အခန်း(32)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

2.8K 536 49
                                    

လရောင်ခြည်တွေမှေးမှိန်သွားခဲဲ့ပြီး နေရောင်ခြည်တွေဖြာကျလာလေပြီ......

လုဟန် နိုးလာချိန်မှာ တစ်စုံတစ်ခုက သူ့ရဲ့အမြင်အာရုံကိုကွယ်ထားနေသလိုခံစားရတယ်။မျက်လုံးတွေကိုအနည်းငယ်ပွတ်သပ်လိုက်မှသာလျှင်မြင်ကွင်းတွေအနည်းငယ်ရှင်းလင်းလာခဲ့တယ်။သူ့မျက်လုံးတွေကို နွေးထွေးတဲ့လက်ဖဝါးပြင်တစ်ခုက ကာထားပေးနေတာဖြစ်တယ်။သူနိုးလာတာကိုမြင်တဲ့အခါ ထိုလက်ဖဝါးပြင်က သူ့မျက်လုံးတွေဆီကနေ ဉီးခေါင်းတွေဆီကိုရွေ့လျားသွားခဲ့တယ်။လုဟန် ရဲ့မျက်ဝန်းတွေထဲမှာ မြင်နေရတာကတော့ စစ်ခုန်း ရဲ့မေးစေ့ဖြစ်တယ်။

လုဟန် သတိထားမိတဲ့တစ်ခုတည်းသောအရာကသူ၊ စစ်ခုန်း ရဲ့ပေါင်ကိုခေါင်းဉီးပြီးအိပ်နေခဲ့တာဖြစ်တယ်။စစ်ခုန်း ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဝတ်ရုံတစ်ထည်တည်းကိုဝတ်ထားတာကြောင့် သူ့ရဲ့သန်မာတဲ့ရင်အုပ်နဲ့ဝမ်းဗိုက်ကြွက်သားတွေကို အတိုင်းသားမြင်နေရတယ်။သူ့ရဲ့ပုခုံးပေါ်မှာတော့ လက်သည်းနဲ့ကုပ်ခြစ်ထားတဲ့ခြစ်ရာအများအပြားကိုတွေ့လိုက်ရတယ်။

ဒီလက်သည်းရာတွေက လုဟန် ရဲ့လက်ရာမြောက်လှတဲ့ဂန္ဓဝင်လက်ရာတွေပဲဖြစ်တယ်။လုဟန် အိပ်နေရာကနေ ထလိုက်ပြီး အလန့်တကြားဆိုလိုက်တယ်။

"မင်း!!ဘာလို့ ဝတ်ရုံမဝတ်ထားတာလဲ?"

ဒီမေးခွန်းကိုမေးလိုက်ပြီးတော့မှပဲ လုဟန်တစ်ယောက်သူ့ကိုယ်သူတစ်ကယ်ရူးနေမှန်းသိရတော့တယ်။စစ်ခုန်းရဲ့အတွင်းဝတ်ရုံတွေကို လုဟန် ကိုယ်တိုင် ချွတ်ချပေးခဲ့တာလေ။

"မင်းနေရတာ သက်သာရဲ့လား?"

စစ်ခုန်း ကစိပ်ပုတီးကို လက်ထဲကချလိုက်ပြီး လုဟန် ရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေကိုလက်ချောင်းလေးတွေနဲ့ရှင်းပေးလိုက်တယ်။

"အင်း"လို့ပဲလုဟန် ပြန်ဖြေလိုက်တယ်။လုဟန် သူ့ကိုယ်သူသနားလာသလိုခံစားရတယ်။ညတုန်းကတော့ဒီလိုကိစ္စတွေကိုလုပ်ဆောင်ဖို့ရဲဝံ့စွာနဲ့ဖွင့်ဝန်ခံခဲ့ပေမယ့် လက်ရှိမှာတော့သူတော်တော်ရှက်နေတယ်လေ။

"မင်း၊ သီလကျိုးသွားပြီပေါ့"

ဒါကိုကြားတဲ့အခါ စစ်ခုန်း မထင်မှတ်ဘဲပြုံးလိုက်မိတယ်။ဒါက စစ်ခုန်း ရဲ့အပြုံးကို လုဟန် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်တယ်။ဒီအပြုံးကနတ်ဘုရားရဲ့ရှေ့မှောက်မှာ ပွင့်ဖူးနေတဲ့ကြာပန်းလေးလို လှပပြီး၊လေပြည်ညှင်းလေးသဖွယ်အေးမြနေတယ်။လုဟန် မိုက်မိုက်မဲမဲ ငေးကြည့်နေခဲ့မိတယ်။

How to die as heavy as mount TaiOpowieści tętniące życiem. Odkryj je teraz