9 uni

257 26 0
                                    

သစ္စာနဲ့မေတ္တာက အစစ်အမှန်ဆိုရင် အချစ်ကိုသက်သေတည်ပြု မုန္ဒြာက ပေါက်ဖွားလာတဲ့ မင်းလေးကို ပန်းလေးတစ်ပွင့်လို နမ်းရှိုက်ခဲ့ဖူးမှာ ဧကန်အမှန်ပါ။

….

“စိုင်းမောဝ့်…”

ရှိုင်းခန့် အလျင်လှည့်ကြည့်မိသည်။ဝေဠုမှာ သူပါးစပ်မှ ခေါ်လိုက်သော်လည်း သူ့ပါးစပ်မှ ခေါ်လိုက်မိသည်ကို လုံးဝမသိခဲ့…။


စင်အောက်တွင် ကြည့်နေလျက်ရှိသော မင်းသူမှာမူ အံ့ဩသောမျက်နှာထား။ပရိတ်သတ်များမှာလည်း မင်းသူလိုပင်။

“ပြန်မှတ်မိပြီလား သီဟမင်းထင်”

ရှိုင်းခန့်မှာ စင်ပေါ်၏ရှေ့တွင် ဝေဠုကိုလှည့်ကြည့်၍ ခပ်ကျယ်ကျယ်လေး ပြောလိုက်သည်။သီချင်းသံများကြောင့် ထိုခေါ်သံကို ဝေဠုမှလွဲ၍ ကျန်သောသူများမကြား။စင်ဘေးက ဆရာမတစ်ဦး ပြန်လာဖို့ ဝေဠုကို လက်ယက်ခေါ်နေသည်ကို မြင်သည်။ထို့ကြောင့် ဝေဠုဘာမှမပြောတော့ပဲ စင်ဘေးဆက်လျှောက်သွားခဲ့သည်။ရှိုင်းခန့်မှာ ချက်ချင်းဆိုသလို အနောက်ကိုလှည့်ပြီး ဝေဠုဆီပြေးသွားသည်။စင်အောက်မှ မင်းသူမှာလည်း ရှိုင်းခန့် ဆီအပြေးအလွှား။ထိုဖြစ်နေပုံကို ပါမောက္ခနှင့်တကွ ဆရာဆရာမ၊ကျောင်းသူကျောင်းသားများ ဘာကိုမှမသိချေ။စဥ်းစားလို့လဲ မရ။

“ဟော..ဟော..ရှမ်းကောင်လေး ပြေးသွားပြီ”

အောက်ဘက်မှ ကျောင်းသူကျောင်းသားများရဲ့အသံများ တစ်စတစ်စ ထွက်လာခဲ့သည်။ရုတ်ရုတ်သည်းသည်းတော့ မဖြစ်။

“သီဟမင်းထင်..”

ရှိုင်းခန့်မှ ဝေဠုမင်းခင်၏အနောက်မှ ခပ်ကျယ်ကျယ်လေး အော်ခေါ်လိုက်သည်။သို့သော် ဝေဠုလှည့်မကြည့်။သိရက်နှင့်မကြည့်ချင်းမဟုတ်။လုံးဝမသိသည့် ပုံစံပင်။

“ရှိုင်းခန့်…ဘာဖြစ်တာလဲ..”

မင်းသူမှာ စင်နောက်သို့ ပြေးဝင်လာခဲ့သည်။

“ ငါ့ကို ဝေဠုက စိုင်းမောဝ့်လို့ခေါ်လိုက်တယ်ကွ..”

“ဘာ..ငါတို့ကတော့ အောက်မှာနေတာ မကြားပါဘူး။သူမင်းကို လှည့်ကြည့်တယ်။ပြီးတော့ ပြန်ထွက်သွားတာပါပဲ”


 သက်သေတည်၍(completed)Where stories live. Discover now