19. Chapter (10.1)

605 103 0
                                    



မုန့်ချူနဲ့လုကျင်အန်းတို့ဟာ နောက်နေ့မနက် ကော်ဖီဆိုင်မှာ တွေ့ဆုံခဲ့ကြတယ်။ မုန့်ချူ စောစောရောက်လာပြီး လုကျင်အန်းကိုစောင့်ရင်း ဖျော်ရည်တစ်ခွက်ကို မှာလိုက်သည်။


မိနစ်အနည်းငယ်ကြာပြီးနောက် လုကျင်အန်း တက္ကစီပေါ်မှဆင်းလာခဲ့သည်။


လုကျင်အန်း ကော်ဖီဆိုင်ဆီသို့ အနောက်တွင်ဖြာကျနေသောအလင်းရောင်တို့ဖြင့် လျှောက်လာသည်ကို မြင်လိုက်ရတော့ မုန့်ချူသက်ပြင်းချလိုက်သည်။ သူက တကယ်ကိုကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ သူ့အကြည့်နဲ့ စိတ်နေစိတ်ထားက လူတော်တော်များများ လက်လှမ်းမမီနိုင်လောက်အောင်ပဲ။


ကော်ဖီဆိုင်တံခါးဝသို့ရောက်သောအခါ လုကျင်အန်း သူ့လက်ကောက်ဝတ်ကိုထိကာ သူ့အဝတ်အစားများကိုကြည့်ပြီး မုန့်ချူ၏လိုအပ်ချက်များနှင့်ကိုက်ညီအောင် သေချာလုပ်ပြီးနောက် ဝင်လာခဲ့သည်။


သူ့ကုမ္ပဏီကပရိုဂရမ်မာများ၏ လစာအပေါ်အခြေခံ၍ လစာ slip အတုကို ရိုက်နှိပ်ရန် သူ့လက်ထောက်ကိုပင် တောင်းဆိုခဲ့သည်။

(T/n – Slip ဆိုတာ လစာထုတ်ရင် ဘယ်လောက်ရတယ်ဆိုတဲ့ စာရွက်ထင်တယ်။)


မုန့်ချူ ဖြတ်ဝင်ထိုင်လိုက်ကာ လုကျင်အန်းကပြောလာတယ် - "မိန်းကလေးမုန့်၊ မင်းရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းဖို့အတွက် အချိန်ဘယ်လောက်ယူဦးမလဲ မသိဘူး။?"


မုန့်ချူ - "အဲ့တာ ဖျက်သိမ်းလိုက်ပါပြီ။"


တိုက်ဆိုင်မှုတစ်ခုအနေနဲ့ နားလည်ထားလိုက်တာက ပိုကောင်းပါတယ်။ လုကျင်အန်း သူ့အိတ်ကပ်ထဲမှ လစာစာရွက်ကိုယူကာ စားပွဲပေါ်တင်လိုက်သည်။


မုန့်ချူ တောင်းပန်စကားဆိုလိုက်တယ် - "ဒီအတောအတွင်းမှာ ငါတစ်စုံတစ်ခုကို ရှာတွေ့ခဲ့တယ်။ ကျွန်မရဲ့တစ်ကိုယ်တော်ဘဝကို ပျော်ရွှင်ချင်တယ်။ လောလောဆယ် ချိန်းတွေ့လို့မရသေးဘူး။"

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now