3 uni

424 39 1
                                    

မနက်ခင်း အလင်းရောင်နေခြည်ကလေး ဖျော့ဖျော့လေး တိုးဝှေ့လာသည်။ညက ပြတင်းပေါက်ပိတ်ရန် မေ့လျော့ခဲ့သောကြောင့် ညကသိပ်အေးသည်။ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့ဆိုသည်ကား အအေးဓာတ်ရှိသည်။မနက်ခင်းလေလေးက ပြတင်းပေါက်မှ ခန်းဆီးလေးကို တစ်ဟူးဟူး တိုးဝှေ့လာသည်။

“ရှိုင်းခန့်…ရှိူင်းခန့်..နေဖင်ထိုးနေရအောင် အိပ်နေရသလား။ကျောင်းရှိသေးတယ် မလား”

“ဟမ်…ကျောင်း”

အိပ်ယာထပ်မှ ရှိုင်းခန့် ခေါင်းထောင်လာသည်။ဘေးဘက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။ရှစ်နာရီ ခွဲ။နိုးစက်လေးကို ထားထားသော်လည်း နိုးစက်လေးက အိပ်စက်နေတုန်း။.

“ဒီနေ့…minor ရှိတယ်။ငါ ထွက်ပြောရမှာပဲ”
အလောတကြီး အိပ်ယာပေါ်မှထကာ ရေချိုးခန်းထဲ ပြာပြာယာယာဝင်သွားလိုက်သည်။အိပ်ယာနိုးနိုးချင်းဆိုသည်ကား မျက်စိက မပွင့်တစ်ပွင့်။
    
လှေကားမှ အောက်ထပ်သို့ ပြေးဆင်းလာခဲ့သည်။လွယ်အိတ်က တစ်ဖတ်လွယ်။

“ဟဲ့သား..မုန့်ဟင်းခါး စားသွားအုံးလေ”

“တော်ပြီ အမေရေ…မုန့်ဟင်းခါး တာစားလိုက်ရင် နောက်နေ့အမေသူများကို

မုန့်ဟင်းခါးကျွေးနေရလိမ့်မယ်”
ဘိုးဖိနပ်ကို အမြနိစီး၍ အိမ်ရှေ့က ကလစ်ဘီးလေးကို တက်ခွလိုက်သည်။မကြာ အရှိန်ဖြင့် အိမ်မှထွက်ခွာလာသည်။

“သူဘာပြောသွားတာလဲ..”
ရှိုင်းခန့်အမေမှာ ရှိုင်းခန့်စကားကြောင့် တွေဝေနေသည်။စဥ်းစားနေသည်။

“ဟား…မိန်းမရယ် ဒီနေ့သာ သူမုန့်ဟင်းခါးစားလို့ ကျောင်းနောက်ကျရင် သူသေလိမ့်မယ်လို့ပြောတာ”
“သေတာနဲ့ မုန့်ဟင်းခါး ကျွေးတာနဲ့..”

စက္ကန့်မျှ စကားရပ်သွားပြီး..

“ဪ…ကျွန်မသိပြီ..”

သဘော ပေါက်သွားဟန်တူသည်။ရှိုင်းခန့်အဖေမှာ ခပ်ကျယ်ကျယ်လေးရယ်လိုက်သည်။ရှိုင်းခန့်အမေမှာ ပြုံးစိပြုံးစိ။
        
  ကျောင်းခန်းထဲဝင်ချိန်တွင် စာသင်နေပြီဖြစ်သည်။နာရီကောက်ကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ ငါးမိနစ်အလို။အတန်း အနောက်ပေါက်မှ ဟိုကြည့်ဒီကြည့်။ဆရာမကို တစ်ချက်ကြည့်လိုက်သည်။ဆရာမက အရှေ့တွင် စာရေးနေသည်။အနောက်ကိုမမြင်။

 သက်သေတည်၍(completed)Where stories live. Discover now