ဒီကမ္ဘာမှာ မုန့်ချူ၏အမေ ကျို့မိန်က သူ့နံမည်လိုပဲ နူးညံ့တယ်။
ကျို့မိန်သည် သာမန်နောက်ခံကနေ ဆင်းသက်လာတာ။ သူမ မုန့်ကျန်းနှင့်လက်ထပ်ခဲ့တာကြောင့် ချမ်းသာကြွယ်ဝသူ၏ဇနီးဖြစ်လာခဲ့သည်။ ဒီခရီးတွင် သူမသည် ပို၍ နှိမ့်ချလာပြီး သူမ၏ အတွေးများသည် မုန့်ကျန်း၏အတွေးများဖြစ်လာသည်။ ပို၍ နှိမ့်ချ နှိမ့်ချလေလေ၊ သူ့ကိုယ်ပိုင်အတွေးများသည် မုန့်ကျန်းကဲ့သို့ပင် ဖြစ်သည်။
မုန့်ချူ မှတ်မိသေးတယ် သူမကလေးတုန်းက ကျို့မိန် သူမကို ပြုစုစောင့်ရှောက်ခဲ့သော်လည်း သူမ(ကျို့မိန်)အမြဲတမ်း သက်ပြင်းချကာ သူမသည် ယောက်ျားလေးဖြစ်လျှင် ပိုကောင်းမယ်လို့ ပြောလေ့ရှိတယ်။ မုန့်မိသားစုက သားတွေကိုပိုနှစ်သက်တယ်။ အဲ့ချိန်တုန်းက ကျို့မိန်တွင် အခုနှင့်မတူဘဲ သူ့ကိုယ်ပိုင်အတွေးများရှိသည်။
နောက်ပိုင်းတွင် မုန့်ချူ ကြီးပြင်းလာသောအခါ၊ ကျို့မိန်၏ အတွေးအမြင်အချို့ကို ပြုပြင်လိုသော်လည်း ဝတ္ထုတွင်ဇာတ်ပို့နေရာမှ ပါဝင်(ကစား)ခဲ့ရသဖြင့် ကျို့မိန်နှင့် အတူမနေနိုင်တော့ပေ။ အခု သရုပ်ဆောင်လို့ပြီးသွားတော့ ကျို့မိန်ကို ပြန်ပြောင်းလဲသွားအောင် ကြိုးစားသွားမယ်။
မုန့်ချူ မုန့်အိမ်တော်ကိုသွားမှာ။ လွီမုန့် ခဏလောက် စဉ်းစားပြီး "ချန်ကျင်းဖုန်းနဲ့ဆက်ပြီး မတွဲနိုင်တော့ဘူးလို့ နင် ဖုန်းဆက်ပြီး ပြောလို့ရနိုင်လား?"
လွီမုန့်က မုန့်ချူပြန်သွားရင် သူမ ပိတ်မိသွားမှာကို အနည်းငယ် စိုးရိမ်နေခဲ့တယ်။ နောက်ဆုံး... မုန့်မိသားစုသည် ဝံပုလွေတွင်းတစ်ခုဟု သူမထင်သည်။ ဘိုးဘေးမုန့်ကျန်း ၊ ပျော့ညံ့သောကျို့မိန် ၊ မုန့်ချူကို မနာလိုသောညီမ မုန့်မန် နှင့် လွန်ကဲစွာသိမ်ငယ်တက်တဲ့ မုန့်ကွမ်းလည်းရှိတယ်။
ထိုအချိန်တုန်းက လွီမုန့်နှင့် မုန့်ချူတို့ အတူတူကစားကြသည်။ လွီမိသားစုသည် သူတို့၏သမီးကို မကြာခဏ စိတ်ပူပြီး မုန့်ချူအကြောင်းမေးလေ့ရှိတယ်။ မုန့်ချူ၏ ၃ဖက်မြင်သည် မုန့်မိသားစု၏ ၃ဖက်မြင်နှင့် မတူကြောင်း သူတို့သိသွားတဲ့အခါမှသာ သဘောတူခဲ့ကြသည်။
YOU ARE READING
ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)
RomanceType- Web Novel (CN) Genre- Comedy Josei Romance Status in COO 61 Chapters + 2 Extras (Completed) Author(s) - 桃花引(The Villain's Reborn Ex-girlfriend ရေးတဲ့Author) This novel is not mine . #Just Myanmar Fan Translation . English Translate from MTLNo...