12 zaw gyi

120 5 0
                                    

ဆိုင်ကယ်စတန်းနားတွင် မင်းသူမှာ ဆိုင်ကယ်ထုတ်နေသည်။ရှိုင်းခန့်ကတော့ ဝေဠုနှင့်စတွေ့ခဲ့တဲ့ ထိုင်ခုံလေးပေါ်မှာ။ဝေဠုမှာ အရေးတကြီးကိစ္စရှိလို့ ကျောင်းဆင်းတာနဲ့ ချက်ချင်းပြန်သွားသည်။ရှိုင်းခန့်မှာ ထိုင်ခုံလေးပေါ်တွေ မှိုင်တုတ်မှိုင်တုတ်။

“ရှိုင်းခန့် တက်တော့လေကွာ။ဘာမှိုင်နေတာတုန်း “

မင်းသူစကားကြောင့် အာရုံပြန်ဝင်လာပြီး မင်းသူဆိုင်ကယ်ပေါ် ခွတက်လိုက်သည်။မင်းသူမှာ ခပ်တည်တည်။ဖြောင့်ဖြူးနေသောလမ်း မကြီးထက်တွင် ကားများဖြင့်အပြိုင် မောင်းနှင်နေသော မင်းသူ၏ဆိုင်ကယ်။

“ ဒီနေ့မင်းဘယ်လိုဖြစ်တာလဲ..။မင်းနဲ့ ဝေဠုက”

“ဒီလိုဟေ့။မနေ့က ငါတို့ပါတီလုပ်ကြတယ်။ပြီးတော့ ငါမူးပြီး လစ်သွားတယ်ကွာ။မင်းကလည်း အစောကြီးပြန်သွားတယ်။သူများတွေကလည်း အသီးသီးပြန်သွားကြတာနဲ့ ငါးယောက်ခြောက်ရောက်လောက်ပဲ ကျန်တော့တယ်။နောကိဆုံး ငါလဲလုံးဝလစ်သွားတာနဲ့ ဝေဠုကသူ့အိမ်ကိုခေါ်အိပ်ရော...အဲ့မှာ အဲ့ဒီ့စောက်ကောင်က ငါအိပ်နေတဲ့ပုံကို ဓာတ်ပုံတွေရိုက်ထားတာ..။အဲ့ထဲက ငါကလည်း နဂါးသိုက်ဝင်ပူးမတက်လူးလိမ့်နေတဲ့ ပုံတွေလေ။အ။မနက်ကြတော့ သူက ငါ့အနားမှာနေ ငါခိုင်းထာလုပ်ရင် အဲ့ပုံတွေကိုသူ့အကောင့်မှာမတင်ဘူးလို့ပြောတယ်။သူအကောင့်မှာ follower တွေကများနေတာကို”

“ဪ....မင်းတို့ဇာတ်လမ်းက ဒီလိုကို..မင်းနော် ဝေဠုက ဒီလိုလုပ်နေတာ မရိုးသားဘူး။ငါထင်တာမမှားဘူးဆိုရင် ဝေဠုက အတိတ်ကစိုင်းမောဝ့်ကိုချစ်သလိုမျိုး မင်းကို..”

“ မင်းသူ။ဆက်မပြောနဲ့တော့ ငါခုန်ချလိုက်မှာနော်”

“ခုန်တော့မချလိုက်ပါနဲ့ မောင်မင်းကြီးသား ရယ်”

.မင်းသူမှာ ခပ်ရယ်ရယ်ဖြင့်ဆိုင်ကယ်ကို အရှိန်ထိုးမောင်းနင်လိုက်သည်။မင်းသူမှာ ဆိုင်ကယ်စီးကြမ်းတော့ အနောက်က ရှိုင်းခန့်သည် လိပ်ပြာလွှင့်မတက်။



အဖေရုံးဆင်းပြီဆိုတော့ အဖေ့ကိုရှင်းပြရန် စစ်ကူအနေဖြင့် မင်းသူကိုခေါ်လာသည်။မင်းသူဆို သူတို့ယုံသည်။ထုံးစံအတိုင်း ကုလားထိုင်ခုံတွင် ဂျာနယ်ဖတ်နေသော အဖေ..

 သက်သေတည်၍(completed)Where stories live. Discover now