စစ်ခုန်း ရဲ့မျက်လုံးတွေကို
လုဟန် ဘေးတိုက်ငေးကြည့်နေလိုက်တယ်။စစ်ခုန်း ရဲ့မျက်လုံးတွေက ရှေ့တည့်တည့်ကိုကြည့်နေတာဖြစ်ပြီး ဘာလှုပ်ရှားမှုမှမရှိနေခဲ့ပါ။"ရိုင်းစိုင်းတဲ့အပြုအမူနဲ့ မယဉ်ကျေးတဲ့အရာတွေက ဘုန်းကြီးတွေနဲ့သက်ဆိုင်လို့လား? "
လုဟန် စိတ်အနှောက်ယှက်ဖြစ်နေပုံနဲ့ စစ်ခုန်း ရဲ့ဝတ်ရုံစကိုလှမ်းဆွဲလိုက်တယ်။
စစ်ခုန်း က ရှေ့ကိုကျော်ကြည့်လိုက်တယ်။သူ့ရဲ့အကြည့်တွေထဲမှာ ရှုပ်ထွေးမှုတွေကိုအထင်အရှားမြင်နေရတယ်။
ဒါ့ကြောင့်လုဟန် က လှပပြီးအထိန်းအကွပ်မဲ့နေတဲ့ မြေခွေးမိန်းကလေးတွေကို လက်ညိုးညွှန်ပြလိုက်တယ်။"အသွင်အပြင်ကလှပပေမယ့်၊အရိုးတွေကဆွေးမြည့်နေတယ်၊ဒါတွေကအပေါ်ယံအရေပြားသက်သက်ပါပဲ၊မင်းရဲ့စိတ်တွေမတည်ငြိမ်သေးဘူး ၊ဒါတွေကိုထိန်းချုပ်နိုင်ဖို့လိုနေသေးတာပဲ"
စစ်ခုန်း က လုဟန် ကိုဆူနေပါပြီ။
စစ်ခုန်း ရဲ့စကားတွေကို လုဟန် ကိုရင်ဆို့ပြီးသေစေလောက်ပါတယ်။စစ်ခုန်း ရဲ့အမြင်မှာတော့ ဒီမြေခွေးမိန်းမလှလေးတွေဆိုတာ လမ်းဘေးကမြက်ပင်၊ကောင်းကင်ပေါ်ကတိမ်စိုင်ခဲတစ်ခုလောက်တောင်မထူးခြားနေပါဘူး။ဒီလိုမျိုးလေယူရာမယိမ်းတတ်တဲ့တည်ကြည်တဲ့စိတ်မျိုးထားနိုင်အောင် လုဟန် တစ်ယောက် စစ်ခုန်း ဆီကနေ အတုခိုးသင်ယူနေပါတယ်။ခဏကြာတဲ့အခါမှာ အကျိုးသက်ရောက်မှုရှိလာပါပြီ။စိတ်နှလုံးတစ်ခုလုံးတည်ငြိမ်အေးချမ်းလာပြီး ဘယ်ပြင်ပအရောကမှ သူ့ရဲ့စိတ်ကိုမနှောက်ယှက်နိုင်တော့ပါဘူး။နှစ်ယောက်သားကျင့်ကြံရေးကိုပဲအာရုံစိုက်ထားခဲ့ကျတယ်။ဒီလိုနဲ့ပဲနေ့ရက်တွေကိုကုန်ဆုံးစေတယ်။
မြေခွေးအကြီးအကဲက လုဟန် တို့ကို အမြီးကိုးချောင်းမြေခွေးဘုရင်ကြီးဆီကိုခေါ်ဆောင်သွားခဲ့တယ်။မြေခွေးဘုရင်က ယင်းရှူ ရဲ့ကျင့်ကြံရေးအရင်းအမြစ်ရှိရာမှာနေထိုင်ပါတယ်။တောင်ကြားတစ်ခုလုံးကို နွယ်ပင်တွေကရစ်ပတ်ထားတာကြောင့်စိမ်းစိုနေပါတယ်။နေရောင်အောက်မှာရေငွေ့တွေယှက်သန်းနေပုံက နတ်သမီးပုံပြင်တွေထဲရေညက်နေရသလိုပါပဲ။
![](https://img.wattpad.com/cover/274826046-288-k521708.jpg)
YOU ARE READING
How to die as heavy as mount Tai
Adventureဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ