"ဆရာတူအစ်ကိုယွင်...ယုံကြည်ရတဲ့ သူတစ်ချို့ကို ရွေးထုတ်ပြီး ဒီနည်းစနစ်တွေကို လက်ဆင့်ကမ်းပေးလို့ရမလားဟင်??ဒီလို ပရမ်းပတာ အခြေနေကြီးမှာ လူတိုင်းကို မယုံရဘူးဆိုတာ သိပါတယ်။ဒါ့ပေမယ့် ဒီညီအစ်ကိုတွေက သေမယ်မှန်းသိသိရက်နဲ့တောင် ငါ့နောက်ကို လိုက်ခဲ့ကြတာ။ကုသနိူင်တဲ့နည်းလမ်းကို သိနေရက်နဲ့ သူတို့တွေကူးစက်ခံရပြီး သေဆုံးမှာကို ထိုင်မကြည့်နေနိုင်ဘူး"
ချင်းယီက လုဟန်ကို ထိုင်ရှိခိုးတော့မတတ် လေးစားတဲ့အကြည့်နဲ့ ကြည့်နေတယ်။
"ဆရာက ငါ့ကို တောင်အောက်ကို မပို့ခင်ကတည်းက ဒီအကြောင်းတွေကိုပြောထားပြီးသား။ငါက လူကဲခတ်တာညံ့တယ်။အခုမင်းက ဒီအကြောင်းပြောလာပြီဆိုတော့၊ပညာအမွေလက်ဆင့်ကမ်းမယ့် ကိစ္စကို မင်းကိုလက်လွှဲပေးလိုက်တော့မယ်"
ပြောပြီးတာနဲ့ လုဟန်ရဲ့အကြည့်တွေက ခေါက်ဆွဲအိုးဆီကို ပြန်ရောက်သွားခဲ့တယ်။
//ခေါက်ဆွဲကျက်နေပြီ၊စားလို့ရပြီ//
စောနကစကားတွေကို သေချာနားထောင်နေခဲ့တဲ့ ချင်းယီက အစားအသောက်မှာ ကော်နဲ့ကပ်ထားသလို အကြည့်မလွှဲနိုင်တဲ့ လုဟန်ကြောင့် ပြုံးလိုက်မိတယ်။သူ့ရဲ့ ဆရာတူအစ်ကိုကြီးအတွက် ခေါက်ဆွဲကို ပန်းကန်ထဲ မြန်မြန်ထည့်ပေးလိုက်တယ်။
နှစ်ယောက်အတူတူထိုင်ပြီး ခေါက်ဆွဲစားနေချိန်မှာ ချင်းယီက လုဟန်ရဲ့ပန်းကန်ထဲကို အသားလုံးတွေ ခဏခဏထပ်ထည့်ပေးနေတယ်။သူ့ရှေ့က ဒီလူသားလေးကို ကြည့်နေရရုံနဲ့ အသားလုံး ပါပါ၊မပါပါ ခေါက်ဆွဲကအရမ်းအရသာရှိနေသလိုပင်.....
လုဟန်ကလဲ အားနာမနေတော့ဘဲ ကျေနပ်နေတဲ့ အမူအရာနဲ့ အသားလုံးတွေကို ပါးစပ်ထဲ အဆက်မပြတ်ထည့်ဝါးနေလိုက်တယ်။
နူးညံ့တဲ့လရောင်ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးနွေးထွေးနေတယ်......
ချင်းယီ မပြောဘဲမနေနိူင်တော့တာကြောင့် ထုတ်ပြောလိုက်တော့တယ်။
"ဂိုဏ်းရဲ့နာမည်က ဘာလို့ ကောင်းကင်ဆရာသခင်ဖြစ်နေရတာလဲ။တကယ်ဆို ဒဏ္ဍာရီလာကျင့်ကြံသူ ဆိုပြီး နာမည်ပေးသင့်တာ ဟုတ်ဖူးလား?"
YOU ARE READING
How to die as heavy as mount Tai
Adventureဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ