13.Chapter (7.1)

777 152 7
                                    


ဒီတစ်ပါတ်နောက်ကျသွားတယ်ရယ် စောင့်နေတဲ့သူကောရှိရဲ့လား ဟဲဟဲ  \\>>_<<//



မုန့်ချူ တံခါးခေါက်သံကြားတော့ နံနက်ခင်းရောက်နေပြီ။ သူမ အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် တံခါးဖွင့်လိုက်သည်။ တံခါးမဖွင့်ခင် အပြင်က စကားများရန်ဖြစ်သံများကြားနေရတယ်။ ဂရုတစိုက်နားထောင်ပြီးနောက် အပြင်မှာဘယ်သူတွေလဲဆိုတာ သူမ သိနိုင်ပါတယ်။ တစ်ယောက်က လွီမုန့် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ မုန့်မန်ဖြစ်နိုင်တယ်။


"ဒါက နင့်ကိစ္စမဟုတ်ဘူး။ အဖေက မုန့်ချူကို အခုပြန်ခေါ်လာဖို့ ပြောတယ်"


"မုန့်ချူကို ပြန်ခေါ်သွားပြီးရင် ဘာဆက်လုပ်မှာလဲ? သူ့ကိုပြန်ခေါ်သွားပြီး အနိုင်ကျင့်မှာလား? ချန်ကျင်းဖုန်းဆီပြန်သွားဖို့ ပြောမလို့လား? အိမ်မက်သာမက်နေလိုက်! ငါလွီမုန့် ဒီမှာရှိနေသရွေ့ မုန့်ချူကို ပြန်ခေါ်ပြီး ချန်မိသားစုရဲ့ ဝံပုလွေတွင်းထဲကို ထပ်ပို့ဖို့ မစဉ်းစားနဲ့ !"


"ဒါ ငါတို့မိသားစုကိစ္စ၊ နင်နဲ့မဆိုင်ဘူး!"


မုန့်ချူ တံခါးမဖွင့်ခင် မီးဖိုခေျာင်သို့သွားလိုက်တယ်။


မုန့်ချူကို မုန့်မန်မြင်တော့ "အစ်မ ၊ နင် နုံအလွန်းတယ်။ ပါတီပွဲမှာ ဘယ်လိုပြောလိုက်တာလဲ? နင်နဲ့ ချန်ကျင်းဖုန်း စေ့စပ်ပွဲဖျက်သိမ်းလိုက်တာ ငါတို့မိသားစုအဲ့တာကိုသဘောတူခဲ့လို့လား? မနေ့က နင် မစ္စချန်ကို ရိုင်းစိုင်းလိုက်တယ်။ ချန်အိမ်တော်ကအဖေ့ကို အေးစက်စက်ဆက်ဆံလိုက်တယ်လေ။ သူပြန်ရောက်လာတော့ ဘယ်လောက်တောင် ဒေါသထွက်နေလဲဆိုတာ နင်သိလား?"


မုန့်ချူ သူမလက်ထဲကရေနဲ့ မုန့်မန်ကို ပတ်လိုက်တယ်။


ဝှါး!


မုန့်မန်ဆံပင်တွေ ရေစိုကုန်တယ်။ သူမ မျက်လုံးထဲ ရေများဝင်နေပြီး ဖွင့်လို့မရပေ။ မျက်လုံးခြောက်အောင်သုတ်ပလိုက်တယ်။ ရလဒ်ကတော့ သူမရဲ့mascara တွေ အရမ်းများနေတာကြောင့် ပေပွကုန်တာပါပဲ။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now