အခန်း (56.2)

2.8K 409 26
                                        

အမှောင်ယံညနက်ချိန်မှာ...လုဟန်နိုးလာခဲ့တယ်။ယွင်လန်ရဲ့ သေဆုံးချိန်ရောက်ဖို့ နီးကပ်နေခဲ့ပြီ....ခန္ဓာကိုယ် ကို တစ်ဝက်လောက်မြှင့်လိုက်တဲ့အခါ လျောကျသွားတဲ့စောင်ပါးလေးကို လှမ်းဆွဲဖို့ ကြိုးစားမနေတော့ဘဲ သူ့ဘေးနားမှာ အိပ်မောကျနေတဲ့သူကို ကြည့်နေလိုက်တယ်။စိတ်ငြိမ်အေးချမ်းစေတဲ့ အဆောင်စာရွက်တစ်ခုကို ချင်းယီရဲ့နဖူးပေါ်ဖိကပ်ပေးလိုက်တယ်။

ထိုအဆောင်စာရွက်စီကနေ အလင်းတစ်ချို့ထွက်ပေါ်လာပြီး ချင်းယီရဲ့နဖူးထဲကို စိမ့်ဝင်သွားခဲ့တယ်။အသက်ရှူသံတွေလေးလံလာတယ်.....ပြီးတာနဲ့ ယွင်လန်ရဲ့နဂိုမူရင်းဝတ်စုံကို ဝတ်ဆင်လိုက်တယ်။မဝတ်တာကြာနေပြီဖြစ်တဲ့အတွက် နည်းနည်းတော့နေရခက်တယ်......

တိချန်ဓားကို ကျောမှာလွယ်ပြီး မူလအစ နေရပ်ဌာနီကို ပြန်သွားပါတော့မယ်.....သူ့လက်ထဲမှာ ကျောက်စိမ်းပြားလေးတစ်ခုရှိနေတာကလွဲရင် ဒီအခြေစိုက်စခန်းကို ရောက်လာတုန်းကအတိုင်းတစ်ထပ်တည်းတူညီနေတယ်။

ကျင့်ကြံမှုအဆင့်မြင့်လာပြီဖြစ်တဲ့အတွက် ရောင်နီပျိုးစအချိန်မှာ ကောင်းကင်ဆရာသခင်ဂိုဏ်းတည်ရှိရာ တောင်​ခြေက်ို ရောက်နေခဲ့ပြီဖြစ်တယ်။ဒါကလဲ လုဟန်နဲ့အတူ ဂိုဏ်းကိုလိုက်ခဲ့တုန်းက ချင်းယီသေချာရေးဆွဲပေးခဲ့တဲ့ မြေပုံကိုပဲကျေးဇူးတင်ရပါလိမ့်မယ်.....

မသိစိတ်ရဲ့လှုံ့ဆော်မှုကြောင့် လက်ထဲက မြေပုံစာရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်မိတယ်။တောင်ပေါ်တက်ဖို့ပြင်လိုက်ချိန်မှာ နှလုံးသားထဲကနေ စူးအောင့်လာပြီး ထိန်းချုပ်မရတဲ့ အမှတ်တရတွေ စိတ်ထဲမှာ အစီအရီပေါ်ထွက်လာတယ်။

ဒါတွေဟာ...ပြန်တွေးလိုက်တိုင်း လုဟန်ရဲ့စိတ်အစဉ်ကိုလေးလံစေခဲ့တဲ့ မှတ်ဉာဏ်တွေဖြစ်တယ်....အရင်ကမ္ဘာမှာတုန်းက သူ့ရဲ့သေဆုံးမှုကြောင့် စစ်ခုန်းတစ်ယောက် နတ်ဆိုးအဖြစ်ကူးပြောင်းသွားခဲ့တယ်....

အဖြူရောင်သက်န်းကိုဆင်မြန်းထားပြီး လရောင်ခြည်လိုအေးမြနူးညံ့တဲ့ စစ်ခုန်းရဲ့အသွင်သဏ္ဍာန်ကို လုဟန်ရဲ့စိတ်နှလုံးသားထဲမှာ ထွင်းထုသိမ်းဆည်းထားပါတယ်။ဒါပေမယ့် ဒီလို အေးချမ်းတဲ့ချစ်ရသူက လုဟန် သေဆုံးတာကိုမြင်လိုက်ကတည်းက နတ်ဆိုးအဖြစ်ကူးပြောင်းသွားခဲ့လေတယ်.....

How to die as heavy as mount TaiWhere stories live. Discover now