6.Chapter (3.2)

842 126 3
                                    


တစ်ချိန်က လွီမုန့်သည် ချန်ကျင်းဖန်အတွက် မုန့်ချူသည်ငွေသုံးစရာမလိုသော စေ့စပ်ထားတဲ့သူဖြစ်ကြောင်း မိုက်မဲသော အတင်းပြောတာကိုလည်း ကြားခဲ့ဖူးသည်။ ချန်ကျင်းဖန်သည် သူမကို လတိုင်းပိုက်ဆံပေးကာ မုန့်ချူကို သူ၏ဒုတိယကတ်ကို ပေးခဲ့သည်။

ဒါပေမယ့် မုန့်ချူ က မသုံးဘူးဆိုတာ ဘယ်သူကသိမှာလဲ။

System - "Host ၊ hostမှာ ခိုင်လုံသောအကြောင်းပြချက်မရှိရင် ၊ ချန်ကျင်းဖန်ရဲ့ကတ်နှင့် ဇာတ်လိုက် Host ကိုပေးထားတဲ့ငွေတွေကို သုံးခွင့်မရှိပါဘူး။ Host မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကို ယူလိုက်တဲ့အချိန်ကစပြီး အရံအမျိုးသမီးဇာတ်ကောင်ရဲ့ လုပ်ပုံလုပ်နည်းအတိုင်း နေရပါမယ်။"

မုန့်ချူ - "ငါ့မှာခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်!"

System - "host! အကြောင်းပြချက်က ဘာလဲ??"

Meng Chu - "အမျိုးသမီးဇာတ်ဆောင် (ဇာတ်လိုက်မ)က တရုတ်ပြည်ကို ပြန်ရောက်လာခဲ့ပြီ ၊ ငါက ချန်ကျင်းဖန်ရဲ့ကတ်နဲ့ လစဉ်ပေးခဲ့တဲ့ ငွေတွေကို စတင်အသုံးပြုခဲ့တယ်။ ချန်ကျင်းဖန်ရဲ့ ကတ်ကို အရင်ကသုံးနေခဲ့တယ်ထင်လား။ မဟုတ်ဘူး၊ ငါက ချန်ကျင်းဖန်ရဲ့စေ့စပ်ထားတဲ့သူဖြစ်ကြောင်း လူတိုင်းကို ပြချင်တာ ၊ အဲ့တာကြောင့် သူ့ရဲ့ကတ်ကို အသုံးပြုနိုင်ပြီ!"

System - "အဲဒါက အဓိပ္ပာယ်ရှိပုံရတယ်"

မုန့်ချူ - " ချန်ကျင်းဖန်ရဲ့ စေ့စပ်ထားတဲ့သူအဖြစ် ငါ့ရဲ့နေရာကို တည်ငြိမ်အောင်လုပ်ရမယ်။"

System - "Host ၊ မင်းနဲ့ချန်ကျင်းဖန်ရဲ့ စေ့စပ်ထားတဲ့အခြေအနေကို လူတိုင်းသိစေချင်တာမလား။ နည်းလမ်းတွေ အများကြီးရှိပါတယ်။"

မုန့်ချူ - "ဒါပေမယ့် ကတ်ကိုအသုံးပြုတာက အဲဒါကိုပြဖို့ အကောင်းဆုံးနည်းလမ်းပဲ"

မုန့်ချူကို တုန်လှုပ်အောင်မလုပ်နိုင်ပေ။ သူမသည် အသံတိုးတိုးဖြင့် ပေါ့ပါးသောအပြုံးလေးပြလာသည် - "သူ့ကတ်ကို ငါသုံးရင် ငါကသူ့ကောင်မလေးဆိုတာ ငါသက်သေပြနိုင်တယ်မလား"

လွီမုန့် - "ဟုတ်ပါတယ်...သေချာတယ်!"

မုန့်ချူ ကတ်ကိုယူကာ လွီမုန့်နှင့်အတူ ဈေးဝယ်ထွက်ခဲ့သည်။ မုန့်ချူသည် ကုန်တိုက်ရှိ ကောင်တာ အသီးသီးကို ကြည့်လိုက်ပြီး လက်ဝတ်ရတနာကောင်တာဆီသို့ တိုက်ရိုက်လျှောက်သွားသည်။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now