နတ်ဆိုးမျိုးနွယ်တစ်ယောက်ဖြစ်တဲ့ ပိုင် က ဒီလိုနက်စောက်အုံ့မှိုင်းနေတဲ့ တောအုပ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာတာအနည်းငယ်လောက်တော့ အံ့သြဖို့ကောင်းနေပါတယ်။ဒါကလဲ နတ်ဆိုးမျိုးနွယ်ဝင်တွေရဲ့ ထူးခြားချက်တစ်ခုဖြစ်နေနိုင်ပါတယ်။
" ငါ့နာမည်က ကျန်း၊ ပါ့ရှယ်မျိုးနွယ်ကပါ"
ပိုင် ကသူ့ကို ရင်းနှီးဖော်ရွေတဲ့အပြုံးနဲ့ပြုံးပြနေပေမယ့် ပိုင် ရဲ့ ထူးခြားတဲ့ အပြုမှုကြောင့် လုဟန် သိချင်စိတ်ပြင်းပြလာခဲ့ပါတယ်။
" မင်း ချမ်းနေလို့လား?မင်းဘာလို့ အဲ့လောက်တောင် တုန်နေတာလဲ?"
"မဟုတ်ပါဘူး၊ငါ မဟုတ်ပါဘူး၊ ဒါက သဘာဝမို့ပါ၊ ခဏနေရင်အဆင်ပြေသွားမှာပါ"
တုန်ခါနေတဲ့ အသံနဲ့ ပိုင် ကပြန်ဖြေခဲ့တယ်။
"........"
လုဟန် ပြောစကားစကားတွေပျောက်ရှကုန်ပြီ။
ပိုင် တစ်ယောက် တုန်ခါနေမှုကြောင့် ပစ်လဲတော့မလို့ဖြစ်နေပြီ။
// ဘာကြောင့် သူ့ရဲ့သဘာဝဗီဇကိုဖီဆန်ပြီး ငါနဲ့ စကားလာပြောတာလဲ?//
စကားနည်းသူမဟုတ်တဲ့ လုဟန် ကတော့ သိချင်တဲ့အရာကို တိုက်ရိုက်မေးကြည့်လိုက်ချင်ပါတယ်။
"ဒီလို အကောင်ပေါက်လေးကို တစ်ကောင်တည်း ငါဘယ်လိုထားခဲ့နိုင်မှာလဲ?"
ဒါပေမယ့်လည်း ပိုင် ရဲ့ကျင့်ကြံမှုအခြေခံက သူ့ထက် ပိုခိုင်မာပြီး အဆင့်မြင့်တယ်ဆိုတာ သိလိုက်ရမှာ စိတ်အေးရတော့တယ်။
လုဟန် တစ်ယောက် ပုတုတု အရပ်မောင်းရယ် ဝတုတ်တုတ်ကိုယ်လုံးလေးနဲ့ ပိုင် ရဲ့ မွေးစားသားအဖြစ်ကိုရောက်သွားခဲ့ရပါတော့တယ်။
ဒါနဲ့ပဲ ပိုင် တစ်ယောက် လုဟန် ရဲ့ ဝါးအိမ်လေးဘေးမှာ သက်ကယ်မိုးတဲလေး တစ်လုံးထိုးပြီး အတူတကွနေထိုင်လိုက်ကျပါတယ်။ သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ရင်းနှီးလာခဲ့ကျပါတယ်။ပိုင် ရဲ့ အတွေးတွေက အရမ်းကို ရိုးရှင်းလွန်းတာကြောင့် သူ့ အနားမှာ နေရတာ သက်တောင့်သက်တာဖြစ်ပြီး အေးချမ်းလွန်းပါတယ်။
KAMU SEDANG MEMBACA
How to die as heavy as mount Tai
Pertualanganဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ