လူသစ်တစ်ယောက်ရောက်လာတဲ့အတွက်
ဝိဉာဉ်သန့်စင်ရေးရာဌာနရဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက် ကျေနပ်နေပါတယ်။ ဝန်ထမ်းသစ်လေးက အချိန်တိုတိုနဲ့ အကျိုးရှိအောင်ဆောင်ရွက်နိုင်ခဲ့တယ်။
သို့ပေမယ့် အဖွဲ့ခေါင်းဆောင် လူကြီးမင်းက ဖြစ်စဉ်အသေးစိတ်ကိုကြည့်ဖို့အချိန်မရှိတာကြောင့် အကြမ်းဖျင်း ရလဒ်ကိုပဲကြည့်ပြီးဆုံးဖြတ်ချက်ချခဲ့ပါတယ်။Missionပြီးမြောက်သွားတဲ့ ကမ္ဘာရဲ့
အခြေနေက တည်ငြိမ်နေတယ်။အလုပ်အပ်တဲ့သူရဲ့ ဝိဉာဉ်ကလဲ 100%သန့်စင်သွားပြီ။သာမာန်အဆင့် မုန့်ပေါင်စွပ်ပြုတ်တစ်ခွက်ကိုလဲ ပြန်လည်ဝင်စားခြင်းဌာနကို ပို့ပြီးခဲ့ပြီ။မနေ့တုန်းက ကျင်းပတဲ့ ပုံမှန်အစည်းအဝေးမှာတုန်းက မုန့်ပေါင် ဌာနခေါင်းဆောင် ကအတော်လေးပျော်နေခဲ့တာကြောင့် သူမရဲ့ မျက်နှာတစ်ခုလုံး ဝင်းပနေခဲ့ပါတယ်။သူမ ထင်ထားခဲ့တာက ဒီဝိဉာဉ် (ရိုင်နာ ရဲ့ ဝိဉာဉ်)ပြန်လည်ဝင်စားရေးစက်ဝန်းထဲကိို ဝင်ဖို့အတွက် အဆင့်မြင့် မုန့်ပေါင် စွပ်ပြုတ်လိုအပ်မယ်လို့တွေးထားခဲ့တာပါ။တစ်ခုသိထားရမှာက အစွဲအလန်းကြီးတဲ့ ဝိဉာဉ်တွေအတွက် သုံးရတဲ့ အဆင့်မြင့် မုန့်ပေါင် စွပ်ပြုတ်မှာ ပါဝင်တဲ့ ပစ္စည်းတွေက ရှားပါးပစ္စည်းတွေဖြစ်ပါတယ်။ အနည်းငယ်သောစွပ်ပြုတ်လေးအတွက်တောင် သူမရဲ့ နှလုံးသားတွေနာကျင်ရပါတယ်။ဒါကြောင့် ဝိဉာဉ်သန့်စင်ရေးရာဌာနအတွက် တိုးတက်မှု ရလဒ်ကို သူမ က S အဆင့် ပေးခဲ့တာပါ။
မုန့်ပေါင်ဌာနရဲ့ S အဆင့်သတ်မှတ်ချက်ကို မရတာ နှစ်တစ်ရာလောက်ရှိနေခဲ့ပါပြီ။[TN:မုန့်ပေါင်= တရုတ်ပုံပြင်တွေထဲက ဘဝအသစ်ပြန်လည်ဝင်စားမယ့်သူတိုင်းကို အတိတ်မေ့စွပ်ပြုတ်တိုက်တဲ့ အဖွားအိုမုန့်ပေါင်]
ဒါကြောင့် ဒီနှစ်ရဲ့ ဌာနဆိုင်ရာအဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း ၃ နေရာဝင်လောက်တယ်လို့တွေးပြီး ဝိဉာဉ်သန့်စင်ရေးရာအဖွဲ့ခေါင်းဆောင်တစ်ယောက် ပျော်ရွှင်စွာ လက်ဖက်ရည်ကြမ်းသောက်နေခဲ့ပါတယ်။ သို့ပေမယ့် No.666 ရဲ့ လက်ထောက် နောက်ဆုံးပေးပို့ထားတဲ့ Report ကို မြင်တဲ့အခါ သူ လက်ဖက်ရည်သီးသွားခဲ့ပါတော့တယ်။
![](https://img.wattpad.com/cover/274826046-288-k521708.jpg)
KAMU SEDANG MEMBACA
How to die as heavy as mount Tai
Pertualanganဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ