ထိုနည်းတူ။

"အေး...။မတွေ့တော့ပါဘူးကွာ။နောက်မှ အေးဆေးလာတော့မယ်။အခုလောက်ဆို အိမ်ကအထုပ်က မေတ္တာပို့နေလောက်ပြီ။သွားပြီနော်.."

ကားဆရာဦးလေးမှာ ခပ်နောက်နောက်လေးပြောင်ကာ ကားနောက်ဆုတ်၍ ပြန်လှည့်သွားသည်။

.....

အိမ်လေးမှာ ဟောင်းပေမဲ့ လက်မှုပညာများဖြင့် ပြည့်နက်နေ။အရှေ့တွင် သစ်ပင်ကြီးတစ်ပင်ကြီးက အိမ်လေးကို အုံ့မိုးသွားသည်။သိန္နီအဝင်ထဲက မှောင်စပျိုးလာသည်မှာ ယခုတွင် မှောင်လို့မဲလို့။ရှိုင်းခန့် ပုဆိုးလေးကို ပြင်ဝတ်လိုက်သည်။ထို့နောက် မင်းသူနှင့်ရှိုင်းခန့် အိမ်ထဲသို့ ဝင်သွားလိုက်သည်။

 သက်သေတည်၍(completed)Where stories live. Discover now