21. Chapter 11 (1)

600 96 2
                                    


ဟယ်လို မတွေ့တာကြာပြီနော် 


မုန့်ချူ အိပ်ပျော်သွားတယ်။ နောက်နေ့မနက် သူမနိုးလာတော့ #Sky-High Price# ဟူသောခေါင်းစဉ်သည် Weibo hot search တွင်ရောက်နေသည်။ ဖျော်ဖြေရေးဘလော့ဂါတစ်ဦး၏ ပြောကြားချက်အရ ဟယ်ရှို့သည် ကျန်းချူ၏သီချင်းကို ဝယ်ချင်ပြီး ကျန်းချူရဲ့တာဝန်ခံက ယွမ်ငွေ သန်း၃၀ ပေးချေရန် တောင်းဆိုခဲ့သည်။


မနေ့ညက အဖြစ်အပျက်တွေကို ဖုန်းနဲ့ပဲပြောခဲ့ကြတာ။ သတင်းက အရမ်းမြန်တာကြောင့် ဟယ်ရှို့နဲ့ သူ့အဖွဲ့ကလွဲလို့ မုန့်ချူဘယ်သူ့ဆီပေါက်ကြားသွားလဲ မစဉ်းစားနိုင်ခဲ့ဘူး။


လုကောဖေးက သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။ မနေ့က မုန့်ချူက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပေမယ့် စိတ်ကွက်သွားတာကြောင့် ယွမ် သန်း ၃၀ ကို တိုက်ရိုက်တောင်းဆိုခဲ့တယ်။ လုကောဖေး ရေဒီယိုဖျော်ဖြေရေးချန်နယ်တစ်ခုအား ချက်ချင်းဆက်သွယ်လိုက်သည်။ ညနေပိုင်းတွင် သူသည် ကျန်းချူ၏စီမံခန့်ခွဲသူ အထောက်အထားကို အသုံးပြု၍ ထိုကိစ္စကို ရှင်းပြ၏။


အကြောင်းပြချက်မှာ လုကောဖေးသည် အဲ့အကြောင်းကို မစဉ်းစားဘဲ အလွန်အကျွံသောက်ပြီး သူသုံးတဲ့စကားများမှားသွားသောကြောင့် ဟယ်ရှို့နှင့် သူမ၏အဖွဲ့အား တောင်းပန်ရမည်။


လုကောဖေးက မုန့်ချူ စိတ်မပူစေရန်အတွက် သူမကိုထပ်မံပြောပြခြင်းမရှိပေ။


အင်တာနက်ပေါ်ရှိ ကျန်းချူ၏ဂုဏ်သတင်းသည် အလွန်ကောင်းမွန်၏။ သူမကို တိုက်ခိုက်ရသည့် တစ်ခုတည်းသောအကြောင်းပြချက်က သူမအဲ့ကိစ္စကိုစောစောစီးစီး မရှင်းပြသောကြောင့်ပင်။ ဒီခေါင်းစဉ်ကို ရှာဖွေအမြင့်ဆုံးပြီးတဲ့နောက်မှာတော့ လူတော်တော်များများ ကျန်းချူအတွက် ပြောပေးခဲ့ကြသည်။


ရေဒီယိုဌာနတစ်ခု၏ ဖျော်ဖြေရေးအစီအစဉ်သည် ယခုအချိန်တွင် ကျန်းချူ၏တာဝန်ခံဖြစ်သူနှင့် ညနေပိုင်းခေါ်ဆိုမှု အစီအစဉ်သတင်းကိုလည်း ထုတ်ပြန်ခဲ့သည်။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now