7.Chapter (4.1)

797 122 1
                                    


ချန်ကျင်းဖုန်းသည် ဘဏ်ကနေ ကတ်သုံးစွဲမှုအကြောင်းကြားစာကို ပထမဆုံးလက်ခံရရှိခဲ့သည်။ သူ၏ ပထမဆုံးတုံ့ပြန်မှုသည် မုန့်ချူ၏ဘဏ်ကတ် ပျောက်ဆုံးသွားခြင်းပင်။ ကတ်ကို အသုံးပြုသူမှာ မုန့်ချူ မဖြစ်နိုင်ဘူး။ မုန့်ချူ ဘယ်တော့မှ သူ့ကတ်ကို အသုံးမပြုပေ။ အကယ်၍ သူမတစ်ခုခုဝယ်ခဲ့(လိုချင်)ရင်တောင် ပိုက်ဆံဒီလောက် အများကြီးကုန်မှာမဟုတ်ဘူး။


ချန်ကျင်းဖုန်းက မေးတာကို စောင့်မနေဘဲ မုန့်ချူ က ဖုန်းကိုင်ပြီးတာနဲ့ပြောလိုက်သည် - "ကျင်းဖုန်း ၊ ရှင် ကျွန်မ ပိုက်ဆံလျှော့သုံးတာကို မကြိုက်ဘူးမလား။ ကိစ္စမရှိပါဘူး၊ ပိုက်ဆံသုံးဖို့ ကြိုးစားပါ့မယ်"


ချန်ကျင်းဖုန်းသည် ယခု ဖုန်းနဲ့တောင်မှ မုန့်ချူ ၏ နူးညံ့သိမ်မွေ့သောအသွင်အပြင်ကို မြင်ယောင်နိုင်သည်။ သူမမျက်လုံးထောင့်က နီရဲနေပေလိမ့်မည်။ ဒါပေမယ့် ဒီအချိန်မှာ သူက မုန့်ချူပြောချင်တာကို နားမလည်တာ သူဘယ်လိုလုပ်ရမလဲ။


မုန့်ချူ က အသံတိုးတိုးဖြင့် ရှင်းပြသည် - "ရှင့်ရဲ့ စေ့စပ်ထားတဲ့သူဖြစ်လို့ ပိုက်ဆံများများမသုံးရင် ကိုယ့်ဇနီးလောင်းကိုတောင် မထောက်ပံ့နိုင်ဘူးလို့ သတင်းထွက်ပြီး ရှင့်အတွက် အရှက်ရစရာဖြစ်သွားလိမ့်မယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မ ရှင့်ကိုအရမ်းသဘောကျတာသိတယ်မလား။ အတင်းအဖျင်းတွေကို ရှောင်ချင်တာကြောင့် မဟုတ်ရင် ပိုက်ဆံမသုံးချင်ဘူး"

ချန်ကျင်းဖုန်းသည် စကားအနည်းငယ်ပြောလိုက်ပြီး ဖုန်းချလိုက်သည်။


မုန့်ချူ က အရမ်းဝမ်းနည်းသွားတယ် - "ငါ့မှာ အကြွေးဝယ်ကတ်တွေ အလုံအလောက်မရှိလို့ ဖြစ်ရမယ်"

မုန့်ချူက လွီမုန့်ကို ပွေ့ဖက်ပြီး သူမရဲ့ ပုခုံးပေါ် မှီလိုက်ပြီး "မုန့်မုန့် ၊ ငါသူ့ကတ်ကို သုံးပြီးတာတောင် ဘာမှ မလုပ်နိုင်သေးဘူး"

လွီမုန့် က မုန့်ချူ ၏ ပုခုံးကို ပုတ်ပေးရင်း - "အင်း၊ အဲ့တာက အဆင်ပြေပါတယ်။ ချန်ကျင်းဖုန်း တစ်နေ့ကျရင် မင်းက အရမ်းကောင်းတယ်ဆိုတာ သိလာလိမ့်မယ်။"

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now