ᴜɴɪᴄᴏᴅᴇ
ကျွန်မ ရဲ့ ပျော်ရွှင်မှုအကြောင်း မေးတဲ့အခါ
ကျွန်မ ပြန်မဖြေပဲ သူမ ကို ပြုံးပြလေ့ရှိတယ်။
ကျွန်မ ရဲ့ အပြုံးတွေကို သူမ သဘောကျတယ်လေ။
သူမ သဘောကျတဲ့ အရာလေးတွေကို လုပ်ပေးရရင် ပျော်တယ်။
သူမ ဟာ...
ကျွန်မ ရဲ့ ပျော်ရွှင်မှုပါ။▪︎▪︎▪︎
ညိုမှိုင်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ရင်း
အတွေးတစ်ချို့ကို အသက်သွင်းနေမိတယ်။_lisa ya !_
_ Chae
ငါ့အခန်းထဲကို ဝင်လာရင် တံခါးခေါက်ပါလို့ဆိုနေ_သူငယ်ချင်းဆိုလို့ တစ်ယောက်ထဲ ရှိလို့သာ
သူမ နဲ့ ပေါင်းရတာ တစ်ခါတလေ အရမ်း အနေကြပ်တယ်။_sor.....ry _
သူမ ပြောနေပုံက စိတ်ပျက်စရာ။
ပြတင်းပေါက်က မြင်ရတဲ့ ကောင်းကင်ကြီးကိုသာ
ဆက်ပြီး ကြည့်နေမိတယ်။
သံယောဇဥ်တွယ်စရာ မရှိတဲ့ ကျွန်မ အတွက်
လွမ်းစရာလဲ မရှိဘူး ဆိုပေမဲ့
တိမ်ဆိုင်တွေကြောင့် ဖြစ်ပေါ်လာတဲ့
လွမ်းဆွတ်မှု့ရဲ့ အရသာကိုတော့ ကြိုက်တယ်။_ lisa ya
နင် ဘာတွေ တွေးနေပြန်ပြီလဲ။__ဒီလိုပါပဲ
ရောက်တက်ရာရာ_သူမ ထိုင်နေတဲ့ ခုံကို ကျွန်မ အနားသို့ တွန်းလာပြီး
_နင် ဒီည အားလား_
သူမ အပြုံးတွေက ဒီလို အချိန်ဆို ကလေးလေးတစ်ယောက်လိုပါပဲ။
_ဘာလဲ !
နင် ငါ့ကို ဘယ်သွားဖို့ ခေါ်အုံးမလို့လဲ__ ဟီး...
ဒီည club သွားရအောင်လေ__ငါ မလိုက်ချင်ဘူး_
ကျွန်မ ရဲ့ လက်တွေကို ဆုပ်ကိုင်ရင်း
_လုပ်ပါဟာ နင်ကလဲ_
_ငါ တကယ် မလိုက်ချင်ဘူး chae ရဲ့
မိုးတွေကိုလဲ ကြည့်အုံး မှောင်မဲနေတာပဲ
ဒီလို ပုံမျိုးနဲ့ဆို တစ်ညလုံးရွာနေမှာ
ငါ အပြင်မထွက်ချင်ဘူး__lisa ရယ် လိုက်ခဲ့ပါ
အားလုံးကိုလဲ နင် ပါ ပါလာမယ်လို့ပြောထားတာ__ အားလုံး !
ဘယ်သူတွေကို ချိန်းထားတာလဲ__ကျောင်းတုန်းက သူငယ်ချင်းတွေပါဟာ
မတွေ့ရတာလဲ ကြာနေပြီမို့လား
လိုက်ခဲ့ဟာ...lisa Ya.....lisa လိုက်ခဲ့ဟာ_
![](https://img.wattpad.com/cover/260106134-288-k372389.jpg)
YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
Romanceᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...