11.Chapter (6.1)

749 145 6
                                    


ချန်ကျင်းဖုန်း ဗီဒီယိုအကြောင်း ရှင်းပြလာမယ်လို့ မုန့်ချူ တွေးခဲ့တာ။ မထင်မှတ်ပဲ သူက သူမနဲ့ လက်ထပ်စာချုပ်ကို ဖျက်သိမ်းမယ်တဲ့။ မူရင်းဝတ္ထုတွင် ဇာတ်လိုက်မသည် တရုတ်နိုင်ငံသို့ ပြန်ရောက်လာပြီး အချိန်တစ်ခုကြာပြီးနောက် ချန်ကျင်းဖုန်းသည် သူတို့ရဲ့စေ့စပ်ပွဲကို ဖျက်သိမ်းရန် မူရင်းပိုင်ရှင်ကို လာရှာခဲ့သည်။


အိုး  ဒါက တကယ် စိတ်လှုပ်ရှားစရာကောင်းတာပဲ။


အရံအမျိုးသမီးဇာတ်ကောင်ရဲ့ ဇာတ်ညွှန်းက ပြီးဆုံးသွားပြီးနောက် သူမက ချန်ကျင်းဖုန်းကိုချစ်မြတ်နိုးပြီး နိမ့်ချတတ်တဲ့သူ မဟုတ်တော့ပေ။ ဒါပေမဲ့လည်း သူမဘဝက သူမကိုယ်ပိုင်ဖြစ်လာခဲ့ပြီ။





ချန်ကျင်းဖုန်း မုန့်ချူ ပြန်ဖြေလာသံကို မကြားရပေ။ မုန့်ချူ ဝမ်းနည်းနေပြီး ဘာပြန်ပြောရမှန်းမသိဖြစ်နေတယ် လို့ထင်ခဲ့သည်။ အရင်တုန်းကဟာတွေကို နှိုင်းယှဉ်ပြီးတော့ ချန်ကျင်းဖုန်း နားမလည်နိုင်တဲ့ ခံစားချက်တစ်ခုရှိနေသည်။ ဟယ်ရှို့ပြောတာကို သူ အမြန်တွေးလိုက်သည်။ သူ နည်းနည်းစိတ်မကောင်းဖြစ်မိသော်လည်း သူ့လေသံက ခိုင်မာနေသည်။ "ငါမင်းကို နစ်နာကြေးလျော်ပေးပါ့မယ်"


မုန့်ချူ အိတ်ထဲက ရော်ဘာခေါင်းစည်းကြိုးကို ထုတ်လိုက်ပြီး ဆံပင်ရှည်တွေကို စုလိုက်တယ်။


ဆံပင်စည်းနေရင်း ပြောင်းလဲသွားခြင်းမရှိတဲ့အသံနဲ့ "စေ့စပ်ပွဲကို ဖျက်လိုက်တာပဲ မဟုတ်လား။ ငါသဘောတူတယ်။"


ချန်ကျင်းဖုန်း အဲ့တာကိုမယုံနိုင်ဘဲ - "မင်း ၊ သဘောတူတယ်လား"


ဂါဝန်ကိုဝတ်ထားသေးပေမယ့်လည်း မုန့်ချူရဲ့ကိုယ်ဟန်အနေအထားက ပြောင်းလဲသွားပြီး ကိုယ်ပိုင်ယုံကြည်ချက်အပြည့်နဲ့ ပွင့်တော့မယ့်ပန်းတစ်ပွင့်လို ဖြစ်နေပုံပါပဲ။

ချမ်းသာတဲ့အမျိုးသမီးတွေကကြာကြာသရုပ်မဆောင်နိုင်ဘူး (ဘာသာပြန်)Where stories live. Discover now