အခန်း (6) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

3.9K 813 5
                                    


ရှို့ရီထယ့် နှာခေါင်းကိုတစ်ချက်ပွတ်လိုက်ရင်း အရမ်းအံ့အားသင့်သွားခဲ့တယ်။

" ဒါ Omega Pheromone မလား?"

ကံကြမ္မာစုံတွဲ နှစ်ယောက်ဖြစ်တဲ့ ရှို့ရီထယ့် နဲ့ ကားလို့စ် ကြားမှာရှိတဲ့ ဆက်နွယ်မှု က အရမ်းမြင့်မားပါတယ်။ဒါကြောင့် ကားလို့စ် ရဲ့ Pheromone က ရှို့ရီထယ့် အပေါ်မှာ နှစ်ဆ သက်ရောက်မှုရှိပါတယ်။ရှို့ရီထယ့် မှာ ပြင်းထန်တဲ့ Pheromone ခုခံနိုင်စွမ်းရှိနေတာတောင် သက်ရောက်မှုက ပြင်းထန်နေဆဲပါ။

လုဟန် က ကားလို့စ် ရဲ့ Pheromone ရနံ့ကိုမရပေမယ့် ရှို့ရီထယ့် ရဲ့ ရီဝေဝေအကြည့် တွေကိုမြင်လိုက်တာနဲ့ သဘောပေါက်သွားခဲ့တယ်။ချက်ချင်း ကားလို့စ် ရဲ့ ဘေးကို သွားလိုက်တယ်။ Omega ဆိုတဲ့ ဖြစ်တည်မှုကို ဖုံးကွယ်ထားတဲ့ ကားလို့စ် အနေနဲ့ သေချာပေါက်ကို တားမြစ်ဆေးကို တစ်ပါတည်းသယ်ဆောင်လာမှာပါ။

သေချာတာပေါ့.... ကားလို့စ်ရဲ့ဝတ်စုံအတွင်းမှာသိမ်းဆည်းထားတဲ့ တားမြစ်ဆေးကို ရှာတွေ့ခဲ့တယ်။ တားမြစ်ဆေး အစွမ်းပြလာတဲ့အခါ ကားလို့စ် ရဲ့ အသက်ရှုနှုန်း ပုံမှန်ပြန်ဖြစ်သွားပြီး အခြေနေတည်ငြိမ်လာတယ်။
ရှို့ရီထယ့် ကတော့ လက်ရှိအခြေနေကို ထိန်းချုပ်ဖို့ ကြိုးစားနေရပါတယ်။

"ကားလို့စ် က Omega တစ်ယောက်လား?"

ရှို့ရီထယ့် ရုတ်တရက် စိတ်ရှုပ်ထွေးသွားခဲ့တယ်။တစ်ခါတစ်ရံ သူ ကားလို့စ် ကို Omega တစ်ယောက်လို လှပတယ်လို့ စနောက်ခဲ့ဖူးပါတယ်။ ဒါက မထင်မှတ်ပဲ အဓိက အချက်ကို ထိမှန်စေတဲ့ စကားလုံးတွေဖြစ်နေခဲ့တယ်။

" ဟုတ်မယ့်ပုံပဲ၊ ဒီပြသာနာက ပေါ့သေးသေးမဟုတ်ဘူး၊ ငါတို့ အထက်ကို report တင်ရလိမ့်မယ်"

"မလုပ်ပါနဲ့ "

ကားလို့စ် ရုတ်တရက် နိုးထလာခဲ့တယ်။

" Report မတင်ပါနဲ့၊ ရှို့ရီထယ့် ကျွန်တော် ရှင်းပြတာကိုနားထောင်ပေးပါ"

ကားလို့စ် ရဲ့ ဇာတ်ကြောင်းကိုနားထောင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းလှပါတယ်။
ကားလို့စ် ရဲ့ အမေ ကိုယ်ဝန်စရှိတဲ့ အချိန်မှာ  ကားလို့စ် ရဲ့ အဖေက စစ်ပွဲ ကိုထွက်ခွာသွားနှင့်ပါပြီ။ကားလို့စ် က သူ့ရဲ့ အဖေကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ကားလို့စ် ဆယ်နှစ်သားအရွယ်မှာ အဖေဖြစ်သူက စစ်ပွဲ အတွင်းမှာ ဆုံးပါးသွားခဲ့တယ်။ဒါ့ကြောင့် အဖေ ဖြစ်သူရဲ့ အမွေကို ဆက်ခံပြီး အဖေ့ရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးဖို့ အတွက် စစ်သားကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တယ်။ ဒါ့ကြောင့် Omega ဆိုတာ ကိုဖုံးကွယ်ပြီး တပ်ထဲ ဝင်ရောက်ခဲ့တယ်။

How to die as heavy as mount TaiWhere stories live. Discover now