အမြူတေတစ်ဝက်ကိုလာရောင်းသွားတဲ့ သူက ပျံကျစျေးကို မကြာခဏလာရောက်တတ်တဲ့သူဖြစ်တဲ့အတွက် စွန်းဝမ်လုံ ထိုသူကို အလွယ်တကူရှာတွေ့ခဲ့ပြီး ထိုအမြူတေကို ရှာတွေ့ခဲ့တဲ့နေရာကို သိခဲ့ရတယ်။
သိပ်မနောက်မကျသေးတဲ့အတွက် ချင်းယီတို့တစ်တွေ ထိုနေရာဆီကို ခရီးစတင်ခဲ့ကြတယ်။ခရီးမစတင်ခင်မှာ ကျန်းစစ်လော့က မူဖေးနဲ့ပတ်သတ်သမျှတွေကိုဒေါသတကြီးနဲ့ ပေါက်ပေါက်ဖောက်နေတဲ့အတွက် ချင်းယီ မည်းမှောင်နေတဲ့မျက်နှာထားနဲ့ အတော် ဖြောင်းဖြလိုက်ရသေးတယ်။
အမြူတေတစ်ဝက်ကိုရှာတွေ့ခဲ့တဲ့ တောင်တန်းက လုံးဝကို ဝေးလံခေါင်သီတဲ့နေရာဖြစ်နေတယ်။ထိုလူကိုတောင်ပေါ်ရွာလေးတစ်ရွာမှာမွေးဖွားခဲ့တယ်။မိမိကိုယ်ကိုကိုယ် ကာကွယ်နိုင်ခဲ့တဲ့အတွက် အသက်ရှင်လွတ်မြောက်ခဲ့ပေမယ့် ကျန်တဲ့ရွာသားတွေ အသက်ရှင်၊မရှင်ဆိုတာသိရဖို့ ထိုလူက မွေးရပ်ဌာနေကို ပြန်သွားခဲ့တယ်။ရွာထဲကို ခြေချလိုက်တာနဲ့ ဖုတ်ကောင်တွေရဲ့လိုက်လံဖမ်းဆီးခြင်းခံခဲ့ရတယ်။နာကျင်မှုကြောင့်တောင်ကြားထဲကို ခြေချော်ကျသွားချိန်မှာ ထိုအမြူတေတစ်ဝက်ကိုတွေ့ခဲ့ရခြင်းဖြစ်တယ်။
လက်ရှိမှာ လုဟန်က အမြူတေတစ်ဝက်ကို တွေ့ခဲ့တဲ့တောင်တန်းတွေဆီရောက်နေခဲ့ပြီ။မြေဆီလွှာအနည်းငယ်ကို ယူပြီး အနံ့ခံကြည့်လိုက်တဲ့အခါ လုံးဝသန့်ရှင်းနေပြီး နတ်ဆိုးစွမ်းအင် ကင်းစင်နေတာကို တွေ့လိုက်ရတယ်။
"စိတ်စွမ်းအင် သုံးပြီး စစ်ဆေးပြီးပြီ မူမမှန်တာဘာမှမရှိဘူး။သန္ဓေပြောင်းသားရဲတွေတောင်မရှိဘူး"
ချင်းယီတစ်ယောက် လုဟန်ကိုအသိပေးလိုက်တယ်။
ကမ္ဘာပျက်တုန်းက ဒီနေရာမှာ နတ်ဆိုးတွေရှိခဲ့နိုင်တယ်၊ဒီနေရာက အရမ်းကိုဝေးလံခေါင်သီလွန်းလို့ အပြင်လူတွေ သိပ်မသိလောက်ဘူး။ဒီနေရာမှာ ဖုတ်ကောင်တွေရှိမနေတာနဲ့ ထူးထူးဆန်းဆန်း တိရိစ္ဆာန်တွေရှိနေတာကြီးက မူမှန်မနေဘူး.....
လုဟန် ရုတ်တရက်ဆိုသလို ရေတွေကိုလှမ်းမြင်လိုက်တယ်။ရေအောက်ထဲက ကျောက်တုံးလေးတွေကြားမှာ ကူးခတ်နေတဲ့ ငါးသေးသေးလေးတွေကိုတောင် မြင်နေရတယ်။ဒီကမ္ဘာရဲ့ ရေထုညစ်ညမ်းမှုကအတော်ဆိုးဝါးနေတဲ့အတွက် ရေသတ္တဝါတွေအခုလိုရှင်သန်နေဖို့ဆိုတာ အိမ်မက်တစ်ခုသဖွယ်ဖြစ်နေတယ်။

BẠN ĐANG ĐỌC
How to die as heavy as mount Tai
Phiêu lưuဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ