အခန်း (50.2)

2.5K 447 13
                                    

တွင်းအောက်ခြေမှာရှိတဲ့ ဖုတ်ကောင်စစ်တပ်ကြီးကို စောင့်ကြပ်နေတဲ့ အဆင့်မြင့် ဖုတ်ကောင် တစ်ကောင်ရှိနေတယ်။သိပ်မကြာခင်မှာပဲ သူတို့တွေက ကျောက်စက်ပန်းဆွဲအနားကို တိုးသွားကြတယ်။ကျောက်စက်ပန်းဆွဲရဲ့ အပေါ်ဘက်ထိပ်ဖျားဆီမှာ အလင်းတန်းလေးတစ်ခု ဖြတ်ကနဲ လင်းလက်လာတယ်။ဟာရီကိန်းမုန်တိုင်းတစ်ခုတိုက်ခတ်သလိုပြင်းထန်တဲ့ လေပြင်းတစ်သုတ်က ဆယ်မီတာအကွာအဝေးအတွင်းမှာရှိတဲ့ ဖုတ်ကောင်တွေကိုဉီးခေါင်းတွေကို ဖြတ်တောက်သွားခဲ့တယ်။

ထိုဟာရီကိန်းက တကယ်ကို ပြင်းထန်ကြမ်းတမ်းလွန်းလှတယ်။တစ်ချို့သော ဖုတ်ကောင်တွေရဲ့ အမြူတေတွေဆို နှစ်ခြမ်းကွဲကုန်ကြပြီ...တစ်ပိုင်းတစ်စဖြစ်နေတဲ့ အမြူတေရဲ့ မူလဇစ်မြစ်ကို လုဟန် သိရှိသွားခဲ့လေပြီ...

ဒီလောက်ပြင်းထန်တဲ့ ဟာရီကိန်းနဲ့ကြုံနေရတယ်ဆို တွင်းအောက်ခြေမှာ ဖုတ်ကောင်တွေဘာ့ကြောင့် နည်းပါးမသွားရတာလဲ???ဘာလဲ အပိုင်းအစအနည်းငယ်လောက်ထိပဲ ဖြတ်တောက်နိုင်ရတာလဲ??တစ်ခုခုတော့ထူးဆန်းနေပြီ...သိပ်မကြာခင်မှာ လုဟန် အဖြေကိုရှာတွေ့သွားခဲ့လေပြီ...

ခေါင်းပြတ်နေတဲ့ဖုတ်ကောင်တွေက မြေပြင်ပေါ်ကျနေတဲ့ သူတို့ရဲ့ ဉီးခေါင်းတွေကို စမ်းတဝါးဝါးနဲ့လိုက်ရှာပြီး ပခုံးနှစ်ဖက်ကြားမှာ နေရာပြန်ချနေကြတာ လုဟန်တို့တွေမြင်လိုက်ရတယ်။ထိုဖြစ်စဉ်က အဖန်တလဲလဲ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်ပျက်နေတယ်။

"ဒါတွေက..."

ကျန်းစစ်လော့ လွှတ်ကနဲ အော်မိတော့မလိုဖြစ်သွားတယ်။မူဖေးရဲ့ လျင်မြန်တဲ့တားဆီးမှုကြောင့်သာ ဖုတ်ကောင်တွေကို တပ်လှန့်လိုက်သလို မဖြစ်သွားခဲ့တာ...

"အဆင့်ရှစ် ကုသရေးစွမ်းရည်ရှိတဲ့ ဖုတ်ကောင်!!"

ဗဟုသုတကြွယ်ဝတဲ့ ချင်းယီက တစ်ချက်ကြည့်လိုက်တာနဲ့ ဘာဆိုတာ တန်းသိနေတယ်။

"အရင်တုန်းက အဆင့်နိမ့် ကုသရေးဖုတ်ကောင်တွေနဲ့ တိုက်ခဲ့ဖူးတယ်။အဆင့်နိမ့်တွေက လက်ပြတ်၊ခြေပြန်တွေလောက်ကိုပဲ ကောက်ဆက်နိုင်တာ..အခုလို အဆင့်မြင့်တဲ့အကောင်တွေက ခေါင်းတောင်ပြန်ဆက်နိုင်မယ့လို့ လုံးဝထင်မထားမိဘူး"

How to die as heavy as mount TaiDonde viven las historias. Descúbrelo ahora