10.Chapter (5.2)

723 153 10
                                    


မနေ့က Bono ရဲ့ Computer ဘာဖြစ်တယ်မသိပါဘူး။ Internet line ချိတ်တာမရလို့။ ဆိုင်သွားပြရမယ်ထင်နေတာ။ ဒီနေ့ အဆင်ပြေလို့တော်သေးတာပေါ့။ အဲ့တာကြောင့် အခုမှတင်လိုက်ရတယ်။



ချန်ကျင်းဖုန်းသည် အေးဂျင့်ဝူဆီက ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် မှောင်မဲနေတဲ့မျက်နှာထားဖြင့် စတိုင်လ်လစ်စတူဒီယိုသို့ အမြန်သွားခဲ့သည်။ သူရောက်တော့ မုန့်ချူ ပြင်ပြီးလို့ အဆင်သင့်ဖြစ်နေပြီ။


Stylist သည် ယနေ့ထူးထူးခြားခြား ပြင်ဆင်ပေးခဲ့သည်။ မုန့်ချူသည် ပေါ့ပေါ့ပါးပါးနဲ့ ဖြူဖွေးတောက်ပြောင်သောဝတ်စုံကို ဝတ်ဆင်ထားပြီး ပင်လယ်ရေမှော်များကဲ့သို့ အနက်ရောင် ဆံပင်ရှည်ကို သူမနောက်ကျောတွင် ဖြန့်ချထားသည်။


တမင်လိမ်းထားသောမိတ်ကပ်က မုန့်ချူကိုပိုပြီးတော့ သနားစရာကောင်းတယ်လို့ ထင်ရစေတယ်။ အဲ့တာက ချန်ကျင်းဖုန်း ပထမဆုံးအကြိမ် မုန့်ချူကို ဒီလိုမြင်ရတာဖြစ်ပြီး ခဏလောက် အံ့အားသင့်သွားစေခဲ့သည်။


ချန်းကျင်းဖုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလာတယ် "မုန့်ချူ ၊ ငါ မင်းနဲ့လက်ထပ်မယ်လို့ ပြောထားတယ်လေ။ မင်း ဘာလို့ ဟယ်ရှို့ကို အခုလို အနိုင်ကျင့်နေရတာလဲ။"



အခန်းထဲမှာ သူမနဲ့ချန်ကျင်းဖုန်းတို့နှစ်ယောက်ပဲ ကျန်ခဲ့တာကို တွေးမိပြီး မုန့်ချူ ရှေ့တိုးလိုက်သည်။ Stylist က ထွက်ပြေးတာအရမ်းမြန်တာပဲ။ မုန့်ချူ ကို ကြည့်ရတာ အသည်းကွဲနေတဲ့ မိန်းမတစ်ယောက်လိုပဲ။ သူမ ရှိုက်ကြီးတငင်ဖြစ်နေပြီး စကားလည်းပြောချင်နေသေးသည်။ နောက်ဆုံးမှာတော့ သူမလက်ကိုဆန့်ထုတ်ကာ ချန်ကျင်းဖုန်း မျက်နှာကို 'ပါး' ရိုက်လိုက်သည်။


ပါးရိုက်လိုက်ပြီးနောက် မုန့်ချူက တိုးတိုးလေး ညည်းညူလိုက်သေးတယ် "ရှင့် ရင်ထဲမှာတစ်ခြားတစ်ယောက်ရှိနေတာ ကျွန်မ မလိုချင်ဘူး"

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now