Zawgyi
မုန့်ချူ မချက်ချင်ဘူး။ ကံကောင်းလို့ (ချန်အိမ်တော်က) အိမ်အကူတွေက ပါဝင်ပစ္စည်းများပြင်ဆင်ပေးလိမ့်မယ်။ အဲ့တာက ချက်ပြုတ်ရတာပိုလွယ်ကူသွားစေတယ် ။
ကောက်ညှင်းထမင်းနှင့် ပဲနီလေးအလိပ်များ လုပ်ပြီးတော့ မုန့်ချူသည် ကြာစွယ်ကြော်ကို မီးဖိုချောင်ထဲက မထွက်ခင် လုပ်လိုက်သေးတယ် ။ များသောအားဖြင့် မုန့်ချူသည် ဟင်းပွဲအနည်းငယ်ကိုသာ ချက်ပြုတ်ပြီး သူမ၏ဇာတ်ရုပ်ကို သရုပ်ဆောင်သည် ။
ဒါပေမဲ့ သူမသတို့သားလောင်းနှစ်သက်တဲ့သူက တရုတ်ကိုပြန်လာနေပြီ ။ သူမရဲ့ခံစားချက်များကိုဖော်ပြရန် ဟင်းပွဲအနည်းငယ်ကိုသာ ချက်ပြုတ်သည် ။
သေချာတာပေါ့ ၊ အိမ်အကူတစ်ယောက်က သခင်မကြီးချန်ကို သွားပြောသည်။
" သခင်မကြီး ၊ မမလေးမုန့်လည်း အင်တာနက်ပေါ်ကသတင်းတွေကို တွေ့ မိမှာပဲ။ ဒီနေ့သူမ ဟင်းနှစ်မျိုးပဲ ချက်တယ်။ သူမ အားတင်းထားပြီး ပြုံးနေတာပဲ မြင်ရတယ် "သခင်မကြီးချန် - "ကျင်းဖန်ကို ဖုန်းဆက်ပြီး ညစာလာစားဖို့ ပြောထားလား "
အိမ်တော်ထိန်းက ပြန်ဖြေတယ်။ " ဟုတ်ကဲ့ ၊ သခင်လေးက သူသိတယ်လို့ ပြောတယ် "
ချန်ကျင်းဖန်က မုန့်ချူနဲ့စေ့စပ်တော့မယ်ပြောတုန်းက သခင်မကြီးချန် အရမ်းကိုပျော်ရွှင်ခဲ့တယ်။ ဒီကလေးမ မုန့်ချူမှာ နူးညံ့တဲ့စိတ်နေစိတ်ထားရှိပြီး ကိုင်တွယ်ရလွယ်တယ်လို့ ခံစားခဲ့ရတယ်။ အဓိကအချက်က လေးစားမှုရှိပြီး သူမ၊ကိုယ့်ကိုကိုယ်လေးစားဖို့ပဲ။ သူမ မုန့်ချူရဲ့ ဟင်းလျာတွေကို စားရတာနှစ်သက်တယ်။ သူမ အမြဲတမ်းငါ့(သခင်မကြီး)အတွက်အပြေးအလွှားချက်ပြုတ်ပေးခဲ့တယ်။
ငါ မုန့်ချူကိုအထင်မသေးပေ။ ငါအနှစ်သက်ဆုံးဇာတ်ကောင်မဟုတ်ပေမဲ့လည်း သူမရဲ့အကျင့်စရိုက်ကို အလွန်နှစ်သက်သည်။ ဒီခံစားချက်က အရမ်းကွဲပြားပြီးမတူညီပေ။ ငါနဲ့တော့ဆန့်ကျင်ဘက်ပဲ။
ချန်ကျင်းဖန်သည် ညနက်မှသာပြန်လာသည်။
မုန့်ချူနှင့် သခင်မကြီးချန်တို့သည် ဧည့်ခန်းထဲတွင် TV ကြည့်နေကြသည်။
အိမ်တော်ထိန်းသည် သခင်လေးပြန်လာတာကိုကြားသောအခါ ပျော်ရွှင်စွာဖြင့် အလျှင်အမြန် ရောက်လာပြီး နှုတ်ဆက်သည် ။
YOU ARE READING
ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)
RomanceType- Web Novel (CN) Genre- Comedy Josei Romance Status in COO 61 Chapters + 2 Extras (Completed) Author(s) - 桃花引(The Villain's Reborn Ex-girlfriend ရေးတဲ့Author) This novel is not mine . #Just Myanmar Fan Translation . English Translate from MTLNo...