လူအင်အားတစ်ရာနီးပါးလောက်ရှိတဲ့ ဖန်ရင်းဘုရားကျောင်းက ကိုယ်တော်တွေက ကြာပန်းသဏ္ဍာန်မှော်ရတနာတစ်ခုကိုစီးနင်းလာကျတာဖြစ်တယ်။ထိုကိုယ်တော်တွေကိုဉီးဆောင်လာတဲ့ကိုယ်တော်ကတော့နီရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး မဟာဂရုဏာတော်ကြီးမားတဲ့အသွင်ရှိပါတယ်။ထိုကိုယ်တော်ရဲ့ကျင့်ကြံမှုအဆင့်က မနှိုင်းဆရဲလောက်အောင်နက်နဲတဲ့အဆင့်မှာရှိနေပုံရပါတယ်။ထိုကိုယ်တော်ကတော့ တခြားသူမဟုတ်ပါဘူး၊စစ်ခုန်း ရဲ့ဆရာသခင်ဖြစ်တဲ့ ဖန်ရင်း ဘုရားကျောင်းရဲ့ကျောင်းထိုင်ကိုယ်တော် ယွမ်ကျစ် ပဲဖြစ်ပါတယ်။
စစ်ခုန်း ကရှေ့ကိုထွက်လာပြီးတရိုတသေနဲ့ဂါရဝပြုလိုက်တယ်။
"ဒီတပည့်က ဆရာ့ကိုဂါရဝပြုပါတယ်"
ယွမ်ကျစ် ကတော့မျက်လုံးတွေကိုမှိတ်ထားပြီးဗုဒ္ဓကျမ်းစာတွေကိုရွတ်ဆိုနေဆဲပါ။သူ့နောက်မှာရှိတဲ့ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မျက်နှာမည်းကိုယ်တော်ကသာ စစ်ခုန်း ကိုအော်လိုက်တာပါ။
"စစ်ခုန်း !!!နတ်ဆိုးတွေနဲ့ပူးပေါင်းတယ်၊လူသားတွေကိုထိခိုက်နာကျင်အောင်လုပ်တယ်။မင်းဘာအမှားတွေလုပ်မိလဲသိလား?"
ဘုရားကျောင်းရဲ့ပထမအဆင့် မျက်နှာမည်းကိုယ်တော်က နတ်ဆိုးမျိုးနွယ်တွေကိုဘယ်တော့မှ အကောင်းမမြင်ခဲ့ပါဘူး။ဒါ့ကြောင့် သူက စကားလုံးတွေကိုဖြုန်းတီးမနေပဲဒဲ့တိုးဆန်ဆန်မေးလိုက်တာပါ။
"ဆရာတော်၊ဒီတပည့်က ပြသာနာတွေရဲ့အသေးစိတ်အကြောင်းအရာတွေကိုရှင်းပြပါရစေ"
နောက်ဆုံးမှာတော့ ယွမ်ကျစ် ကပါးစပ်ကိုဖွင့်လိုက်တယ်
"စစ်ခုန်း ၊ ဂိုဏ်းကဆုံးဖြတ်ပြီးသွားပြီ။ သင့်ရဲ့ဂိုဏ်းဆရာတွေကိုနတ်ဆိုးဖမ်းဖို့ကူညီပေးမယ်ဆိုရင် သင့်ရဲ့အမှားတွေအားလုံးကိုအတိတ်မှာချန်ရစ်ခဲ့ပေးမယ်"
စစ်ခုန်း ကနှုတ်ဆိတ်နေလိုက်ပြီး သု့အနောက်မှာရှိတဲ့လုဟန် ကို ကာကွယ်ဖို့လက်လှမ်းလိုက်တယ်။
"ခေါင်းမာတဲ့သူ"
မျက်နှာမည်းကိုယ်တော်ရဲ့မျက်နှာကဒေါသကြောင့်အရောင်ပြောင်းမတတ်ဖြစ်နေပါပြီ။သူက အော်ဟစ်လိုက်ပြန်တယ်။
"အတူတူရှိနေကျမှတော့!ဒီဆိုးသွမ်းတဲ့နတ်ဆိုးကိုသင်နဲ့အတူဖမ်းဆီးရလိမ့်မယ်"
လုဟန် သူ့ရဲ့ကြာပွတ်ကိုဆွဲထုတ်လိုက်ပြီး စစ်ခုန်း ရဲ့ဘေးမှာရပ်ဖို့ရှေ့ကိုတိုးလိုက်တယ်။ ဒါကိုသူကမဆိုင်းမတွဘဲလုပ်ဆောင်ခဲ့တာဖြစ်တယ်။ နောက်ဆုံးတော့သူတို့( စစ်ခုန်း နဲ့မျက်နှာမည်းကိုယ်တော်)ဟာတူညီတဲ့ဂိုဏ်းသားတွေဖြစ်ကျတယ်။
"ဒီကြာပန်းမှော်ရတနာကဂိုဏ်းရဲ့စွမ်းအားအကြီးဆုံး၀င်္ကပါ။ လက်တစ်ချက်တောင်လှုပ်မစရာလိုလောက်အောင်လုံခြုံစိတ်ချရတဲ့၀င်္ကပါအမျိုးအစား"
စစ်ခုန်း ကလုဟန် ရဲ့အတွေးတွေကိုသိနေခဲ့သလိုမျိုးပုံစံနဲ့ရှင်းပြနေတယ်။ချက်ချင်းဆိုသလိုပဲသူရဲ့လက်မှာရစ်ပတ်ထားတဲ့စိပ်ပုတီးတွေက တောက်ပလာခဲ့တယ်။
ကြီးမားတဲ့ကြာပန်းမှော်ရတနာပေါ်မှာကိုယ်တော်၁၀၈ ပါးရှိနေပါတယ်။လူဦးရေကအရမ်းများနေပေမယ့်မျက်စိတစ်မှိတ်အတွင်းမှာပဲသူတို့က၀င်္ကပါကိုပုံဖော်နိူင်နေပြီ။
လုဟန် ဒီကမ္ဘာကိုရောက်လာကတည်းကကျင့်ကြံသူတွေနဲ့တိုက်ခိုက်ဖူးတဲ့အတွေ့အကြုံများစွာရှိသော်လည်းထိုကျင့်ကြံသူတွေကမပြောပလောက်အောင်အင်အားနည်းကျပါတယ်။လုဟန် ကဖန်ရင်းဘုရားကျောင်းလိုမျိုး အစွမ်းထက်တဲ့ဂိုဏ်းရဲ့ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားကိုမကြုံဖူးသေးတာကြောင့်သူ့နှလုံးသားမှာအနည်းငယ်ပူပန်နေခဲ့ပါတယ်။
"ဒီ၀င်္ကပါကိုဘယ်လိုကိုင်တွယ်ရမလဲငါမသိဘူး"
လုဟန် က စစ်ခုန်း ကိုအေးဆေးတည်ငြိမ်စွာပြောလိုက်တယ်။
"မကြောက်ပါနဲ့၊ ငါ့လမ်းညွှန်ချက်တွေကိုနားထောင်လိုက်ရုံပဲ"
စစ်ခုန်း က လုဟန် ရဲ့လက်ကိုညင်သာစွာဖိညှစ်လိုက်ပြီးအမြန်ဖြေလျော့လိုက်တယ်။
သူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာဒေါသထွက်နေတဲ့ လော်ဟန် (တရုတ်ရိုးရာနတ်တစ်ပါးရဲ့အမည်)ရဲ့အရိပ်ကလေထဲမှာပေါ်လာတယ်။လော်ဟန် ရဲ့လက်ထဲမှာ"နတ်ဆိုးနှိမ်နင်းခြင်းကျိုင်း"ကို
ကိုင်ဆောင်ထားပြီးသူ့ရဲ့မျက်လုံးတွေကကြေးခေါင်းလောင်းတွေလိုပြူးကျယ်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကနေလည်းဖိအားများစွာကိုထုတ်လွှတ်နေပါတယ်။
၀င်္ကပါရဲ့အလယ်မှာနေရာယူထားတဲ့ မျက်နှာမည်းကိုယ်တော်ကဘယ်လက်ကို မြှောက်ပြီး ရိုက်ချလိုက်ပါတယ်။၀င်္ကပါကိုအသုံးပြုပြီးဖန်တီးထားတဲ့ပုံရိပ်
ယောင်တစ်ခုဖြစ်တဲ့လော်ဟန်ကလည်းသူ့ကိုအတုယူကာ"နတ်ဆိုးနှိမ်နင်းခြင်းကျိုင်း"ကိုလက်ထဲမှာကိုင်ထားပြီးလုဟန် တို့နှစ်ယောက်စလုံးကိုတိုက်ရိုက်တိုက်ခိုက်လိုက်တယ်။
စစ်ခုန်းရဲ့လက်ချောင်းတွေကိုလှုပ်လိုက်တဲ့အခါလက်မှာပတ်ထားတဲ့စိပ်ပုတီးရှစ်လုံးကလူသားတစ်ဦးရဲ့ဉီးခေါင်းအရွယ်အစားအထိကြီးမားလာပြီးသူနဲ့ လုဟန် ကိုဝန်းရံနေခဲ့တယ်။
စစ်ခုန်း ရဲ့အသက်နဲ့ချိတ်ဆက်ထားတဲ့ ဒီမှော်စိပ်ပုတီးရဲ့အမည်က"သောကရှစ်ပါး"ဖြစ်တယ်။ဒါက ဘဝရဲ့သောကရှစ်ပါးဖြစ်တဲ့မွေးဖွားခြင်း၊သေဆုံးခြင်း၊နာဖျားခြင်း၊အိုမင်းခြင်း၊ချစ်ရသူနဲ့ကွေကွင်းခြင်း၊မချစ်မနှစ်သက်သူနဲ့ဆုံဖက်ရခြင်း၊မပြည့်ဝသောဆန္ဒများ၊ရန်သူမျိုးငါးပါး စတဲ့သောကရှစ်ပါးကိုအစွဲပြုခေါ်ဝေါ်တာဖြစ်တယ်။
"သောကရှစ်ပါး"အစိမ်းရောင်ပုတီးစေ့တွေကနွယ်ပင်တွေအဖြစ်သို့ပြောင်းသွားပြီး"နတ်ဆိုးနှိမ်နင်းခြင်းကျိုင်း"ကိုတင်းကျပ်စွာရစ်ပတ်ပြီးနောက် လော်ဟန် ကိုလွှမ်းခြုံခဲ့တယ်။
အပင်နဲ့တူတဲ့အရာတွေက ပုံရိပ်ယောင် လော်ဟန်ကိုရစ်ပတ်ထားတာကြောင့်မလှုပ်မယှက်ဖြစ်နေတာကိုမြင်လိုက်တာနဲ့မျက်နှာမည်းကိုယ်တော်ကဒေါသတကြီးဟောက်လိုက်တဲ့အခါလေထဲမှာအလင်းရောင်တစ်ခုထွက်ပေါ်လာပြန်တယ်။နောက်ထပ်ပုံရိပ်ယောင်လော်ဟန် တစ်ယောက်လေထဲမှာပေါ်လာခဲ့တယ်။
အခြေအနေကိုကြည့်လိုက်ပြီးလုဟန် ကသူ့ရဲ့ကြာပွတ်ကိုကိုင်ကာရှေ့ကိုပြေးထွက်လိုက်တယ်။သူ့ရဲ့လက်က ကြာပွတ်ရှည်ကပြန်လည်ကောင်းမွန်နေပြီဖြစ်ပြီးကြာပွတ်ထဲမှာသူ့ရဲ့စွမ်းအားဉပဒေသတွေ
ကိုဖုံးကွယ်ထားခဲ့တာဖြစ်တယ်။
လုဟန် နဲ့ စစ်ခုန်း တို့ကတိတ်ဆိတ်စွာပူးပေါင်းဆောင်ရွက်နေကျတယ်။ပုံရိပ်ယောင် လော်ဟန်တွေကလဲ တစ်ခုပြီးတစ်ခုပျောက်ကွယ်သွားခဲ့တယ်။ခဏကြာတော့ ဖန်ရင်း ဘုရားကျောင်းကလူတွေမှာနောက်ထပ်ရွေးချယ်စရာနည်းလမ်းမကျန်တော့ပါ။
တိုက်ပွဲကရှေ့မတိုးသာနောက်မဆုတ်သာအခြေနေဖြစ်နေခဲ့ပြီ။
မျက်နှာမည်းကိုယ်တော်ကနောက်ကိုလှည့်ကြည့်ပြီးအော်လိုက်တယ်။
"အစ်ကိုတော်!!!!တွန့်ဆုတ်မနေနဲ့တော့၊ ကိလေသာဆက်နွယ်မှုတွေက စစ်ခုန်း ကိုဒုက္ခပေးနေပြီ"
ယွမ်ကျစ် ကထိုစကားတွေကိုကြားပြီးနောက်မျက်လုံးတွေကိုဖွင့်လိုက်တယ်။ သူကဗုဒ္ဓကျမ်းစာအချို့ကိုတီးတိုးရွတ်ဆိုလိုက်တဲ့အခါ"ကိလေသာစက်ဝိုင်းပြား"က သူ့လက်ထဲမှာပေါ်လာခဲ့တယ်။ဂိုဏ်းရဲ့ရတနာတစ်ခုဖြစ်တဲ့" ကိလေသာစက်ဝိုင်းပြား"ရဲ့အစွမ်းက ကိလေသာဆက်နွယ်မှုကိုတွက်ချက်ပေးတာတစ်ခုတည်းမဟုတ်ပါဘူး။ယွမ်ကျစ်n က ထိုစက်ဝိုင်းပြားပေါ်ကိုသွေးအဆီအနှစ်တစ်စက်ချလိုက်တယ်။ထိုသွေးစက်ကျသွားတဲ့အခါသွေးရောင်မြူတွေဖြစ်ပေါ်လာပြီး စက်ဝိုင်းပြားက ထိုသွေးစက်ကိုစုပ်ယူသွားခဲ့တယ်။ယွမ်ကျစ် ရဲ့မျက်နှာတစ်ခုလုံးဖြူဆုတ်နေပြီဖြစ်တယ်။ဒီသွေးစက်ကသာမာန်သွေးစက်တစ်စက်မဟုတ်ပါဘူး။သူ့ရဲ့နှလုံးသွေးကနေဖြစ်တည်လာတဲ့ အဆီအနှစ်သွေးစက်တစ်စက်ဖြစ်တယ်။ကျင့်ကြံသူတွေအတွက် အဆီအနှစ်သွေးစက်ကိုဆုံးရှုံးရခြင်းက နှိုင်းဆမရတဲ့ဆုံရှုံးခြင်းမျိုးဖြစ်တယ်။ဒါ့ကြောင့်သေရေးရှင်ရေးအခြေနေကလွဲရင် ဘယ်သူမှ အလွယ်တကူမသုံးရဲကျပါဘူး။
ရုတ်တရက်ဆိုသလိုပဲ ဒါဇင်နဲ့ချီနေတဲ့ အလင်းတန်းတွေက ယွမ်ကျစ် ရဲ့ပတ်လည်မှာထွက်ပေါ်လာခဲ့တယ်။သူက အပြာရောင်အလင်းတန်းတစ်ခုကိုဆွဲကိုင်လိုက်တဲ့အခါ ကျန်တဲ့အလင်းတန်းတွေပျောက်ကွယ်သွားတယ်။ထိုအပြာရောင်အလင်းတန်းရဲ့အစွန်းတစ်ဖက်မှာ စစ်ခုန်း ရှိနေခဲ့တယ်။
ယွမ်ကျစ် ကလက်ဟန်အနည်းငယ်လောက်လှုပ်ရှားလိုက်ပြီး ထိုအပြာရောင်အလင်းတန်းကို လေထဲပစ်လွှတ်လိုက်တယ်။ရုတ်ချည်းဆိုသလိုပဲ ထိုအလင်းတန်းက စစ်ခုန်း ကိုရစ်ပတ်သွားခဲ့တယ်။ကိလေသာဆက်နွယ်မှုဆိုတာအရမ်းစွမ်းလွန်းပါတယ်။ယွမ်ကျစ်နဲ့ စစ်ခုန်း ကြားမှာရှိတဲ့ ဆရာ၊တပည့်ဆက်နွယ်မှုက မှေးမှိန်နေသည့်တိုင်အောင် စစ်ခုန်း ကိုအလွယ်တကူချောင်ပိတ်ဖမ်းနိုင်ခဲ့ပါတယ်။
စစ်ခုန်း ပိတ်မိနေတဲ့အခါ လုဟန် ရဲ့ဘက်မှာ ဖိအားတွေပိုတိုးလာခဲ့ပါတယ်။
ပြသာနာတွေကိုပိုဆိုးသွားစေတာကတော့ ယွမ်ကျစ်က စက်ဝိုင်းပြားပေါ်ကိုနောက်ထပ်သွေးတစ်စက်ထပ်ချလိုက်တာပါပဲ။အနီရောင်အလင်းတန်းတစ်ခုက ပိတ်မိနေတဲ့ စစ်ခုန်း ရဲ့ခန္ဓာကိုယ်ထဲကနေထွက်ပေါ်လာခဲ့တယ်။ထိုအနီရောင်အလင်းတန်းက မှေးမှိန်နေတဲ့အပြာရောင်အလင်းတန်းနဲ့ကွာခြားပါတယ်။မျက်စိကြိမ်းလောက်အောင်တောက်ပထင်ရှားနေတဲ့ထိုအလင်းတန်းကြောင့် ကောင်းကင်တစ်ဝက်လောက်က ဆေးခြယ်ထားသလိုနီရဲနေခဲ့ပါတယ်။
ယွမ်ကျစ် ထိုအနီရောင်အလင်းတန်းကိုပစ်လွှတ်လိုက်တဲ့အခါ အဆုံးတစ်ဖက်မှာရှိနေတဲ့ လုဟန် ကို ထိုအလင်းတန်းကရစ်ပတ်ထားလိုက်ပါတယ်။စစ်ခုန်း တို့နှစ်ယောက်လုံးပိတ်မိနေတာကိုမြင်တဲ့အခါ မျက်နှာမည်းကိုယ်တော်အတော်လေးပျော်သွားပါတယ်။"ကိလေသာစက်ဝိုင်းပြား"ကိုထိန်းချုပ်ဖို့အတွက် စွမ်းအင်အမြောက်အမြားလိုအပ်ပါတယ်။ကျောင်းထိုင်ကိုယ်တော်တစ်ပါးဖြစ်တဲ့ ယွမ်ကျစ် တောင်အကြာကြီးတောင့်ခံမထားနိုင်ပေ။
ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ မျက်နှာမည်းကိုယ်တော်က နောက်ထပ်၀င်္ကပါတစ်ခုကိုခင်းကျင်းလိုက်ပါတယ်။108ပါးသောကိုယ်တော်တွေရဲ့ခန္ဓာကိုယ်တွေကနေရွှေရောင်အလင်းတွေဖြာထွက်လာပြီး ပုံရိပ်ယောင် လော်ဟန် ကိုတဖြည်းဖြည်းပြန်ဖွဲ့စည်းနေပါတယ်။လေထုထဲမှာတော့ နောက်ထပ်ပုံရိပ်ယောင်တစ်ခုထွက်ပေါ်လာပြန်ပါတယ်။ထိုပုံရိပ်ယောင်ရဲ့မျက်လုံးတွေက တစ်ဝက်လောက်သာပွင့်နေပြီး ဂရုဏာကြီးမားတဲ့အသွင်ရှိပါတယ်။ဒါပေမယ့် ထိုပုံရိပ်ယောင်က လက်တွေကိုမြှောက်လိုက်ပြီး လုဟန် ရဲ့ကိုယ်ပေါ်ကိုဖိအားတစ်ခုနဲ့အတူရိုက်ချလိုက်တယ်။
ထိုရိုက်ချက်က တောင်တစ်လုံးလုံးပိလာသလိုပြင်းထန်လွန်းလှတယ်။Ba မြွေမျိုးနွယ်ရဲ့သန်မာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ လုဟန် ကိုတောင် ဒဏ်ရာရသွားစေပါတယ်။
ဒီလိုသေရေးရှင်ရေးအခြေနေမှာ စစ်ခုန်း ကိုဝန်းရံထားတဲ့ ပုတီးစေ့တွေပေါက်ကွဲသွားပြီး စစ်ခုန်း ကိုရစ်ပတ်ထားတဲ့အပြာရောင်အလင်းတန်းကို ဖြတ်တောက်ပစ်လိုက်ပါတော့တယ်။
အသက်နဲ့ချိတ်ဆက်ထားတဲ့မှော်ရတနာကိုဖောက်ခွဲလိုက်ပြီး ကိလေသာကြိုးမျှင်ကိုဖြတ်တောက်လိုက်တာဖြစ်တယ်။စစ်ခုန်း ရဲ့ပါးစပ်နဲ့နှာခေါင်းတွေထဲကနေသွေးတွေစီးကျနေပါတယ်။ဒါပေမယ့် သူဒါတွေကိုဂရုစိုက်နေဖို့အချိန်မရှိပါဘူး။သူနောက်လှည့်ပြီး လုဟန် ဆီကိုပြေးသွားလိုက်တယ်။
အနီရောင်အလင်းတန်းရဲ့ရစ်ပတ်ထားခြင်းခံရတဲ့ လုဟန် ကတော့ ကြီးမားတဲ့ ပုံရိပ်ယောင်လက်ဖဝါးကြီးတစ်ခုက စစ်ခုန်း နဲ့ ပိုပြီးနီးကပ်လာနေတာကိုမြင်လိုက်တာကြောင့် အရမ်းစိတ်ပူနေပါတယ်။ဒီလိုအခြေနေမျိုးမှာ သူ့ရဲ့စိတ်တွေပိုမိုရှင်းလင်းလာတယ်။သူနဲ့ ပိုင် နဲ့ အန္တာရာယ်ကြုံခဲ့တဲ့နေ့ကအကြောင်းတွေကို ရုတ်တရက်သတိရသွားမိတယ်။
အဲ့အချိန်တုန်းက သူ့ရဲ့ဆန်းကြယ်လှတဲ့နားကပ်လိုမှော်ရတနာက သူတို့ကိုကယ်တင်ခဲ့တာဖြစ်တယ်။ဒါကိုတွေးမိလိုက်တဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့နတ်ဆိုးစွမ်းအားတွေအကုန်လုံးကို ထိုနားကပ်ထဲကိုပို့လွှတ်လိုက်ပြီး ဒီဘေးကျပ်နံကျပ်အခြေနေကနေဘယ်လိုလွှတ်အောင်လုပ်မရဆိုတာစဉ်းစားနေလိုက်တယ်။
အဖြူရောင်အလင်းတန်းကြီးတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။ဒီတခါတော့ လုဟန် သတိလစ်မသွားဘူး။သူနဲ့ စစ်ခုန်း တို့နှစ်ယောက်လုံးကို ပြင်းထန်တဲ့စွမ်းအားတွေကရစ်ပတ်ထားတယ်ဆိုတာသူခံစားမိနေတယ်။စစ်ခုန်း ကတော့ဒဏ်ရာအပြင်းအထန်တာကြောင့်သတိလစ်သွားခဲ့တယ်။ လုဟန် ကသူတို့နှစ်ယောက်ကိုခွဲထုတ်ဖို့ကြိုးစားနေတဲ့ပြင်းထန်တဲ့စွမ်းအားတွေကိုခုခံဖို့ကြိုးစားခဲ့သည်။ဇွဲကောင်းကောင်းနဲ့ကြိုးစားခဲ့ပေမယ့်သူ့ရဲ့နတ်ဆိုးတန်ခိုးစွမ်းအားတွေ
ကုန်ခမ်းသွားတဲ့အခါပြင်းထန်လှတဲ့စိတ်ပင်ပန်းနွမ်းနယ်မှုတစ်ခုကသူ့ကိုရိုက်ခတ်လာပြီးနောက်ဆုံးမှာတော့သူမတွန်းလှန်နိုင်တော့ဘဲအမှောင်ထုထဲကိုကျရောက်သွားခဲ့လေတယ်။
{ရှောင်လု၊ရှောင်လုရေ...ဒါက No.၆၆၆ပဲ၊ မင်းအဆင်ပြေရဲ့လား?}
လက်ထောက်သေးသေးလေးရဲ့အသံကြောင့်လုဟန် နိုးလာခဲ့တယ်။ ဒီအသံကိုသူမကြားရတာကြာနေပြီလို့သူခံစားနေရတယ်။ လုဟန် တစ်ယောက်ခေါင်းတစ်ခုလုံးပွင့်ထွက်တော့မလိုခံစားနေရတာကြောင့်စိတ်ပျက်လက်ပျက်ထိုင်နေလိုက်တယ်။
သူအိပ်မက်ရှည်ကြီးတစ်ခုမက်ခဲ့ရသလိုသူ့စိတ်တွေရှုပ်ထွေးနေခဲ့တယ်။ လုဟန် ကလက်ထောက်ငယ်လေးကိုတုံ့ပြန်ဖို့အာရုံမစိုက်နိုင်ဘဲခဏတာအတွက်စိတ်အေးစေလောက်မယ့်စကားအချို့ပြောလိုက်ပြီးသူရဲ့ဦးနှောက်ထဲမှာရှိတဲ့သောင်းပြောင်းရောထွေးနေတဲ့အတွေးတွေကိုသေချာဆန်းစစ်နေလိုက်တယ်။
သူကလွန်ခဲ့သောနှစ်ပေါင်းတစ်ရာဆီကိုအချိန်ခရီးသွားခဲ့ပြီးဝိညာဉ်သန့်စင်ရေးဌာနမှာအလုပ်ဝင်ခဲ့တဲ့မှတ်ဉာဏ်တွေကိုပျောက်ဆုံးသွားခဲ့တာဖြစ်တယ်။ထို့နောက်သူကသူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့
ပိုင်လီရဲ့ဖခင်နှင့်တွေ့ဆုံခဲ့တယ်။ထို့နောက်သူက ဖန်ရင်း ဘုရားကျောင်းကလူတွေရဲ့ဝိုင်းရံတိုက်ခိုက်တာကိုခံခဲ့ရပြီးသူဆန္ဒပြုလိုက်တဲ့ဒီနေရာကိုပြန်လည်ရောက်ရှိလာတာဖြစ်တယ်ဒီအရာတွေကိုသူ့မှတ်ဥာဏ်ထဲမှာထင်ထင်ရှားရှားမှတ်မိနေသေးပေမယ့်လည်းပဟေဋ္ဌိဆန်တဲ့အရေးကြီးအပိုင်းအစတစ်ခုပျောက်ဆုံးနေသလိုလုဟန် ခံစားနေရတယ်။
ဒီအရေးကြီးအပိုင်းအစက သူ့ရဲ့မှတ်ဉာဏ်တွေကိုအဖြူရောင်ကန့်လန့်ကာတစ်ခုနဲ့ဖုံးကွယ်ထားသလိုခံစားနေရတယ်။ဒါက တခြားသူတစ်ယောက်ရဲ့ဇာတ်ကြောင်းကိုဖတ်ရှုနေရတာနဲ့အလားသဏ္ဍာန်ဆင်တူတယ်။
//ဘာတွေပျောက်ဆုံးနေတာလဲ?//
လုဟန် ပြန်မှတ်မိဖို့ကြိုးစားနေပေမယ့် သူ့ရဲ့ခေါင်းကပွင့်ထွက်တော့မလိုခံစားနေရတယ်။
{လက်ထောက်ငယ်လေး၊ ငါလွန်ခဲ့တဲ့နှစ်၁၀၀အချိန်တွေကိုပြန်ရောက်နေတုန်းကမင်းဘာလို့မပေါ်လာတာလဲ?။ ဖြစ်ပျက်ခဲ့တာတွေကိုမှတ်တမ်းတင်ခဲ့သေးလား? }
{ဘာ!!! မင်းကလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကအတိတ်ကိုပြန်ရောက်သွားတာလား?။မှော်ရတနာကနေအဖြူရောင်အလင်းတွေထွက်လာပြီးကတည်းကငါ ဟင်းလင်းပြင်ထဲမှာပိတ်မိသွားပြီး၊ငါဘာမှမမြင်ခဲ့ရဘူး။အခုတောင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုပေါ်လာတုန်းငါထွက်ပြေးလာခဲ့တာ}
လက်ထောက်ငယ်လေးတောင်ဘာဖြစ်သွားမှန်းမသိဘူးဆိုတော့အခြေအနေကတော်တော်ထူးဆန်းနေတယ်။လုဟန် က သူ့ရဲ့ပျောက်ဆုံးနေတဲ့မှတ်ဥာဏ်
တွေအကြောင်းရယ်၊သူရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ထူးဆန်းတဲ့နေရာအကြောင်းတွေရယ်ကို
လက်ထောက်ငယ်လေးကိုပြောပြခဲ့တယ်။
{ငါထင်တာကတော့ ဒီမှော်ရတနာက နေရာကူပြောင်းနိုင်ရုံတင်မကဘူး၊အချိန်တွေပါကူးပြောင်းပေးနိုင်ပုံရတယ်။ဒါပေမယ့် အချိန်ရဲ့စွမ်းအားကို သုံးဖို့ဆိုတာတန်ကြေးကြီးလွန်းတယ်။တန်ကြေးကတော့ အခုလို အရေးကြီးတဲ့မှတ်ဉာဏ်တွေဖြစ်လောက်မယ်}
{ဒီလိုပဲဖြစ်လိမ့်မယ်၊ အခုလက်ရှိမင်းရဲ့မှတ်ဉာဏ်တွေကို System ကမြေအောက်ကမ္ဘာက ဝိဉာဉ်သန့်စင်ရေးဌာနနဲ့ချိတ်ဆက်ပေးထားတာ။ဒါ့ကြောင့်ငါကလဲအဲ့ဒီ့မှတ်ဉာဏ်တွေနဲ့အတူဟင်းလင်းပြင်ထဲမှာပိတ်မိနေတာဖြစ်မယ်။ငါသာထွက်မပြေးလာခဲ့ဘူးဆိုရင် ဝိဉာဉ်သန့်စင်ရေးရာဌာနမှာရှိတဲ့ မင်းရဲ့မှတ်ဉာဏ်တွေကို မင်းဘယ်တော့မှပြန်ရမှာမဟုတ်ဘူး}
[TN:ဆိုလိုချင်တာက လုဟန် နဲ့ မြေအောက်ကမ္ဘာကြားမှာ လက်ထောက်လေးက ပေါင်းကူးလိုဖြစ်နေတာ။လက်ထောက်လေးမရှိရင် လုဟန် ဒီကမ္ဘာမှာတာဝန်ထမ်းဆောင်နေတဲ့အကြောင်းအရာတွေကို မြေအောက်ကမ္ဘာ ကမသိနိူင်သလို လုဟန် ကလဲ မြေအောက်ကမ္ဘာ ကအကြောင်းတွေကို မသိနိူင်တော့ဘူး။လုဟန် ၊ စစ်ခုန်း နဲ့ရှလူးနေခဲ့တဲ့အချိန်တွေတုန်းကလက်ထောက်လေးက ဟင်းလင်းပြင်ထဲမှာပိတ်မိနေတာကြောင့် လုဟန် မြေအောက်ကမ္ဘာကအကြောင်းတွေကိုမေ့နေပြီး သူ့ကိုယ်သူ ကားတိုက်ခံရပြီးဝိဉာဉ်ကူးပြောင်းလာတယ်လို့ပဲထင်နေတာ]
{ဒါကိုမင်းဘယ်လိုထင်လဲ?နတ်ဆိုးဘုရင်သေရမယ့်အချိန်ကိုရောက်လာလို့မှမင်းမသေသေးရင် ဒီကမ္ဘာကပျက်စီးသွားမှာနော်}
{ဘာတွေလာပြောနေတာလဲ?!!ငါလွန်ခဲ့တဲ့နှစ်၁၀၀ကိုရောက်သွားတာတောင်ဒီကမ္ဘာကပျက်စီးသေးဘူးလေ၊ငါကနတ်ဆိုးဘုရင်ရဲ့နေရာမှာ လွန်ခဲ့တဲ့နှစ်၁၀၀ကတည်းက အစားထိုးခံခဲ့ရတာလေ၊ငါက ပိုင် ကိုအကြွေးတင်နေတယ်လေ၊ ပြီးတော့ပစ္စုပ္ပန်ကိုပြန်ရောက်လာပြီ၊အဲ့တုန်းကဘယ်သူက ပိုင်လီ ကိုစောင့်ရှောက်ပေးခဲ့တာလဲ?}
{စိတ်မပူပါနဲ့ ၊ ငါအချက်အလက်တွေသိမ်းထားတာတွေကိုပြန်ရှာလိုက်ပါဉီးမယ်}
လုဟန် ရဲ့မေးခွန်းတွေကြောင့်လက်ထောက်ငယ်လေးခင်မျာသေတော့မတတ်ခံစားနေရတယ်။
လက်ထောက်ငယ်လေး အချက်အလက်တွေကိုစစ်ဆေးနေစဉ်အတောအတွင်းမှာ လုဟန် ဘေးနားပတ်လည်ကိုကြည့်နေလိုက်တယ်။
//ငါရောက်နေတာက တားမြစ်နယ်မြေထဲကယဇ်ပုလ္လင်နားမှာဆိုတော့ ဆွေရှင်း ကဒီနေရာကိုလုံခြုံတဲ့နေရာလို့သတ်မှတ်ပြီးပို့ပေးခဲ့တာလား?//
နားမလည်နိုင်တဲ့အကြောင်းအရင်းအချို့ကြောင့် လုဟန် ဘယ်ဘက်လှည့်ပြီးလမ်းလျှောက်လိုက်တယ်။
ဒီနေရာမှာအရမ်းအရေးကြီးတဲ့အရာတစ်ခုရှိနေတယ်ဆိုတာလုဟန် ခံစားမိနေတယ်။လမ်းရဲ့အဆုံးမှာရေပူစမ်းတစ်ခုရှိနေတယ်။သူဒါကိုတစ်ခါမှမမြင်ဖူးပေမဲ့ဒီရေပူစမ်းကအရမ်းအေးတာကို လုဟန် သိနေတယ်။
လုဟန် ထိုင်ချလိုက်ပြီးသူ့လက်နဲ့အပူ၊အအေးကိုစမ်းကြည့်လိုက်တယ်။ထင်ထားတဲ့အတိုင်းပဲအရိုးခိုက်အောင်အေးတယ်။
//ရေကဘာလို့ဒီလောက်အေးနေတာလဲ?ငါအရင်တစ်ခေါက်ကရေစိမ်ခဲ့တုန်းကအဲ့လောက်ထိမအေးပါဘူး။အရင်တစ်ခေါက်?????//
လုဟန် အံ့သြသွားတယ်။ သူကဒီလောက်
အေးတဲ့ရေကန်မှာရေစိမ်ဖို့ဘယ်တုန်းကရောက်ဖူးလို့လဲ??
လုဟန် ခေါင်းကိုက်လာပြန်တယ်။
သူ့မှတ်ဥာဏ်ထဲမှာပျောက်ဆုံးနေတဲ့ပဟေဋ္ဌိအပိုင်းအစကသူ့နှလုံးသားကိုလေထဲမှာ တွဲလောင်းဆွဲထားသလို ဗလာဟင်းလင်းဖြစ်စေတယ်။
ESTÁS LEYENDO
How to die as heavy as mount Tai
Aventuraဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ