တတိယအထပ်ကိုရောက်တာနဲ့ ချင်းယီက လုဟန်ရဲ့အခန်းထဲကို ဝင်သွားလိုက်ပြီး လုဟန်ရဲ့ အမေးသဘောဆောင်တဲ့အကြည့်တွေကို ချင်းယီက အပြုသဘောဆောင်တဲ့လေသံနဲ့ရှင်းပြလိုက်တယ်။
"အခုဆို ငါတို့နှစ်ယောက်က ကောင်းကင်တာအိုအသိအမှတ်ပြုထားတဲ့ လင်မယားတွေဖြစ်နေပြီလေ...."
လုဟန်ရဲ့နှုတ်ခမ်းထောင့်တွေမြင့်တက်သွားတယ်။
"မင်းရဲ့အဝတ်အစားတွေမလဲသေးဘူလားလို့မေးလို့ပါ..."
ချင်းယီ သူ့ကိုယ်သူပြန်ကြည့်လိုက်တယ်။သွေးတွေ ချွေးတွေနဲ့ ညစ်ပတ်နေတာကြောင့် ပုခုံးတွန့်ပြလိုက်ပြီး......
"မင်းရဲ့အဝတ်အစားတွေအကုန်လုံး ငါလဲပိုင်တာပဲလေ...."
ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲခါးရတာကြောင့် လုဟန်တို့နှစ်ယောက်စလုံး ပင်ပန်းနေကြပြီ.....အခန်းထဲက နူးညံ့တဲ့အိပ်ယာကြီးကို မြင်လိုက်တာနဲ့ နှစ်ယောက်သားအဝတ်တွေချွတ်ပြီး နှစ်ချိုက်စွာအိပ်စက်အနားယူလိုက်ကြတယ်။
လုဟန် လှပတဲ့အိမ်မင်တစ်ခုမက်ခဲ့တယ်။အိမ်မက်ထဲမှာ.....လူတစ်ယောက်နဲ့အတူ ရေကန်ထဲမှာ ပူးကပ်နေတယ်....ရေကန်ထဲကရေတွေက နည်းနည်းတော့ နွေးတယ်။ထိုလူက သူ့ကို နူးညံ့စွာ ပွတ်သပ်ပေးနေတယ်။တကယ်တော့ လုဟန် အိမ်မက် မက်နေတာမဟုတ်ပေ.....
လုဟန် အိပ်ယာနိုးလာခဲ့ပြီ.....
မျက်လုံးတွေဖွင့်ကြည့်လိုက်တဲ့အခါ ရေနွေးတွေဖြည့်ထားတဲ့ ရေချိုးကန်ထဲကိုရောက်နေမှန်း သိလိုက်ရတယ်။သူ့ကျောပြင်နဲ့ထိတွေ့နေတာက အေးစက်တဲ့ရေကန်ဘောင်တစ်ခုမဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သန်မာကြံ့ခိုင်တဲ့ရင်အုပ်တစ်ခုဖြသ်နေတယ်။ထိုလူက လုဟန်ကို ပွေ့ဖက်ထားပေးတယ်။
မသက်မသာဖြစ်နေရတာကြောင့် လုဟန် လှုပ်ရှားလိုက်မိတယ်။
"နိုးပြီလား?"
နောက်ဘက်ကနေ ချင်းယီရဲ့အသံကိုကြားလိုက်ရတယ်။
"ဘယ်လိုဖြစ်လို့ ဒီထဲရောက်နေတာလဲ??"
"မင်းကိုကြည့်ရတာ သုံးရက်လောက်အိမ်ကနေ ထွက်ပြေးသွားတဲ့ ကြောင်လေးနဲ့တူနေတယ်။မင်းကိုကြည့်ရတာ သနားလွန်းလို့ ရေချိုးပေးမလို့....လာပါ...မျက်လုံးတွေမှိတ်ထားလိုက်"

YOU ARE READING
How to die as heavy as mount Tai
Adventureဝိညာဉ်သန့်စင်ရေးရာဌာနရဲ့ အလုပ်သင်သစ်လေး Lu heng ရဲ့ တာဝန်ထမ်းဆောင်ခြင်းများ