ᴜɴɪᴄᴏᴅᴇ
တီး......
_ အမယ်လေး..._
ရုတ်တရက် ကားလမ်းကို ဖြတ်ကူးပြီး
ဘာကို မမြင်နိုင်တော့တဲ့ သူမ။
ကျွန်မ လှမ်းဆွဲထားလို့သာ။_ ရှင် ဘယ်လို ဖြစ်နေတာလဲ
ဆိုးလ်ကနေ တကူးတက လာပြီး
ဒီရောက်မှ သေတော့မလို့ _စိုးရိမ်တကြီးနဲ့ သူမ ကို အော်လိုက်မိတယ်။
တကယ်တော့ ကျွန်မ ဒေါသ ထွက်နေခဲ့တာ။
အဲဒီလူအတွက် သူမ ပြာယာခက်နေတာကိုက
ကျွန်မ ကို ဒေါသထွက်စေခဲ့တာ။သူမ ကတော့ ကျွန်မ ကို ကြောင်ကြည့်လို့။
_ လာ..._
သူမ လက်ကို မလွတ်တမ်း ကိုင်ထားပြီး
ကားတစ်စီးကို တားလိုက်တယ်။_ ရှင် သွားမဲ့ နေရာကို လိပ်စာပြောလိုက် _
ကားပေါ်ရောက်တဲ့အထိ သူမ လက်ကို မလွတ်ပေးမိ။
ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ။
တခုခုသာ ဖြစ်သွားရင် ကျွန်မ ရင်ကျိုးရမှာ။ကားကြောင့် ရင်တုန်ရတာထက်
lili အော်လိုက်တာကြောင့် jen ရင်ပိုတုန်ရတယ်။
jen ကို တစ်ခါမှ မအော်ခဲ့တဲ့လူလေ။
ဘယ်လို အရာမျိုးကိုပဲ ဖြစ်ဖြစ်
jen ကို ပျော်အောင်ပဲ ပြောပေးတဲ့လူ။▪︎▪︎▪︎
ကွန်ဒိုတိုက်ခန်းတွေ ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် ။
_ ရှင် မဝင်တော့ဘူးလား
အခု့လိုပဲ လျှောက်နေတော့မှာလား __ တို့ ကို မြင်ရင် သူ အံ့သြသွားမယ် ထင်တယ်။
နောက်ပြီး ဝမ်းသာ သွားမယ်ထင်တယ် __ အဲဒီတော့ ရှင်က မဝင်ဘူးလား _
ရှင် ကြောက်နေတယ်။
ရှင် မျှော်လင့်ထားသလို ဖြစ်မလာမှာတွေ
ရှင် ကြောက်နေခဲ့တာ။
ရှင့်မျက်ဝန်းတွေထဲမှာ ကျွန်မ အကုန်မြင်နေရတယ်။_ဟူး... သွားလိုက်ပါ
ရှင် သူ့ကို တွေ့ပြီး ပြောချင်တာတွေ ရှိလို့
လာတာ မဟုတ်လား။ __ အင်းပါ _
အခန်းတံခါးရှေ့က bell ကို နှိပ်ပြီး
သူမ လက်တွေ တုန်နေခဲ့တယ်။
ချက်ချင်းဆိုသလို လာဖွင့်တဲ့ တံခါး။
ဖုန်းထဲက ပုံတွေကတောင် သူမ ကို အရမ်းနာကျင်စေတာ။
အခု့ မြင်ကွင်းက သူမ ရင်တွေကို ကွဲများကွဲစေမလား။

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
Romantikᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...