အခန်း(5)တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

4K 781 19
                                    

"ဘယ်သူလဲ?"

အက်ရှရှအသံတစ်ခုက တံခါးနောက်ကွယ်ကနေပေါ်ထွက်လာတယ်။ထိုအသံ က အီလက်ထရွန်နည်းပညာနဲ့ပြုပြင်ထားတဲ့အသံဖြစ်မှန်းအရန်းသိသာလွန်းတယ်။

"Hello. .. ကျွန်တော်က ဝန်ထမ်းအမှတ်စဉ် 116ပါလေလံပွဲမစတင်ခင်မှာ နောက်ဆုံးအနေနဲ့ လေလံပစ္စည်းကို စစ်ဆေးဖို့လာခဲ့တာပါ"

ခဏအကြာမှာတော့ နှာယောင်ကောက်ကောက်နဲ့ သက်လတ်ပိုင်းလူတစ်ဉီး က တံခါးကိုဖွင့်ပေးလိုက်ပြီး လုဟန် ရဲ့ဘေးမှာ အခြားသူတစ်ဉီး ရှိမရှိကိုစစ်ဆေးပြီးမှ အခန်းထဲသို့ဝင်ခွင့်ပြုလိုက်တယ်။

"ငါ ဒီကိုရောက်တုန်းကတည်းက စစ်ဆေးပြီးသားမဟုတ်လား? ဘာလို့နောက်တစ်ခေါက်ထပ်စစ်မှာလဲ?"

"လူကြီးမင်းခင်ဗျ... လုံခြုံရေးအရသေချာအောင်ထပ်စစ်ဆေးရတာပါ၊ ကျေးဇူးပြုပြီး ပူးပေါင်းပါဝင်ပေးပါ"

လုဟန် တံခါးကိုပိတ်လိုက်ပြီးတာနဲ့ အာဒန် ရဲ့ဂုပ်ပိုးကို ရိုက်ချလိုက်တယ်။

အချိန်အများစုကို ဝရမ်းပြေးအဖြစ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အာဒန် ရဲ့ သတိရှိမှုဟာအလကားတော့မဟုတ်ခဲ့ပါဘူး။မခုခံနိုင်ခဲ့ပေမယ့် အလျင်အမြန်မြေပေါ်
လှိမ့်ပြီး ရှောင်တိမ်းလိုက်တယ်။

သို့ပေမယ့်လဲ လုဟန် ရဲ့လှုပ်ရှားမှုက ပိုမိုမြန်ဆန်ခဲ့ပါတယ်။ ခြေထောက်ကိုဆန့်တန်းပြီး အဆက်မပြတ် အာဒန် ရဲ့ ကျောကိုကန်လိုက်တယ်။အာဒန့် ကို အခန်းထဲမှာ အမှောက်သိပ်ပြီးတဲ့နောက်မှာ ဆက်သွယ်ရေးခလုတ်ကိုနှိပ်လိုက်ပြီး

"Mission အောင်မြင်တယ်။ ဆုတ်ခွာဖို့အတွက် တည်နေရာ ပို့ပေးပါ"

ရှို့ရီထယ့် ရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လုဟန်  လေလံခန်းမ ထဲကနေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။အဲ့နောက် နှစ်ဉီးသား  လေလံခန်းမရဲ့ ကြေးစား အစောင့်တပ်ကိုချန်ရစ်ခဲ့ပြီး Starport ရှိရာခဲ့ ထွက်ခွာခဲ့​ကြတယ်။

"နာနာလေး.....မင်းရဲ့လှုပ်ရှားမှုက အရမ်းမြန်တာပဲ၊ ငါကသွေးပူတုန်းပဲရှိသေးတာ၊ အနီရောင် Mech ကိုမောင်းတဲ့ ကြေးစား က အရမ်းတော်တာကွ၊တစ်ကွက် နှစ်ကွက်ပဲ ဖလှယ်ရသေးတယ်။ပျော်တောင်မပျော်ရသေးဘူးကွာ"

How to die as heavy as mount TaiDonde viven las historias. Descúbrelo ahora