အခန်း(45.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်

2.8K 517 12
                                    

"မင်းရဲ့လမ်းမှာပိတ်နေတဲ့သူတွေကိုရှင်းမထုတ်ချင်ဘူးလား ကျန်းစစ်လော့ "

ကျန်းစစ်လော့ ရုတ်တရက်ကြီး မတ်တပ်ထရပ်လိုက်တယ်။သူ့လက်ထဲကပြုတ်ကျသွားတဲ့ ခေါက်ဆွဲပန်းကန်ကြောင့် အသံတွေဆူညံကုန်တယ်။တခြားလူတွေသူ့ကို ပဟေဋ္ဌိဆန်တဲ့အကြည့်နဲ့ ကြည့်နေတဲ့အတွက် ဒီအသံကိုသူတစ်ယောက်တည်းကြားနေရတယ်ဆိုတာပိုပြီးသေချာသွားပြီ။

ဒီအသံကို အရင်ကလည်းကြားခဲ့ဖူးတယ်။ဒါပေမယ့် အဲ့တုန်းက လမ်းညွှန်စနစ်တစ်ခုလို သူ့ကိုလမ်းညွှန်ချက်တွေပေးနေခဲ့တာလေ။ဒီအသံကြောင့်သာ ကျောက်စိမ်းဆွဲပြားရဲ့ထူးခြားမှုတွေကိုရှာတွေ့ခဲ့ပြီး အရေးကြီးတဲ့အရာတွေကို ရယူပိုင်နိူင်ခဲ့ခြင်းဖြစ်တယ်။

ကျန်းစစ်လော့ ခေါက်ဆွဲပန်းကန်ကိုကောက်လိုက်ပြီး ရေသွားဆေးချင်ယောင်ဆောင်ဖို့ စပါးကျီထောင့်နားကိုသွားလိုက်တယ်။

မင်းကိုတားဆီးနေတဲ့သူတွေကို ရှင်းထုတ်ပစ်ချင်လား?"

အသံထပ်ကြားရပြန်ပြီ။

ဖန်ရုံရှီး ၊မူဖေး၊ချင်းယီတို့ရဲ့မျက်နှာတွေနဲ့အတူ
ကြောက်မက်ဖွယ်ရာအိမ်မက်ဆိုးနဲ့တူတဲ့ အတိတ်ကဖြစ်ရပ်တွေလဲ ကျန်းစစ်လော့ရဲ့ဉီးနှောက်ထဲမှာ အစဉ်လိုက်ပေါ်လာခဲ့တယ်။​နောက်ဆုံးမှာကျန်းစစ်လော့ရဲ့အကြည့်တွေက ခေါက်ဆွဲထိုင်စားနေတဲ့ လုဟန်ဆီမှာအဆုံးသတ်သွားတယ်။ကျန်းစစ်လော့ ခေါင်းခါပြီး ရင်ထဲကနေလှိုက်တက်လာတဲ့ ဆိုးယုတ်တဲ့အတွေးတွေကိုရှင်းထုတ်လိုက်တယ်။

"ဟင့်အင်း၊ သူ ငါ့အပေါ်မှာအကြွေးတင်မနေဘူး။သူကရိုးသားပြီးအပြစ်ကင်းပါတယ်"

"အဲ့တော့ မင်းကဘာကိုလိုချင်နေတာလဲ?"

ဆန်းကြယ်လှတဲ့ ထိုအသံထဲမှာဖြားယောင်းသွေးဆောင်မှုတွေ ယိုဖိတ်နေတယ်။

"စွမ်းအား"

ထိုအသံဆီကနေတုံ့ပြန်မှုမရတော့ဘူး။ကျန်းစစ်လော့အတော်လေး စိတ်ပျက်သွားတယ်။ငါ့ကိုလာနောက်နေတာလား?

....... ...... ......... ..........

"ကျန်းစစ်လော့ ဒီကိုလာဉီး"

How to die as heavy as mount TaiDonde viven las historias. Descúbrelo ahora