ဝေဠုမှာ တစ်ညလုံးထမင်းမစား။ရေမသောက်။အစာငတ်ခံ ဆန္ဒပြနေပုံရသည်။ဝေဠုအဖေတို့မှာ တစ်ပတ်ခါဆို စေ့စပ်၍လက်မှတ်ထိုးပွဲ ကျင်းပတော့မည်။နောက်တစ်ပတ် စနေနေ့ဆို မဂ်လာဆောင်ပွဲကြီး ကျင်းပမည်။အစက မဂ်လာဆောင်နှင့်လက်မှတ်ထိုးပွဲ ပေါင်းလုပ်ဖို့ စီစဥ်ထားပုံရသည်။သို့သော် ယခုမူ တစ်ပတ်ခါလက်မှတ်အရင်ထိုး၍ နောက်တစ်ပတ်မှ မဂ်လာဆောင်မည်။မမြန် မြန်အောင် စီစဥ်ထားပုံပင်။ယခုလည်း တိုက်ပိတ်ခံထားရသည်။
မနက်ကတော့ လုလုနှင့်သွေးသစ်ရောက်လာသည်။သို့သော် ဖေဖေက မတွေ့ခိုင်း။အတင်းတောင်းဆိုသော်လည်း မရပါ။ထို့ကြောင့် ဝေဠုအတွက် မုန့်နှင့်လက်ဆောင်များကို ဧည့်ခန်း၌ ပေးသွားပြီး ပြန်လှည့်သွားရသည်။ယခုမူ ညရှစ်နာရီ ထိုးပြီ။ဝေဠုမှာ ဒီနေ့က အရေးကြီးဆုံးနေ့ဖြစ်သည်။ဒီနေ့ ရှိုင်းခန့်နှင့် နီးစပ်ဖို့မကြိုးစားလျှင် နီးစပ်တော့မည်မဟုတ်။
“ငတေ..ငတေ ဒီမှာ ဒီတံခါးကို ဘယ်သူ့ကိုမှဖွင့်မပေးနဲ့။သော့ကိုလဲ ကိုယ်နဲ့မကွာဆောင်ထား။အထူးသဖြင့် ဝေဠု။ခြံထဲတောင် မဆင်းစေနဲ့။ကြားလား..”
ဝေဠုကြားသည်။ဝေဠုမှာ စားဖိုခန်းထဲတွင် ခေါက်ဆွဲပြုတ်နေသည်။ဝေဠုအမေမှာတော့ ဒါကိုသိမည်မဟုတ်။ဝေဠုအဖေမှာ ကားပေါ်ရောက်နင့်နေပြီ။ခတ္တအကြာ တံခါးပိတ်သော့ခတ်သံကြားလိုက်သည်။ထိုအချိန်သည် အချိန်ကောင်း။ငတေ သော့ခတ်နေချိန် အမှီငတေဆီသို့ သွားလိုက်သည်။
“ဪ...ကိုကိုလေး...”
ငတေ အနောက်လှည့်ချိန်တွင် အနောက်တွင်ဝေဠုကိုမြင်သည်။
“ငတေ...ငါအမိန့်ပေးတယ်။ငါ့ကို သော့ပေးစမ်း...”
“မရပါဘူး ကိုကိုလေး။ဒါက ကိုကိုလေး အမေကသေချာ မှာထားလို့ပါ..”
“ငတေ..ငါအရင်က ဘာပြောထားလဲ။ငါအရေးမကြီးရင် တောင်းဆိုယုံပဲ။အရေးကြီးပြီး မဖြစ်မနေဆို အမိန့်နဲ့ပြောတယ်ဆိုတာ မင်းအသိပဲ။ငါအခု အမိန့်ပေးနေတာ ပေးစမ်း..”
“မ..မရပါဘူးကိုကိုလေး။တကယ်လို့ သော့ယူမယ်ဆိုရင် ကျွန်တော့်ခေါင်းသာ ရိုက်ခွဲပြီး ယူသွားပါတော့..ကိုကိုလေး”
YOU ARE READING
သက်သေတည်၍(completed)