18. Chapter (9.2)

652 115 0
                                    



Hay I'm comeback//


စင်မြင့်ပေါ်တွင် မုန့်ချူနှင့်ယုပိုင်တို့ ကောင်းစွာ အတူတကွ သီဆိုခဲ့ကြ၏။ ပရိသတ်အများအပြားက ဗီဒီယိုရိုက်ကူးရန် သူတို့၏ဖုန်းကို ထုတ်ခဲ့ကြသည်။ အော်ဟစ်သံက ပိုလို့တောင် ကျယ်လောင်သွားတယ်။


နှစ်ယောက်သား အနေအထားပြောင်းကာ နောက်ပြန်ရပ်လိုက်သည်။ မုန့်ချူသည် ယုပိုင်နှင့် တူညီသော ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီတိုနှင့် ဘွတ်ဖိနပ်ကိုလည်း ၀တ်ထားသည်။ သူမ၏ခြေထောက်များသည် ဖြောင့်ဖြောင့်တန်းတန်းဖြစ်နေ၏။ ပရိသတ်တွေနဲ့ မျက်နှာချင်းဆိုင်ဖို့ သူမရဲ့ ဆံပင်အရှည်ကို ရွှေ့ခါလိုက်တယ်။ သူမ ပြုံးလိုက်သည့်အခိုက်အတန့်တွင် အမျိုးသားပရိသတ်များ၏အသံသည် အနုပညာရှင်များနောက်ကိုလိုက်သော အဲ့မိန်းကလေးများကို အမှန်တကယ်လွှမ်းမိုးသွားခဲ့၏။


သီချင်းပြီးသွားတဲ့အခါ မုန့်ချူက သူ့နေရာကို ပြန်သွားခဲ့သည်။ Weibo မှ ဂီတဘလော့ဂါတစ်ဦးသည် ဖျော်ဖြေပွဲတွင် မုန့်ချူ သီချင်းဆိုနေသည့် ဗီဒီယိုကို ပြန်တင်ခဲ့သည်။ ဤ Weibo ပို့စ်သည် လူတိုင်းအား အရူးအမူးဖြစ်စေခဲ့ပြီး မကြာမီတွင် မုန့်ချူနှင့်ယုပိုင်တို့ သံပြိုင်သီဆိုနေသည့် ဗီဒီယိုသည် နံမည်ကြီးလာခဲ့သည်။


လူတိုင်း သက်ပြင်းချကြသည်။ အသံက ယုပိုင်လိုမျိုး ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက်နှင့် ဆင်တူတာကြောင့်ပဲ။ အရေးကြီးတဲ့အချက်မှာ အဲ့လူက ရုပ်ရည်ချောမော၊လှပကာ ခြေတံရှည်များ ရှိသည်။ ဒီမိန်းကလေးက ရတနာတစ်ပါးပဲ။


ချန်ကျင်းဖုန်းနဲ့ဟယ်ရှို့တို့ရဲ့ ဗီဒီယိုဟာ ချမ်းသာတဲ့လူ့အဖွဲ့အစည်းကို ထိတ်လန့်စေပြီးနောက် ဖျော်ဖြေပွဲက မုန့်ချူရဲ့ဗီဒီယိုဟာ ဖျော်ဖြေရေးအသိုင်းအဝိုင်းကို နောက်ထပ်တစ်ခါ ထိတ်လန့်စေခဲ့တယ်။


လူတိုင်းထင်ခဲ့ကြတာက မုန့်ချူက ချန်ကျင်းဖုန်းကို အရမ်းချစ်တာကြောင့် ချန်ကျင်းဖုန်းပြောသည့်အတိုင်း သူမလုပ်လိမ့်မယ်။ သူမ လေမုန်တိုင်းထဲတွင် မဆိုင်းမတွရပ်နေလိမ့်မည်။ သူတို့ရဲ့စေ့စပ်ပွဲ ပျက်သွားတုန်းကလိုပဲ မုန့်ချူကဟန်ဆောင်နေပြီး အရမ်းဝမ်းနည်းနေတယ်လို့ လူတိုင်းကထင်နေကြသည်။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now