အခန်း(15) တိုင်းပြည်အတွက်အသက်ပေးသွားသော Beta ဒုတပ်မှုးလေး

4.1K 742 6
                                    


Queen ရဲ့ ဆင့်ကဲပြောင်းလဲမှု နောက်ဆုံးအဆင့်မတိုင်မီ 6 နာရီအလို

ကားလို့စ်  တစ်စုံတစ်ရာကြီးမားတဲ့ အရာတွေဖြစ်ပွားတော့မလိုခံစားနေရတယ်။ သူ့ရဲ့ဆဌမအာရုံအမြဲမှန်ကန်နေတတ်တယ်။ နောက်ဆုံးသူဒီလိုခံစားခဲ့ရတုန်းက သူ့အဖေသေဆုံးခဲ့တယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က အန်ဒရူး နဲ့ ပြောခဲ့တာတွေကို ကားလို့စ်  ပြန်တွေးနေခဲ့မိတယ်။ဒီရက်ပိုင်းအတွင်းမှာခံစားခဲ့ရတဲ့ ထိတ်လန့်မှု၊ အားငယ်မှု၊ ခြောက်ခြားမှုတွေ က အန်ဒရူး ရဲ့ စကားတွေကြောင့် အတော်လေးသက်သာနေခဲ့ပါပြီ။

အဲ့ဒီ့နေ့တုန်းက အန်ဒရူး ပြောခဲ့တာတွေက...

"Wind & Thunder တပ်ဖွဲ့ Queen ကိုလုပ်ကြံတဲ့တာဝန်ထမ်းဆောင်နေတုန်းမှာ မင်းနဲ့လူစားလဲဖို့ အရပ်အမောင်းတူတဲ့တပ်သားကို ငါ ရှာလာခဲ့မယ်။
အဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး Mission မှာ ဝင်ပါလို့ရပြီ။ မင်းရဲ့ လုပ်ရည်ကိုင်ရည်ကို အစွမ်းကိုထုတ်သုံးပြီး အောင်မြင်မှုတွေသယ်ဆောင်လာနိုင်မယ်ဆိုရင် Commander ကလဲ မင်းကို ဒီမှာဆက်နေဖို့ ခွင့်ပြုမှာပါ"

ကားလို့စ်  အတွေးထဲမှာ နစ်မြောနေတုန်းမှာပဲ အချုပ်ခန်းတံခါးပွက့်လာခဲ့တယ်။ အန်ဒရူး က မေ့မြောနေတဲ့ လူတစ်ယောက်ကို သယ်ဆောင်လာခဲ့တယ်။ ထိုလူရဲ့ မျက်နှာက အန်ဒရူးရဲ့ လက်မောင်းတွေနဲ့ ကာထားတာကြောင့်သေချာမမြင်တွေလိုက်ရဘူး။

" ဒီလူနဲ့ အဝတ်အစားချင်းလဲလိုက်၊ ပြီးရင်မင်းကိုငါ ခေါ်ထုတ်သွားမယ်"

အန်ဒရူး သယ်လာတဲ့ လူကို ကုတင်ပေါ်တင်လိုက်ပြီး တံခါးဝကိုစောင့်ကြည့်နေခဲ့တယ်။

ကားလို့စ်  ကုတင်ပေါ်က လူနဲ့ အဝတ်အစားချင်း အမြန်လဲလှယ်လိုက်တယ်။ သူရဲ့ ဂုတ်ပိုးနားမှာ တစ်ခုခု ဖြစ်သွားသလိုခံစားလိုက်ရပေမယ့် ထိုခံစားချက်က ချက်ချင်းပျောက်ကွယ်သွားပြန်တယ်။သူ့လှည့်ကြည့်လိုက်တဲ့ အခါ သူ့ဂုတ်ပိုးနားကနေ အန်ဒရူး ရဲ့ လက်ဆုတ်ခွာသွားတာကိုမြင်လိုက်ရတယ်။

"အဲ့နားမှာ ဖုန်ပေနေလို့"

အန်ဒရူး ခပ်ဖျော့ဖျော့ ပြုံးပြလိုက်တယ်။

"မင်းဒီတာဝန်ကိုအောင်မြင်မယ်လို့ ငါယုံကြည်တယ်၊ မင်းလုပ်နိုင်ပါတယ်"

ကားလို့စ်  ခေါင်းညိတ်ပြလိုက်တယ်။ အန်ဒရူး က ရှို့ရီထယ့် နဲ့ မတူဘဲ အမြဲနွေးထွေးတတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ရှို့ရီထယ့် က သူ့အပေါ် ဂရုစိုက်ပေမယ့် အဆင်ပြေနေတာမျိုးလဲမဟုတ်ပြန်ဘူး။ဒုတပ်မှူး ရိုင်နာနဲ့ အတူရှိနေချိန်ဆို အခြေနေ ပိုဆိုးသေးတယ်။

ဒုတပ်မှူး ရိုင်နာက ရှို့ရီထယ့် အပေါ် ဘယ်လောက်ပဲအေးတိအေးစက်ဆက်ဆံနေပါစေ ဒုတပ်မှုးရိုင်နာရှေ့ရောက်တာနဲ့ ရှို့ရီထယ့် ပုံစံကသခင်ကိုချော့မြူနေတဲ့ ခွေးကြီးတစ်ကောင်လို ဖြစ်နေတော့တာပဲ။ အိုးးး သူဒီလိုတွေးတာ မသင့်တော်ဘူးလေ။ ကားလို့စ်  လျှာကိုက်မိမလိုတောင်ဖြစ်သွားခဲ့တယ်။

ဒီလိုတွေဖြစ်နေတာတောင် ရှို့ရီထယ့် က ကားလို့စ်  ရဲ့ နှလုံးငါးကို လှုပ်ခတ်စေနိုင်ခဲ့ပါတယ်။ ဒုတပ်မှုး ရိုင်နာက Beta တစ်ယောက်ဖြစ်တာကြောင့် သူတို့နှစ်ယောက်က သူငယ်ချင်းအဖြစ်နဲ့ပဲအတူရှိနေနိုင်မှာပါ။ Omega တစ်ယောက်က Alpha တစ်ယောက်ကို လက်ထပ်ရမယ်ဆို
သူသေချာပေါက် ရှို့ရီထယ့် ကိုပဲ ရွေးချယ်မှာပါ။ကားလို့စ်  က ဒီအတွေးတွေကို လျှို့ဝှက်စွာတွေးတောနေခဲ့တာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။

Queen ရဲ့ ဆင့်ကဲပြောင်းလဲမှု နောက်ဆုံးအဆင့်မတိုင်မီ 5 နာရီအလို

"ဘယ်လိုအခြေနေကြီလဲ၊ Wind & Thunder မှာ မကောင်းတာတစ်ခုခု ဖြစ်နေပြီလား?"

"Omega တစ်ယောက် ရောပါနေတာလား?"

"လူသားမျိုးနွယ်ကံကြမ္မာနဲ့သက်ဆိုင်တဲ့တာဝန်ကို ဟာသလုပ်နေတာလား?"

"သေချာစေ့စပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ရမယ်၊ မြင်သာထင်သာရှိတဲ့ စစ်ဆေးမှုမျိုး"

"ငါထင်တာ ဒါက Zerg တွေရဲ့ ကြံစည်မှု ဖြစ်နိုင်တယ်၊ နှစ်ပေါင်းများစွာ လေ့လာထားတဲ့ ငါ့ရဲ့အတွေ့အကြုံအရပြောရရင် Zerg တွေက ကပ်ပါးကောင်တွေအဖြစ် သန္ဓေပြောင်းသွားပြီး Omega တစ်ယောက်ရဲ့ ခန္ဓာကိုယ် ကိုအပိုင်စီးပြီး Queen ကို လုပ်ကြံမယ့် အစီအစဉ်ကို ဝင်ဖျက်တာပဲ ဖြစ်ရမယ်"

"တကယ်ကြီးလား?Zerg တွေက ကပ်ပါးကောင်အဖြစ်သန္ဓေပြောင်းနိုင်ပြီလား?ဒါကြောက်စရာကောင်းတယ်!!"

"ငါ့အဖွဲ့နဲ့ငါက ဒါကိုအာမခံပေးနိုင်တယ်။ စိတ်ဝင်စားလို့ရှိရင် ငါ့ Homepage မှာ တင်ထားတဲ့ လေ့လာတွေ့ရှိချက်တွေကို သွားကြည့်နိုင်ပါတယ်"

"wow...ငါ့ရဲ့ Idol Mrs. ရှို့ရီထယ့် က အရမ်းသန်မာတာပဲ.."

ဗျူဟာခန်းမမှာ ဖြစ်ပွားနေတဲ့ ပရမ်းပတာ အခြေနေကို Starnetwork ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် ပြည်သူတွေအားလုံးက ဒါတွေကို မြင်တွေ့နေရပါတယ်။ မရေမတွက်နိုင်တဲ့ Message အရေအတွက်တွေကလဲ တစ်စက္ကန့် ကို တစ်မီလီယံနှုန်းလောက်နဲ့ မြင့်တက်လာနေပါတယ်။

ပရမ်းပတာ အခြေနေရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ ကားလို့စ်  ကို သီးသန့်ခန်းဆီခေါ်ဆောင်သွားဖို့ကြိုးစားနေတဲ့ ရှို့ရီထယ့် ကို လုဟန် ကြည့်နေခဲ့ပါတယ်။ကားလို့စ်  ကိုဝန်းရံနေတဲ့ သူတွေက တိုက်ရည်ခိုက်ရည်ပြည့်ဝနေတဲ့ တပ်သားတွေဖြစ်နေတာကြောက့် ထင်သလောက်မလွယ်ကူလှပါဘူး။ ဒါ့အပြင် ကားလို့စ်  ရဲ့ Pheromone က ရှို့ရီထယ့် အပေါ် သက်ရောက်မှု ပြင်းတာကြောင့် ရှို့ရီထယ့် ရဲ့စိတ်တွေ ရှုပ်ထွေးနေခဲ့တယ်။

ကားလို့စ်  ရဲ့ Pheromone အနံ့ကအရမ်းထူးဆန်းပါတယ်။လေထဲမှာ ပျံ့လွှင့်နေတဲ့ပြင်းထန်တဲ့ ချိုအီအီအနံ့ကြောင့် လုဟန် လို Beta တစ်ယောက်တောင် ရေနစ်သလို အသက်ရှု ကြပ်လာခဲ့ပါတယ်။Mech ထဲမှာရှိတဲ့ Alpha တွေအတွက်ကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ Alpha တစ်ယောက်က ပိုသန်မာလေ Pheromone ရဲ့ ဆွဲဆောင်မှုက ပိုပြီးသက်ရောက်လေပါပဲ။ဒါကြောင့် ကားလို့စ်  အနားကပ်ဖို့ အတော်လေးခက်ခဲနေခဲ့ပါတယ်။

ဒါက မူမမှန်တဲ့ အခြေနေတစ်ခုပါ။ ကားလို့စ်  ရဲ့ ပုံစံ က ဟော်မုန်းဆေး တစ်ခုခု ထိုးခံထားရသလိုဖြစ်နေပါတယ်။ဟော်မုန်းဆေးတွေက Omega တွေရဲ့ Gland အပေါ်သက်ရောက်မှုရှိပြီး Heat ဝင်ဖို့ လွယ်ကူစေပါတယ်။ ကားလို့စ်  လို သန့်စင်တဲ့ Omega တစ်ယောက် က ဟော်မုန်းဆေး သုံးလိုက်တဲ့ အခါ ဂြိုလ်တစ်ခုလုံးပေါ်က Alpha တွေကို စိတ်လွတ်သွားစေခဲ့ပါတယ်။

အခြေနေတွေက ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်တော့မယ့်ပုံပါပဲ။ Wind & Thunder ရဲ့ Mech တပ်ဖွဲက စစ်မြေပြင်မရောက်ခင်မှာပဲ အချင်းချင်းတိုက်ခိုက်နေခဲ့ကျပါပြီ။အစဉ်အလာကြီးမားခဲ့တဲ့ Wind & Thunder ရဲ့ Mech တပ်ဖွဲ့ အဖြစ်က မျက်နှာတောင်မပြရဲစရာတွေ ဖြစ်ကုန်ခဲ့ပါပြီ။

လုဟန် က Starship ရဲ့ စနစ်တစ်ခုကို ဆက်သွယ်လိုက်တယ်။

"အရေးပေါ် အစီအစဉ် X ကို အသက်သွင်းမယ်"

စက်ပိုင်းဆိုင်ရာအသံတစ်ခုကထုတ်လွှင့်ချက်တစ်ချို့ကိုစတင်ကြေငြာခဲ့ပါတယ်။

"အရေးပေါ်အစီအစဉ် X ကို အသက်သွင်းလိုက်တာနဲ့ အပြင်းစား အိပ်မွေ့ချ gas တွေကို ထုတ်လွှတ်ပါမယ်။ဒီ Gas တွေက Heat ဝင်နေတဲ့ Omega နဲ့ Omega Pheromone သက်ရောက်မှုကို ခံစားနေရတဲ့ Alpha တွေပေါ်မှာပဲ အာနိသင်သက်ရောက်ပါလိမ့်မယ်။ကုသဖို့ ကြာမြင့်ချိန်က 24 နာရီဖြစ်ပါတယ်။ လုပ်ဆောင်ရန် အတည်ပြုပါ"


" အတည်ပြုပါတယ်"

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဗျူဟာခန်းမ တစ်ခုလုံး ပြန်လည်ငြိမ်သက်သွားခဲ့ပါပြီ။ မမျှော်လင့်စွာနဲ့ပဲ ရှို့ရီထယ့် က အခုထိ မတ်တပ်ရပ်နေနိုင်တုန်းပါ။ရှို့ရီထယ့် ရဲ့ မျက်ဝန်းတွေက နီရဲနေပြီး ချိနဲ့တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ လုဟန် ဆီကို လှမ်းလာနေပါတယ်။ ပစ်လဲ မကျမှီ အချိန်လေးမှာ လုဟန် ဖမ်းဆွဲထားနိုင်ခဲ့ပါတယ်။

လုဟန် ကို ဖက်တွယ်ထားတဲ့ ရှို့ရီထယ့် ရဲ့ လက်တွေမှာ အပြာရောင်သွေးကြောတွေ ဖြစ်နေတာကို မြင်လိုက်ရပါတယ်။

" ဒုတပ်မှူးရိုင်နာ ငါ့ကို နိုးထအောင်လုပ်ဖို့ မင်းကို အမိန့်ပေးတယ်"

ရှို့ရီထယ့် တစ်ယောက် ရိုင်နာအကြောင်းကို ကောင်းကောင်းသိပါတယ်။ လုဟန် သူမပါပဲ ဒီ တာဝန်ကို ဆက်လက်ထမ်းဆောင်မယ်ဆိုတာကိုလဲ သိနေခဲ့ပါတယ်။တစ်ယောက်တည်းသာ သွားခဲ့မယ်ဆိုရင် ဒီလူ သူ့ဆီကို ဘယ်တော့မှ ပြန်မလာနိုင်ဘူးဆိုတာကိုလဲ ရှို့ရီထယ့် သိနေခဲ့ပါတယ်။

" အတိတ်ကဖြစ်ရပ်တစ်ချို့မှာ
အားသုံးပြီး နိုးထစေခြင်းက စိတ်စွမ်းအင်နယ်မြေကို ထိခိုက်စေတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။ စိတ်စွမ်းအင် Level F အထိကျသွားခဲ့ရင် ဘယ်လိုမှ Mech တွေကို မောင်းနှင်လို့မရပါဘူး"

လုဟန် ရဲ့ အသံက အေးဆေးတည်ငြိမ်နေဆဲပါ။

"သောက်သုံးမကျတဲ့ ဝိဉာဉ်စွမ်းအား၊ သောက်သုံးမကျတဲ့ Mech တွေကို ငါဂရုစိုက်ဘူး!!!။ ငါ မင်းတစ်ယောက်တည်းကိုပဲ ဂရုစိုက်တယ်!!!"

ရှို့ရီထယ့် ရဲ့ လက်တွေက သံမဏိတူတွေလိုပဲ ခိုင်ခံ့မာကြောနေပါတယ်။ လုဟန် ရဲ့ လက်မောင်းတွေတောင်နာကျင်မှုကိုခံစားရပါတယ်။ ရှို့ရီထယ့်ရဲ့ မျက်လုံးတွေက နီရဲနေပြီး ဓားမြှောင်တွေကို စိုက်ကြည့်နေခဲ့ပါတယ်။ သူ့ကိုယ်သူ နာကျင်အောင်လုပ်ပြီး နိုးထနေချင်ခဲ့တာပါ။အတန်ကြာ ရုန်းကန်နေပြီးနောက်မှာ ဆေးအရှိန်အကြောင့် ရှို့ရီထယ့် အရာရာကို လက်လျော့လိုက်ရပါတော့တယ်။

ဗျူဟာခန်းမထဲမှာ လူတစ်ချို့ မတ်တပ်ရပ်နေနိုင်ဆဲပါ။ သူတို့တွေအကုန်လုံးကလဲ Beta တွေဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ လူအရေအတွက်နဲ့ မူလအစီအစဉ်ကို ဘယ်လိုမှ လုပ်ဆောင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။

လုဟန် ရဲ့ မထူးမခြားနား အေးစက်တည်ငြိမ်မှုဟာ လူတစ်ချို့ရဲ့ ပူပန်မှုကို ခဏတာမျှ ငြိမ်းအေးစေခဲ့ပါတယ်။ တစ်စုံတစ်ဉီးက အရဲစွန့်ပြီး လုဟန် ကိုမေးလာပါတယ်။

"ဒုတပ်မှူး ရိုင်နာကျွန်တော်တို့ အခု ဘာဆက်လုပ်ကျမလဲ?"

" အရေးပေါ် ကာကွယ်ရေးစနစ်ကို အသက်သွင်းလိုက်တော့"

ကျန်ရှိနေတဲ့ Beta တွေက အိပ်ပျော်နေတဲ့ Alphaတွေကို သူ့တို့ရဲ့ အခန်းတွေဆီပြန်ပို့ပေးလိုက်ကျပါတယ်။လုဟန် က ကားလို့စ်  ကို အနီးကပ်စစ်ဆေးကြည့်လိုက်တဲ့ အခါ ဂုတ်ပိုးနားမှာ ရှိတဲ့ သေးငယ်တဲ့ အပ်ပေါက်ရာကို တွေ့လိုက်ရပါတယ်။

ကြည့်ရတာ ကားလို့စ်  ကို တစ်ယောက်ယောက်က ကူညီပြီး အချုပ်ခန်းထဲက ထုတ်ပေးလိုက်ပုံရပါတယ်။အဲ့ လူကို လုဟန် ခန့်မှန်းမိပေမယ့် တိကျသေချာတဲ့ သက်သေရှာဖို့ လိုပါသေးတယ်။

လုဟန် က Queen ရဲ့ အသိုက်ဆီ ကို တစ်ယောက်တည်းထွက်ခွာတော့မှာဖြစ်ပါတယ်။မူလအစီအစဉ်က Queen ကို လုပ်ကြံပြီးတာနဲ့ ပြန်လည်ဆုတ်ခွာဖို့ ကြံစည်ထားတာပါ။ ဒါကြောင့် ပြန်လည်ဆုတ်ခွာရေးအခြေနေအတွက် လူ၂ ဉီး လိုအပ်ခဲ့တာပါ။
အကယ်၍ ပြန်လည်ဆုတ်ခွာဖို့ အစီအစဉ် မရှိဘူးဆိုရင် ဒီတာဝန်ကို လုဟန် တစ်ယောက်တည်း ထမ်းဆောင်နိုင်ပါတယ်။

{ပြည်သူလူထုရဲ့ အကောင်းမြင်မှုတွေကို ရဖို့ ဘာမှတောင် မလုပ်ရသေးခင် မင်း သေဖို့အချိန်ကျ နီးလာနေပြီ}

အဖြစ်အပျက် အစအဆုံးကို မြင်တွေ့နေရတဲ့ လက်ထောက်လေးက သံသယအပြည့်နဲ့ လုဟန် ကို စိတ်ချင်းဆက်သွယ်ပြီး မေးမြန်းလိုက်တယ်။လူသစ်တစ်ယောက်အနေနဲ့ လုဟန် က တကယ်ကိုတော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အလုပ်ကို သဘာဝကျကျ ချောမွေ့အောင်လုပ်ဆောင်နိုင်တယ်။ OOC သတိပေးချက် တစ်ခါလေးတောင် ပြောစရာမလိုအောင် အဆင်ပြေပြေလုပ်ဆောင်နိုင်တယ်လေ။

{Butterfly effect ဆိုတာဘာလဲ မင်းသိလား?Light brain ကိစ္စက တမင်တကာပျက်စီးဖို့ ငါထားခဲ့တဲ့ လိပ်ပြာတောင်ပံလေးလေ}

{ ငါမင်းကိုနည်းနည်းလေးစားလာပြီ။ မင်းအခုသေဖို့သွားတော့မှာလား?ငါတို့လို လက်ထောက်လေးတွေဆီမှာ နာကျင်မှုကိုခုခံတဲ့စနစ်ရှိတယ်လေ၊ ဝန်ထမ်းတွေကို စိတ်ပိုင်းဆိုင်ရာအရိပ်တွေမလွမ်းမိုးအောင် သေဆုံးမှုတွေမှာ နာကျင်မှုမရှိအောင် လုပ်ပေးထားပါတယ်ကွ}

{ အလျင်မလိုပါနဲ့ ၊ ငါမီးနည်းနည်းလောက် မွှေး လိုက်ဉီးမယ်}

Coma အနေအထားဖြစ်နေတဲ့ ကားလို့စ်  ကို လုဟန် သယ်ဆောင်ပြီး ကင်မရာမြင်ကွင်းလွတ်ရာဆီကို သွားခဲ့တယ်။Star network ပေါ်က လူတွေကတော့ လုဟန် ရဲ့ အိပ်ငွေ့ချ အစီအစဉ် ကြောင့် Shock ရနေကျပြီ။ လုဟန် ကင်မရာမြင်ကွင်းကနေ ပျောက်ကွယ်သွားတာကိုတောင် ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။

"Wind & Thunder ရဲ့ Alpha 90% လောက်ကို သူက အိပ်ငွေ့ချလိုက်ပြီ၊ သူက တာဝန်ကို ဆက်မလုပ်တော့ဘူးလား?"

" ရိုင်နာဟာ့ဒ် က လူသားမျိုးနွယ်အတွက် အပြစ်သားပဲ၊Wind & Thunder က ဒီ ကျရှုံးမှုကြောင့် အရှက်ကွဲရလိမ့်မယ်"

"ရိုင်နာဟာ့ဒ် ကိုရုံးတင်စစ်ဆေးဖို့ ပြင်းပြင်းထန်ထန်ဆန္ဒပြုပါတယ်။ သူ့ကို တစ်သက်တာ ပြည်နှင်ဒဏ်ပေးလိုက်ပါ"

"ကြည့်ရတာ သူ က Zerg တွေရဲ့ Spy ဖြစ်ရမယ်။ ဒီကပ်ပါးကောင်က ကြောက်စရာကောင်းတယ်"

Star network ပေါ်က ထင်မြင်ချက်တွေကို ဖြေရှင်းဖို့ လုဟန် မှာ စွမ်းအားမရှိပါဘူး။ ကားလို့စ် ကို အချုပ်ခန်းထဲက ကုတင်ပေါ်ပစ်တင်လိုက်ပြီး နောက်မှာ မျက်နှာကြက်အက်ကွဲကြောင်းထဲမှာ ရှိတဲ့ သေးငယ်တဲ့ ကိရိယာလေးကို ရှာတွေ့ခဲ့ပါတယ်။

ဒီအချုပ်ခန်းထဲမှာ အကာကွယ်မဲ့ကင်မရာလေးကို လုဟန် တပ်ဆင်ထားခဲ့တာပါ။ Wind & Thunder မှာသစ္စာဖောက်ရှိနေတယ်ဆိုတာ လုဟန် သိခဲ့တာကြာပါပြီ။ ဒါပေမယ့် ကားလို့စ်  အချုပ်ထဲ မရောက်ခင်အထိ ဘယ်သူမှန်း သေချာ မသိခဲ့ရပါဘူး။ကားလို့စ်  ရဲ့ Heat မတော်တဆမှု ဖြစ်ပြီးချိန်ကတည်းက သစ္စဖောက်ကောင်က Starshipရဲ့ ကိုယ်ပိုင် ဆက်သွယ်ရေးလိုင်းကို သုံးပြီးဆက်သွယ်မှု တစ်ချို့လုပ်ဆောင်တာကြောင့် သဲလွန်စတစ်ချို့ရခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်မှုမှာပါဝင်တဲ့ အကြောင်းအရာအသေးစိတ်ကို လုဟန် မသိပေမယ့် သူတို့ရဲ့နောက်ကွယ်ကညရည်ရွယ်ချက်ကို လုဟန် ရိပ်မိခဲ့ပါတယ်။ ဒါကြောင့် Star ship ရဲ့တစ်ချို့ နေရာတွေမှာ အကာကွယ်မဲ့ ကင်မရာတွေ တပ်ဆင်ခဲ့တာပါ။

ဒီကင်မရာအမျိုးအစားတွေက အကာအကွယ်စက်ဝန်းမသက်ရောက်နိုင်ပါဘူး။ ကင်မရာရဲ့ မှတ်ဉာဏ်သက်တမ်းက တိုတောင်းလှပါတယ်။ ဒီကင်မရာတွေကို လုဟန် ၊အဲလက်စ် ဆီကနေရခဲ့တာပါ။ ဒါတွေကစမ်းသပ်ဆဲ ပစ္စည်းအမျိုးအစားတွေဖြစ်ပါတယ်။မှတ်တမ်းတင်ပြီးတာနဲ့ ဒါတွေကို ဖျက်သိမ်းဖို့ လိုပါတယ်။ ဒီလို အရေးပေါ်အခြေနေကြောင့်သာ လုဟန် ဒါတွေကို ထုတ်သုံးရတာပါ။

လုဟန် က ပုံတစ်ချို့ကို ထုတ်ယူလိုက်ပါတယ်။အရင်ရက်တွေတုန်း အချုပ်ခန်းထဲမှာ ဖြစ်ပျက်သမျှကို မှတ်တမ်းတင်ထားတဲ့ record ကိုလဲ ထုတ်ယူခဲ့ပါတယ်။.အန်ဒရူး နဲ့ ကားလို့စ်  အပြန်အလှန်ပြောဆိုနေကျတာတွေက အလွန်အရေးပါတဲ့ သက်သေတွေ ဖြစ်နေပါတယ်။ အန်ဒရူး ရဲ့ နောက်ကွယ်က ကြိုးကိုင်သူကိုညသိရဖို့အတွက်အဲလက်စ် ကို အကူညီတောင်းပြီး အန်ဒရူး
Wind & thunder ကို ဝင်ရောက်လာစဉ်က မှတ်တမ်းတွေကို ပြန်ရှာရပါတော့တယ်။

Queen ရဲ့ ဆင့်ကဲပြောင်းလဲမှု နောက်ဆုံးအဆင့်မတိုင်မီ 3 နာရီအလို

ဒေါသထွက်နေတဲ့ Star network ပေါ်က လူတွေက ကင်မရာမြင်ကွင်းပြောင်းသွားပြီး လုဟန် ထိုင်နေတဲ့ ပုံကို မြင်တွေ့လိုက်ရပါတယ်။

"ကျွန်တော်က Wind & Thunder ရဲ့ ဒုတပ်မှူး ရိုင်နာဟာ့ဒ် ပါ။ ကျွန်တော် အခု စုံစမ်းစစ်ဆေးမှု ရလဒ်ကို ကြေငြာမှာဖြစ်ပါတယ်"

လုဟန် ရဲ့ သွင်ပြင်က ကင်မရာရှေ့မှာ အလွန်တည်ငြိမ်လေးနက်နေခဲ့ပါတယ်။

"ရတဲ့နည်းလမ်းသုံးပြီး Mission ကိုဖျက်စီးပစ်"ဆိုတဲ့ စကားအပါအဝင် ကိုယ်ပိုင် ဆက်သွယ်ရေးလိုင်းကနေ အန်ဒရူး နဲ့ Wayne တို့ ဆက်သွယ်ထားတဲ့ ဆက်သွယ်မှု  တွေ ၊ လျိုုဝှက် ကင်မရာက ရရှိတဲ့ Vedio တွေကို လုဟန် ပြသလိုက်တယ်။

Star network တစ်ခုလုံး ဆူပွက်နေတဲ့ အိုးတစ်လုံးပေါက်ကွဲသလိုဖြစ်ကုန်ကျပါတယ်။ ဗိုလ်ချုပ် Wayne ဆိုတာ ဂုဏ်သရေရှိ သမာသမတ်ကျသူအဖြစ် ကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လဲ အာဏာ အတွက် လှုပ်ရှားမှုတွေရှိနေသည့်တိုင် အများပြည်သူက လျစ်လျူရှူထားခဲ့တာပါ။

"ငါပြောသားပဲ Wind & Thunder နဲ့ ဒုတပ်မှူး ရိုင်နာက အပြစ်ကင်းပါတယ်၊ သူက ငါ့တို့ Beta တွေကို ဂုဏ်ရှိစေတယ်။ သူက ငါ့ရဲ့ အလေးစားရဆုံးပုဂ္ဂိုလ်ပဲ"

"အဲ့တာတွေက အတုတွေမဖြစ်နိုင်ဘူးလား?"

"ဘယ်လိုတောင်လားကွာ၊ အဲ့ Vedio တွေမှာ စစ်တပ်ရဲ့ အမှတ်အသားတွေပါနေတယ်လေ၊ မင်းငါ့အတွက် တစ်ခုလောက်ရရင် လုပ်ပေးမလား? "

"ဒါပေမယ့် Queen ကိုလုပ်ကြံဖို့က ဘယ်လိုဖြစ်သွားပြီလဲ? ငါက Bule dream ကြယ်စုပေါ်မှာနေတာပါ ၊ငါတို့ မကြာခဏ Zerg တွေ တိုက်ခိုက်တာခံရတယ်၊ငါ့အဖေ၊ အမေနဲ့ အစ်ကိုတို့တွေက Zerg တွေရဲ့ အစွယ်တွေအောက်မှာသေဆုံးခဲ့ရာတာပါ၊ ငြိမ်းချမ်းတဲ့ နေ့ရက်တွေရောက်လာဖို့ ငါမျှော်လင့်ပါတယ်"

"သူတောင်းစား ဝိန်း ! သူတောင်းစား ! အဲ့ကောင်ကို စစ်ခုံရုံတင်ပြီး သေဒဏ်ပေးလိုက်"

"ဟုတ်တယ် ၊ ငါတို့တွေအဲ့ကောင်ကို သေဒဏ်ပေးဖို့တောင်းဆိုရမယ်၊ ကြောင်သူတော်လိုကောင်၊ဆန်ကုန်မြေလေးကောင်"

Star network ပေါ်က လူတွေရဲ့ ထင်မြင်ချက်တွေက ခေါင်းစဉ်တစ်ခုပြောင်းသွားခဲ့ပါပြီ။ လုဟန်အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်ပြီး ရုံးခန်းရှိရာဆီထွက်ခွာသွားခဲ့ပါတယ်။


Zawgyi code

How to die as heavy as mount TaiWhere stories live. Discover now