7 zaw gyi

117 2 0
                                    

တော်ပြီကွာ…မင်းလုပ်တာနဲ့ ငါ့အာရုံတောင် ဘယ်ရောက်သွားလဲမသိတော့။ဒီစာအုပ်ကို မနက်ဖြန်ပြန်ပေးရမှာ။ငါဖတ်လိုက်အုံးမယ်”

မင်းသူမှာ အားရပါးရ ရယ်ပြီးထသွားလိုက်သည်။ရှိုင်းခန့်သည် စာသာဆက်ဖတ်သည်။တိုက်ဆိုင်မှုများ ရှိခဲ့လျင် သူအတိတ်ကို ပြန်လည်မြင်ယောင်လေသည်။မီးပုံပွဲ ပြီးတဲအချိန်…

မင်းတုန်းမင်ခေတ် (ရှမ်းပြည်နယ်)

မနေ့ညက မီးပုံပွဲမှာ အလွန်စည်ကားလှသည်။လူများ ကြိတ်ကြိတ်တိုး။သို့သော် နန်းစောတစ်ယောက် မျက်နှာမကောင်းပါ။စိုင်းမောဝ့်မှာ မီးပုံပွဲတစ်ဝက်လောက်တွင် အိမ်ပုံတက်သွား၍ ပြန်မဆင်းလာတော့။သီဟမင်းထင်မှာလည်း သူ့အနားမရှိ။စော်ဘွားကြီးသည် အခြေအနေကို ရိပ်မိသည်။သို့သော် နေမကောင်းသည်ဟု မှတ်ပေးလိုက်ကာ ဒီအတိုင်းနေလိုက်သည်။

“ဒေါက်..ဒေါက်..ဒေါက်..”

သီဟမင်းထင်မှာ ဝမ်းသာအရ တံခါးကို ပြေးဖွင့်လိုက်သည်။စိုင်းမောဝ့်မဟုတ်။နန်းစောသာ ဖြစ်သည်။နန်းစော မျက်နှာမှာ သိပ်မကြည်လင်။

“ဖခမည်းတော်က မနက်စာသုံးဆောင်ရန် အောက်သို့ကြွမြန်းတော်မူပါစ”

“ဪ…ကောင်းလေစွ နှမတော်နန်းစာ။ကျွန်ုပ် မကြာခင် ဆင်းလာပါ့မယ်”

နန်းစောရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။နန်းစောကို စတွေ့သည်မှ သီဟမင်းထင်သည် အကိုတော်ဟု နာမ်စားသုံးလေ့ရှိသည်။ယခုမူ နန်းစောကို ကျွန်ုပ်ဟု နာမ်စားခဲ့သည်။စိုင်းမောဝ့်ကြတော့ အကိုတဲ့..

“ကောင်းပါပြီမင်းသား”.

သီဟမင်းထင်လည်း အခြေအနေကို မရိပ်မိမှန်းမနေ။သို့သော် သီဟမင်းထင် အဖြေရှာ၍ မရ။အစက ခေါင်းပေါင်းကို ဆံထုံးမဖြည်ပဲ ချွတ်ထားသည်။နောက် ခေါင်းပေါင်းကို သီဟမင်းထင်ဦးခေါင်း၌ ပြန်လည် ဆင်မြန်းလိုက်သည်။အချိန်မဆိုင်းပဲ အိမ်အောက်သို့ ခပ်ဆတ်ဆတ်လေး ဆင်းသွားလိုက်သည်။ထမင်းစားဝိုင်းတွေ ပထမဆုံး မျက်စိစကျမိသည်မှာ စိုင်းမောဝ့်ပင်။ဘေးနားတွင် စော်ဘွားနှင့်နန်းစောတို့ ရှိလေသည်။ကျန်သည့်သူများ မရှိ။ဘေးနားတွင် ခစားနေသော အခြွေအရံများသာ ရှိ၏။

 သက်သေတည်၍(completed)Where stories live. Discover now