15. Chapter (8.1)

667 117 2
                                    


အရင်တစ်ပါတ်က အကြွေးလာဆပ်တာ

ဒီဘာသာပြန်သူလေး လိမ္မာတယ်မလားပေါင်ပေ့တို့

................................................................................................................................................................


ချူ လုကောဖေး၏ဘားသို့ရောက်သောအခါ သူမ၏ဘဏ်အကောင့်များ ခဏပိတ်ထားကြောင်း မက်ဆေ့ချ်လက်ခံရရှိခဲ့သည်။ မုန့်ကျန်းက စိုးရိမ်ပြီး မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်ပုံရသည်။


ဖုန်းကိုအဝေးသို့ဖယ်လိုက်ပြီး မုန့်ချူ ပြတင်းပေါက်နားကခုံတစ်ခုံကို တွေ့လိုက်တယ်။


လုကောဖေး ဆိုင်ထဲကနေရာများကို ပြုပြင်နေတယ်။ သူရောက်လာကာ မုန့်ချူကို ဖျော်ရည်တစ်ပုလင်းပေးလိုက်ပြီး သူမကို ဖျော်ဖြေရေးလက်မှတ်တစ်ခုပေးလိုက်တယ်။


လုကောဖေး - "ငါအလုပ်များနေလို့ ဒီconcert ကို သွားလို့မရဘူး။ နင်သွားလို့ရတယ်။ နေရာက ရှာရခတ်တယ်နော်"


ဒါကယုဖေးရဲ့ ဖျော်ဖြေပွဲ(concert)...


ယုဖေးက နာမည်ကြီး ယောက်ျားလေးအဆိုတော်တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ဖျော်ဖြေရေးလက်မှတ်ကို ရဖို့ မလွယ်ဘူး။


မုန့်ချူက ကြယ်ပွင့်နောက် လိုက်တဲ့သူ မဟုတ်ဘူး။ ယုဖေးကိုကြိုက်နှစ်သက်သလို သူမသည် တခြားအဆိုတော်များစွာကို ကြိုက်နှစ်သက်တယ်။ လက်မှတ်ရပြီးနောက် မုန့်ချူပြုံးလိုက်သည်။

(T/n - ကြယ်ပွင့်နောက်လိုက်တဲ့သူဆိုတာက အနုပညာရှင်နောက် လိုက်တဲ့သူပေါ့။)


လုကောဖေး - "နောက်တစ်ခါ နင်ဖျော်ဖြေဖို့ လာရင် ဈေးလျှော့ပေးပေါ့"


ည 7:30 မှာ ဖျော်ဖြေပွဲစတင်ပြီး မုန့်ချူ မပြန်ခင် သူနဲ့(လုကောဖေးလို့ထင်တာပဲ) စကားစမြည်ပြောခဲ့တယ်။ ရလဒ်အနေနဲ့ သူမတိုက်ခန်းကိုပြန်ရောက်တာနဲ့ သူမကိုအတင်းအကြပ်ခိုင်းစေဖို့အတွက် မုန့်ကျန်းရဲ့နည်းလမ်းတွေက အဆုံးမရှိဘူးဆိုတာကို မုန့်ချူသဘောပေါက်သွားခဲ့တယ်။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now