17. Chapter (9.1)

669 94 6
                                    


Hello ကိုယ်ပြန်လာပါပြီ။ ဒီနေ့ကံထူးသူလေးကိုသိရမှာနော် ပေါင်ပေ့တို့

ကိုယ်ဘာသာပြန်တာ ပထမဆုံးမို့အမှားပါရင် ခွင့်လွှတ်ပါနော်။ 


................................................................................................................................................................


မုန့်ချူ စတိတ်စင်ရဲ့ ပထမတန်းကခုံမှာ ထိုင်နေသည်။ သူမသည် ဖျော်ဖြေရေးအဖွဲ့သားများမှ ပံ့ပိုးပေးသော light stick ကို ကိုင်ဆောင်ထားသည်။ သူမရဲ့ထင်ရှားတဲ့အသွင်အပြင်ကြောင့် သူ့ပတ်ဝန်းကျင်မှ လူတော်တော်များများက သူမကို မကြာခဏလှည့်ကြည့်ကြတယ်။


ဖျော်ဖြေပွဲ မစသေးပေမယ့် အခင်းအကျင်းကအရမ်းကောင်းမွန်နေပြီ။


အိမ်ခြံမြေအေးဂျင့်မှဝန်ထမ်းသည် မုန့်ချူဆီ WeChat မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့သည်။ အဲ့တာက လေလံပွဲအပြင်မှာရှိတဲ့ ဓာတ်ပုံတစ်ပုံပဲ။ သူရောက်လာပြီး ထွက်မပြေးခဲ့တာကို သူ မုန့်ချူကိုပြချင်တာ။


လေလံပွဲအပြင်ဘက်မှာ ရပ်နေတဲ့ အိမ်ခြံမြေကိုယ်စားလှယ်က အရမ်းထိတ်လန့်သွားတယ်။ ယနေ့တွင် မုန့်ချူထံမှ ကော်မရှင်ခ မရရှိခဲ့ပေ။ ဒါပေမယ့် ဒီလိုကိစ္စမျိုးအတွက် သူစိတ်မချမ်းသာလို့ မစ္စတာမုန့်ကိုလာရှာတာ မဟုတ်ဘူး။ သူ အရိုက်ခံရမှာကို ကြောက်နေရုံပဲ။


မိနစ် ၂၀ စောင့်ဆိုင်းပြီးနောက် လေလံခန်းမထဲသို့ နောက်ထပ်လူများ ဝင်ရောက်လာသည်။ အမျိုးသားအများစုသည် အထက်တန်းစား၀တ်စုံပြည့်များနှင့် သားရေဖိနပ်များကို ဝတ်ဆင်ထားကြသည်။ အမျိုးသမီးများသည် သူတို့၏ အလန်းစား၀တ်စားဆင်ယင်မှုကို ပိုမိုအာရုံစိုက်ကြသည်။ ၎င်းတို့သည် အင်တာနက်ပေါ်တွင်သာ မြင်တွေ့နိုင်သော ဇိမ်ခံပစ္စည်းများဖြစ်ကြသည်။


မုန့်ကျန်းသည် အမျိုးသားတစ်ယောက်နှင့်အတူ ကားပေါ်မှဆင်းလာသည်ကို အိမ်ခြံမြေအေးဂျင့်ကမြင်လိုက်ရပြီး သွားများကိုအံ့ကြိတ်ကာ အမြန်ပြေးသွားခဲ့သည်။ သူသည် သူ၏ပရော်ဖက်ရှင်နယ်အရည်အသွေးများကို အသုံးပြုခဲ့သည်။ သူရဲ့မက်ဒရင်းက အထူးစံနှုန်းတစ်ခုပင် - "မစ္စတာမုန့် ခင်ဗျားငှားချင်တဲ့တိုက်ခန်းကို တစ်ခြားတစ်ယောက်က ဝယ်ချင်နေတာ။ အဲ့တာကို ရောင်းဖို့စဉ်းစားနေလား။?"

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now