ကျန်းစစ်လော့ ခြံဝင်းထဲကို ပြန်လာတဲ့အချိန်မှာ ရင်းနှီးနေတဲ့ အသံတစ်ခုကိုကြားလိုက်ရတာကြောင့် ခြေလှမ်းတွေကို အရှိန်တင်လိုက်တယ်။
ဒါဟာတကယ်ပဲ ချင်းယီ ပါ.....
ခြံဝင်းရဲ့အလယ်နားလောက်မှာ မတ်တပ်ရပ်နေတဲ့
ချင်းယီ ကို ကျန်းစစ်လော့ မြင်နေရတယ်။ဒီလူရဲ့ဘသက်မွေးဝမ်းကျောင်းအလုပ်အကိုင်က ဒီလူကို ဖြောင့်မတ်မှန်ကန်တဲ့သူတစ်ယောက်ဖြစ်နေစေတယ်။ဆံပင်ကိုတိုတိုညှပ်ထားတယ်...အသားရေတွေကလဲ နေလောင်ထားလို့ ညစ်နွမ်းနေတယ်....မျက်နှာကျလိုင်းတွေကလဲ အနည်းငယ်ကြမ်တမ်းနေတယ်။ချင်းယီက မူဖေးလောက် ကြည့်မကောင်းတဲ့အပြင် အကျင့်စရိုက်ကလဲ အနည်းငယ်ကြမ်းတမ်းနေပြန်တယ်။စကားပြောလိုက်တိုင်း တဖက်သားခံစားချက်ကို ထည့်မစဉ်းစားဘဲ တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။သို့သော်ယခုအချိန်မှာ ဒီလိုကျယ်ပြန့်တဲ့ပုခုံးနဲ့နောက်ကျောပြင်တို့က ကျန်းစစ်လော့ ကိုငြိမ်းချမ်းမှုနဲ့ယုံကြည်စိတ်ချရမှုတို့ကို ခံစားရစေတယ်။
ချင်းယီကြည့်နေတဲ့ အရွက်တွေအုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးကို ကျန်းစစ်လော့ လိုက်ကြည့်လိုက်တယ်။
ချင်းယီ တစ်ခုခုပြောနေပုံရပြီးအိမ်ထဲကို ဝင်သွားပြန်တယ်။// သူဘာကိုကြည့်နေတာလဲ? သစ်ပင်ပေါ်မှာ ကြောင်ရှိနေလို့လား??//
ချင်းယီက ငယ်ငယ်ကလေးထဲက ကြောင်အရမ်းတးချစ်တတ်တယ်။အိမ်မှာတောင် တစ်ကောင်မွေးထားခဲ့ဖူးသေးတယ်။ကြောင်ဆိုရင် ဘယ်နေရာမှာတွေ့၊တွေ့ ကိုင်တွယ်ပွတ်သပ်လိုက်ရမှကျေနပ်တဲ့လူစားမျိုးဖြစ်တယ်။ဒီလိုကမ္ဘာပျက်နေချိန်မှာ တိရိစ္ဆာန်တွေအကုန် သန္ဓေပြောင်းကုန်ကျပြီလေ..ဘယ်လိုလုပ် ကြောင်တစ်ကောင်ပေါ်လာရတာလဲ?....
ချင်းယီ ရဲ့ပုံရိပ် တံခါးနောက်ကို ဝင်ရောက်ပျောက်ကွယ်သွားတာကို မြင်ချိန်မှာ ကျန်းစစ်လော့ မြန်မြန်အမှီလိုက်သွားချင်တာကြောင့် ဒီအကြောင်းကိုစဉ်းစားနေချိန်မရှိတော့ပေ။
သစ်ကိုင်းပေါ်မှာထိုင်နေတဲ့ လုဟန်ကတော့ ကျန်းစစ်လော့ ရဲ့ကျောပြင်ကို ကြည့်ရင်း အတွေးနက်နေခဲ့တယ်။ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးစွမ်းအင်နဲ့ပတ်သတ်တဲ့သဲလွန်စတွေရှိနေတယ်။ဒီသဲလွန်စက အလွန်ဖျော့တော့နေပေမယ့် အတွင်းစိတ်နတ်ဆိုးဆီကနေဆိုတာသေချာတယ်။ဒါအကြောင်းကိုတွေးလိုက်တိုင်း လုဟန် စိတ်တွေလေးလံလာတယ်။
ŞİMDİ OKUDUĞUN
How to die as heavy as mount Tai
Maceraဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ