အခန်း (9) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှူးလေး

3.8K 749 4
                                    


ထိုကဲ့သို့သော သေရေးရှင်ရေးအခိုက်အတံ့မှာ ရှို့ရီထယ့်  GZ ရဲ့ ဉီးခေါင်းပေါ်ကို ခုန်တက်လိုက်တယ်။ထိုအခါ GZ က ရှို့ရီထယ့်ကို ကြီးမားတဲ့ လက်ညှပ်ကြီးတွေနဲ့
ကြမ်းတမ်းစွာတိုက်ခိုက်လိုက်တယ်။
လုဟန် ရဲ့ ကြားဝင်ကူညီမှုကြောင့်သာ ရှို့ရီထယ့်တစ်ယောက် ထိခိုက်မှုမရှိတာပါ။

Queen ကလွဲ ပြီး ကျန်တဲ့ GZ တွေက ဉာဏ်ရည်နိမ့်ပါးကြပါတယ်။Queen ရဲ့ စိတ်စွမ်းအင်ထိန်းချုပ်မှုအောက်မှာရှိတဲ့ Zerg တွေသာ ဉာဏ်ရည်မြင့်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်ကျတာပါ။GZ က ဉီးခေါင်းကို ပြင်းထန်စွာလှုပ်ခါပြီး ရှို့ရီထယ့်ကို ခါချ နေတယ်။ဒါကြောင့် ရှို့ရီထယ့်နဲ့ လုဟန် တို့နှစ်ယောက်လုံး အရေးမသာတဲ့ အခြေနေမှာရှိနေတယ်။ရှို့ရီထယ့်ရဲ့ သန်မာလှတဲ့ခြေထောက်တွေက GZ ရဲ့ ဉီးခေါင်းကို ပလာယာသဖွယ်ညှပ်တွယ်ထားပြီး လက်ထဲက ဓားမြှောင်နဲ့ ဉီးခေါင်းမှာရှိတဲ့ ဉီးမျှင်မွှေးတွေကို ဖြတ်တောက်လိုက်တယ်။

ရှို့ရီထယ့်က ဓားမြှောင်ကိုအသုံးပြုပြီး  GZ ရဲ့ ဉီးမျှင်မွှေးတွေကို အရင်းကနေဖြတ်တောက်လိုက်တယ်။ အာရုံခံအစိတ်အပိုင်းကိုဖြတ်တောက်ခံလိုက်ရတဲ့ GZ ရဲ့အဖြစ်က ခေါင်းပြုတ်နေတဲ့ ယင်ကောင် လို ဖြစ်နေပြီး တွေ့သမျှကို ဝင်တိုက်နေပါတော့တယ်။ အကျိုးရလဒ်အနေနဲ့ ရှို့ရီထယ့်ရဲ့ ဓားချက်တွေက ပြင်းထန်စွာနဲ့ GZ ရဲ့ ဉီးနှောက်ကို ထိုးဖောက်နေတယ်။

GZ ရဲ့ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်ပစ်လဲသွားပေမယ့် ခြေလက်တွေကတွန့်လိမ်နေတုန်းပါ။

" မင်းကျေနပ်အားရသလိုမခံစားရဘူးလား?"

ရှို့ရီထယ့်မြေပြင်ပေါ်ခုန်ချလိုက်ပြီးကြည့်ကောင်းတဲ့ အမူအရာတစ်ချို့ကို လုပ်ပြနေပါတယ်။

လုဟန်  ဒူးခေါင်းကို လက်နဲ့ထောက်ပြီး မျက်လုံးရဲ့နာကျင်မှုကို ခုခံနေရပါတယ်။ လုဟန် သူ့ရဲ့ စိတ်စွမ်းအင်ဖြန့်ကျက်မှုကို မဖြတ်တောက်ရဲဘူး။လုဟန် ရဲ့ စိတ်စွမ်းအင် Level က Master အဆင့်မှာရှိတယ်။
ဒါကြောင့် Queen ရဲ့ အာရုံခံမှုကနေ လွတ်မြောက်အောင် ရှောင်တိမ်းရင်းနဲ့ ပတ်ဝန်းကျင် အခြေနေကို တည်ငြိမ်အောင်အပြည့်အဝ ကာကွယ်နိုင်တယ်။နောက်ထပ် GZ တစ်ကောင်ကို အနီးအနားမှာရှာမတွေ့ခဲ့ဘူး။ခုနကတိုက်ခိုက်ခဲ့တဲ့ GZ က ရှို့ရီထယ့်တို့ကိုမတော်တဆ ရှာတွေ့သွားခဲ့ပုံရတယ်။ကံအားလျော်စွာ လုဟန် ထုတ်လွှတ်ခဲ့တဲ့ စိတ်စွမ်းအင်အကာအကွယ်ကြောင့် Queen ဆီကို GZ က ဘာ အချက်အလက်မှ မပို့ပေးလိုက်နိုင်ဘူး။ဒါ့ကြောင့် နောက်ထပ် Zerg တွေရောက်မလာတာဖြစ်တယ်။

How to die as heavy as mount TaiDonde viven las historias. Descúbrelo ahora