23. Chapter 12 (1)

447 85 6
                                    


ဟေး မတွေ့ရတာ အရမ်းကြာသွားလို့ မေ့သွားကြပြီလားဟင်

ပြန်လာပါပြီနော်



မုန့်ချူ ထူးခြားတဲ့စွမ်းဆောင်ရည်တစ်ခုကို ဖြတ်သန်းခဲ့ရတယ်လို့ ခံစားရပေမယ့် ချန်ကျင်းဖုန်းကို အကြိမ်ပေါင်းများစွာ အလွဲသုံးစားလုပ်ခွင့်ပေးခဲ့တာတွေရယ် သူမရဲ့အချစ်ဦးလိုဆက်ဆံခဲ့တာကြောင့် ဟယ်ရှို့ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။


မုန့်ချူ၏အဖြေကိုစောင့်မနေဘဲ ဟယ်ရှို့က ဆက်စည်းရုံးနေခဲ့သည် – "ဒါကို နင်မလုပ်ရင် ကျင်းဖုန်း ဘာကို ရင်ဆိုင်ရမယ်ဆိုတာ နင်သိလား။ သူ လူတိုင်း၏စွပ်စွဲချက်တွေနှင့် ရင်ဆိုင်ရလိမ့်မယ် ပြီးတော့ ကုမ္ပဏီရဲ့စတော့စျေးနှုန်းတွေ ဆက်ပြီးကျဆင်းသွားလိမ့်မယ်။ စိတ်ဓာတ်ကျနေရင်တောင် ဒီအဖြစ်အပျက်ရဲ့နောက်ဆက်တွဲကို ဆက်ပြီးရင်ဆိုင်ရလိမ့်မယ်။"


"နင့်ကြောင့် လုကုမ္ပဏီနဲ့ ပူးပေါင်းဖို့ မဖြစ်နိုင်တော့ဘူး။"


မုန့်ချူ: "ကောင်းလိုက်တာ!"


ဟယ်ရှို့ အံ့သြသွားပြီး: "နင်ဘာပြောလိုက်တာလဲ?"


မုန့်ချူ: "တကယ်ကောင်းတာပဲ ဆက်ပြောလေ ၊ လုကုမ္ပဏီနဲ့ မပူးပေါင်းနိုင်တဲ့အပြင် သူ့အတွက် ဘာဖြစ်သွားမလဲ။? ပရောဂျက်တစ်ခုခု ဆုံးရှုံးလိုက်ရပြီး ကုမ္ပဏီရဲ့ပုံရိပ်လည်း ထိခိုက်မှာလား။? မြန်မြန်လေး"အုတ်ခဲခွဲသက်တော်စောင့်က : "မိန်းကလေးမုန့်၊ ချိုချဉ်နည်းနည်း ဒါမှမဟုတ် ဖရဲစေ့တွေ လိုချင်လား? ကျွန်တော့်မှာ လတ်လတ်ဆတ်ဆတ်လှော်ထားတာတွေရှိတယ်"


မုန့်ချူ: "သွား သွားယူလိုက်။"

ဖရဲသီးစားတာကောင်းတယ်လေ။


ဟယ်ရှို့ စကားမပြောဘဲ အကြာကြီးနှုတ်ဆိတ်နေတယ်။ သကြားလုံးများ စားပွဲပေါ်တင်ထားပြီးတာတောင် စကားပြောလာခြင်းမရှိသေးပေ။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now