အခန်း (58)သန့်ရှင်းသောအလင်းရောင်ကို ဖြန့်ကျက်ပေးသော ပုပ်ရဟန်းမင်းကြီး

4.6K 314 22
                                    

ဌာနမှူး ဒီနေ့လဲ တစ်ယောက်တည်း လက်ဖက်ရည်ကြမ်းလေး သောက်နေပြန်တယ်....

လက်ရည်ရည်ကြမ်းလေးသောက်လိုက်
အစီရင်ခံစာတွေ တံဆိပ်တုံးနှိပ်လိုက်နဲ့ဆိုတော့
ဝိဉာဉ်သန့်စင်ရေးရာဌာနရဲ့ လုပ်ငန်းခွင်ဘဝလေးက တကယ်ကို လှပနေတော့တာပဲ.....

တာဝန်ထမ်းဆောင်သူ​ No.666 file no.0003

အထူးအာရုံစိုက်ရမယ့်သူဖြစ်တာကြောင့် ဌာနမှူး လက်ထဲကရေနွေးခွက်ကို ဘေးချထားလိုက်ပြီ....

"ဆင့်ကဲပြောင်းလဲနေသော ကမ္ဘာ...ဖူးစာကြိုးမရှိ"

"ငါကိုယ်တိုင် သူ့အတွက် သေချာရွေးပေးလိုက်တဲ့ အလုပ်အပ်သူမလား....ဒီတစ်ခါတော့ ဘာအမှားမှ မရှိလောက်ဘူး..."

ဌာနမှုးခေါင်းတစ်ချက်ညိတ်လိုက်တယ်.....

100% mission ပြီးမြောက်...

ကမ္ဘာ၏တည်ငြိမ်မှု100% အပြည့်......

အထူးအခြေနေ- ထိုကမ္ဘာအား အဆင့်မြှင့်တင်လိုက်ခြင်း

ဌာမှူးတစ်ယောက် မျက်လုံးတွေနီရဲလာတဲ့အထိ ပွတ်သပ်နေပေမယ့်လဲ စကားလုံးတွေ​ကတော့ မပြောင်းလဲခဲ့ပေ....စိတ်ဓာတ်ကျလာပြီ....ဘယ်လိုဖြစ်ပြီး အဆင့်မြှင့်လိုက်နိုင်တာလဲ??

အဆင့်မြှင့်ခြင်း ဆိုတာ အသေးအဖွဲ့ပြသာနာမဟုတ်ဘူး.....မူလကမ္ဘာကို ဆင့်ကဲပြောင်းလဲဖို့လုပ်တုန်းကဆို ​အရေးကြီးတဲ့ ဌာနတော်တော်များအးများကို ပုံမှန်အစည်းအဝေးတွေဆင့်ခေါ်ပြီးမှသာအဆင့်မြှင့်နိုင်ခဲ့တာ....အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်တစ်ခုလုံးက အင်မတန်ရှုပ်ထွေးလွန်းလှပြီး တင်းကြပ်တဲ့စည်းမျဉ်းတွေ စံနှုန်းတွေ ထိန်းချုပ်မှုတွေ အများကြီးအများကြီး ထည့်သွင်းစဉ်းစားခဲ့ရတယ်...အခုလို အလိုအလျောက် အဆင့်မြှင့်သွားခြင်းရဲ့ အကျိုးအဆက်က မှန်းဆမရအောင် ကြီးမား​နေပြီ.....

ဆင့်ကဲပြောင်းလဲလာတဲ့ ကမ္ဘာက မူလကမ္ဘာကနေ အပြိုင်ကမ္ဘာတစ်ခုအဖြစ် ခွဲထွက် သွားခြင်းနဲ့ မတူပါ...မူလကမ္ဘကို အဆင့်မြှင့်နိူင်ပေမယ့် ဆင့်ကဲပြောင်းလဲပြီးသာ ကမ္ဘာတစ်ခုကို ထပ်ပြီး အဆင့်မြှင့်နိူင်တယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါ...

Você leu todos os capítulos publicados.

⏰ Última atualização: Jan 24, 2022 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

How to die as heavy as mount TaiOnde histórias criam vida. Descubra agora