9.Chapter (5.1)

760 136 6
                                    


ပေါင်ပေ့လေးတွေ ကွန့်မန့်မှာ မေးထားတာတွေ့လို့ 

ML ဘယ်သူလဲမေးနေလို့   Spoiler ချင်လို့သွားဖတ်နေတာ 

နည်းနည်းနောက်ကျသွားတယ်  Sorryပါနော်

လုကျင်အန်း က ML ပါနော်


မုန့်ချူ နှင့် လွီမုန့် အတူတူ ထမင်းစားနေကြတဲ့အချိန်တွင် မစ္စချန် ထံမှ ဖုန်းဝင်လာသည်။ မစ္စချန်သည် မုန့်ချူထံ တက်ကြွစွာ ဆက်သွယ်ခဲသည်။ မုန့်ချူကို လိုအပ်သည့်အခါတိုင်း၊ သူမသည် အိမ်တော်ထိန်းကိုသာ မုန့်ချူဆီ ဖုန်းဆက်ပြောခိုင်းသည်။


မစ္စချန်က "ဒီည ကော့တေးပါတီတစ်ခုရှိတယ်။ မင်းအဲ့ကို ကျင်းဖုန်းနဲ့အတူလိုက်သွားလိုက်နော်"


မစ္စချန်၏စကားကိုကြားတော့ မုန့်ချူ ၏လေသံက အံ့သြသွားသလို သတိထားပြီး ပြောတယ် "ကောင်းပါပြီ အန်တီ ကျေးဇူးပါပဲ"



မူလဇာတ်လမ်းတွင် ထိုသို့သောဇာတ်ကွက်မရှိခဲ့ပေ။ မုန့်ချူ ထိုကဲ့သို့ဇာတ်ကွက် ရှိ/မရှိ သေချာအောင် အတည်ပြုရန် System အား စစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။


မုန့်ချူရဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ခြမ်းမှာ ထိုင်နေတဲ့ လွီမုန့် က "ဘာကိစ္စရှိလို့လဲ"


မုန့်ချူ က "အဲဒါ အန်တီချန် ပါ။ သူမက ငါ့ကို ဖုန်းဆက်ပြီး ဒီနေ့ ကော့တေးပါတီကို ကျင်းဖုန်း လိုက်သွားပေးဖို့ တောင်းဆိုနေတာ။ ငါ... ကျင်းဖုန်း နဲ့ ကော့တေးပါတီကို အရင်က မတက်ဖူးသေးဘူး။"



မုန့်ချူ သူမသရုပ်ဆောင်တဲ့ အရံအမျိုးသမီးဇာတ်ကောင်က အရမ်းကျော်ကြားတယ်ဆိုတာ မုန့်ချူ မသိခဲ့ပါဘူး။ အခုတော့ အားလုံးက လက်ဖက်ရည်နဲ့ ညစာစားပြီးနောက် လက်ဖက်ရည်သောက်ကြရင်း မုန့်ချူရဲ့ ကိစ္စတွေကို ဆွေးနွေးနေကြပြီဖြစ်သည်။ မုန့်ချူအချစ်သည် အမှန်တကယ် မှားယွင်းနေသည်ဟု သူတို့ခံစားနေမိကြသည်။ 

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now