EP 2

2.5K 280 41
                                    

ᴜɴɪᴄᴏᴅᴇ

ကျွန်မ ရင်တွေ မွန်းကြပ်လို့လာတယ်။
တစ်စုံတစ်ယောက် ကြောင့် ခံစားရတိုင်း
ကျွန်မ ကို နာလည်ပေးနိုင်မဲ့ သူ မရှိဘူးဆိုတဲ့
အတွေးတွေနဲ့ မျိုသိမ့် လိုသာ နေခဲ့ရတယ်။
တခြားသူတွေလို နာကျင်ရတိုင်း
ငိုလို့ရရင် အရမ်းကောင်းမှာပဲ။
ငိုလိုက်ရင် ရင်ထဲမှာ အနည်းနဲ့ အများတော့ ပေါ့သွားတယ်တဲ့။
ကျွန်မက အဲဒီလို ဖြေသိမ့်မှုတွေနဲ့တောင်
မတန်တဲ့သူ ထင်ပါရဲ့။
ကျွန်မ ငိုလို့ မရခဲ့ဘူး။
ပါးပြင်ပေါ် စီးကျခြင်းမရှိတဲ့
ကျွန်မရဲ့မျက်ရည်တွေဟာ အခု့လဲ ခြောက်သွေ့လို့နေပြန်တယ်။

စိတ်ကူးတဲ့ရာ လျှောက်သွားရင်း
လာခဲ့မိတာ ပန်းခြံလေးရှိရာဆီ။
အချိန်တွေက ကုန်မြန်သလား
ကျွန်မကလဲ အချိန်တွေ ကုန်တာတောင်
မသိရလောက်အောင် ပျောက်ဆုံးနေသလား။

သူမ နဲ့ အတူ ထိုင်ခဲ့တဲ့ ခုန်တန်းရှည်လေး။
ဘာရယ်ကြောင့်မှန်း မသိ။
ကျွန်မ ပြုံးနေမိတယ်။
ဝမ်းနည်းမှုတွေကြားကနေ ဖြစ်ပေါ်လာတဲ့
ပထမဆုံး အပြုံးမိုလို့ ထင်ပါရဲ့
ကျွန်မ သဘောကျတယ်။

ခုန်တန်းလေးမှာထိုင်ရင်း
ရှူရှိုက်မိတဲ့ လေတွေထဲမှာ
သူမရဲ့ ကိုယ်သင်းရနံ့။
အနားမှာ မရှိတာ သိပေမဲ့
ဒီခုန်တန်းရှည်လေးနဲ့အတူ သူမ ရနံ့တွေ
စွဲထင်ကျန်ခဲ့တယ် ထင်ပါရဲ့။

"Jennie Kim !
ရှင်ကော ဘာတွေလုပ်နေမလဲ "

မျက်လုံးတွေကို မှိတ်ရင်း ရှူရှိုက်မိတဲ့အခါ
ကျွန်မ နှလုံးသားထဲသို့ တသဲ့သဲ့နဲ့ တိုးဝင်လာတဲ့
ရနံ့ဟာ ကျွန်မနှလုံးသားကို လှုပ်ခက်စေတယ်။
သင်းပျံ့ပျံ့ရနံ့တွေဟာ တဖြေးဖြေး နည်းကပ်လာတယ်။
သူမ ရဲ့ စကားသံနှင့် အတူပေါ့။

_ lisa ?_

မှိတ်ထားတဲ့ ကျွန်မ မျက်ဝန်းတွေဟာ
သူမ စကားသံကြောင့် အရည်လဲ့ခဲ့ရတယ်။

ဘယ်သူ့ကိုမှ ရင်ဖွင့်ချင်စိတ် မရှိတဲ့ ကျွန်မဟာ
သူမ အသံလေးတစ်ခု့ကြောင့်
သူမ ရှေ့မှာ ငိုချချင်စိတ်တွေ ပေါ်လာခဲ့တယ်။
ဖြစ်ခဲ့တာတွေ နာကျင်ရတာတွေ
ပင်ပန်းရတာတွေအကုန် ပြောပြပြီး
အားရပါးရ ငိုချင်မိတယ်။
ဒါ ပထဦးဆုံး အချိန်ပါ။
လူတစ်ယောက်အပေါ် မှီခိုချင်မိတာ။

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now