2 zawgyi

55 4 0
                                    

ခန့် ချော်လဲသည်က အကြောင်းမဟုတ်။ချော်လဲပြီး လက်မှဒံပေါက်နှင့်ကြက်ဆီပြန်က ဝေဠု long coat ပေါ်မှောက်ကျသွားလို့ပင်။

“ဟာ..ရှိုင်းခန့်..မင်းရဲ့သဂြိုလ်စရိတ် ငါ့ကိုသာပေးထားလိုက်တော့..”

မင်းသူမှာ ခပ်လေးလေးခပ်ပျက်ပျက် အသံဖြင့် ကျွန်တော့်အားပြောလေသည်။

ဒါမှ တကယ့်သေမည့်လမ်းပင်..

“ရှိုင်းခန့်…ရှိုင်းခန့်…မင်းရဲ့အလွှဲတွေက ဘာလို့သူနဲ့ကြမှ စွမ်းနေရတာလဲကွာ”

..

နောက်အပိုင်းများတွင် သူတို့နှစ်ယောက်၏ပက်သက်မှုအလွှဲနှင့် အတိတ်အရင်ဘဝကဖြစ်ရပ်များ

…..

ရှိုင်းခန့်တစ်ယောက် ကြံရမရဖြစ်နေ။မင်းသူမှာလည်း ခေါင်းကိုသွက်သွက်ခါအောင် ရမ်းခါနေသည်။ရှိုင်းခန့်မျက်နှာက ရှုံ့မဲ့။ရှိုင်းခန့်အားပြုပြီး ကုန်းရုန်းထလာသည်။အတန်းထဲရှိ တန်းသူတန်းသားများ၏ အာရုံသည် ရှိင်းခန့်ဆီ စုပြုံနေသည်။

“သားကြီး…ဘယ်လိုလုပ်ရမလဲ”

“ငါဘယ်လိုသိမလဲဟ။ဒုက္ခပါပဲ”

မင်းသူမှာ မသိလေသံခပ်မြန်မြန်နှင့် ပြောလိုက်သည်။မင်းသူမှာလည်း စိုးရိမ်နေသည့်ပုံရသည်။ရှိုင်းခန့်  ထိုင်ခုံပေါ်ကို ဝင်ထိုင်လိုက်သည်။

“ငါ..ပြန်ဝယ်ပေးရင် ကောင်းမလား..”

“မင်းအိမ်ကို ပိုက်ဆံတောင်းမလို့လား”

“ငါ့အိမ်ကိုတောင်းရင်တောင် အဖေ့ရဲ့ အမွှေးပဲနုတ်ပေးလိမ့်မယ်”

“ဘာ..ဘာ..”

“ခြေတစ်လုံးမွှေးကိုပြောတာ ခြေတစ်လုံးမွှေး”

မင်းသူမှာ မရယ်ချင်ပဲ သဲ့သဲ့လေး ရယ်လိုက်သည်။

“ငါ့မှာလဲ စုထားတာ ငါးသောင်းလောက်တော့ရှိတယ်ဟ”

မင်းသူ ဖုန်းကိုထုတ်လိုက်သည်။

“ရှိုင်းခန့်…အဲ့အကျီရဲ့ တံဆိပ်ကို ငါ့ကိုပြောပြ.”

ရှိုင်းခန့်လဲ ကြည့်ပြီးပြောပြလိုက်သည်။ဘာကြောင့်ရယ်တော့ မမေး။ရှိုင်းခန့်ခေါင်းထဲတွင် ရှုပ်ထွေးပွေလီနေသည်။

 သက်သေတည်၍(completed)Where stories live. Discover now