EP 13

2K 202 32
                                    

ᴜɴɪᴄᴏᴅᴇ

_ lili မင်း အဲဒီမှာ ဘာလုပ်နေတာလဲ _

အပြင်ကို ထွက်ပြီး ကောင်းကင်ပေါ်က
ကြယ်တွေကို ရေတွက်နေလေရဲ့။
ဝတ်ထားတဲ့ အိင်္ကျီက ပါးသည်မို့
သူမ အပေါ် ခြုံလွှာလေးတစ်ခု့ လွှားပေးလိုက်သည်။
ပင်လယ်နား နီးလို့ ထင်ပါရဲ့
ညဘက်ဆို အရမ်းအေးသည်။

_ မအေးဘူးလား lili ရဲ့ _

သူမ ဖို့ ဖျော်လာတဲ့ ကမ်း ပေးလိုက်သည်။

_ နည်းနည်း _

စကားကိုတောင် သေချာ မပြောနိုင်
ဆက်ပြီး ရေတွက်နေပြန်တယ်။

_ lili တို့မေးတာ ဖြေအုံးလေ
မင်း ဘာလို့ ကြယ်တွေကို ရေတွက် နေတာလဲ _

_ သူတို့ကို ရေတွက်ကြည့်ပြီး အနိုင်ယူနေတာလေ _

_ ဘယ်လို _

ရေတွက်နေတာကို ရပ်ပြီး
သူမက သက်ပြင်းချလျက် ။

_ ရှင် လုပ်တာနဲ့ ရေတွက်နေတာ
ဘယ်နားရောက်သွားပြီးလဲ မသိတော့ဘူးရှင် _

_ ဒါဆိုလဲ ပြောပြတော့လေ
ဘာတွေ အနိုင်ယူနေတာလဲ
ကြယ်တွေက ဒီလောက် များတာ
မင်း ရေတွက်လို့ နိုင်ပါ့မလား lili ရဲ့ _

_ အဲဒါတောင် သူတို့ ကျွန်မ ကို
ရှူံးနေသေးတယ် NiNi _

_ မင်း က ဘာနဲ့ ပြိုင်နေလို့လဲ _

_ ရှင့်အပေါ် ထားတဲ့ ကျွန်မ ရဲ့ အချစ်တွေနဲ့လေ _

_ အာ...မင်းကလဲ
တို့ က အကောင်းမှတ်နေတာကို _

Jen မျက်နှာပေါ် ဝေ့သွားတဲ့ လေတွေက နွေးလိုက်တာ။
Black coffee စစ်စစ် ကလဲ ချိုလို့။
ညဘက် မို့ ကြားရတဲ့ ပိုးကောင်သံတွေကလဲ သာယာလို့။
လခြမ်းလေကလဲ Jen ကို ပြုံးပြနေပြန်တယ်။

အချိန်ခဏ အတွင်း Jen ကို
ဘယ်လိုခြွေရမလဲ သိတဲ့
ဒီကောင်မလေးက စကားတက်လေး။

_ တကယ် NiNi ရဲ့
NiNi စဥ်းစားကြည့်လေ
ကျွန်မ ဆိုတာ မဖြစ်ပေါ်လာခင်ကတည်းက
ကြယ် တွေ တည်ရှိနေတာ နှစ်ပေါင်းအလွန်ကြာရောပေါ့
ဒါတောင် ကျွန်မ အချစ်တွေလောက် များမနေဘူးလေ _

ဒီ စကားတက်လေးက ပြန် ချေပ ဖို့
Jen မှာ စကား ရှိပါ့မလား။

_ မင်း အချစ်တွေ များသည် နည်းသည်က
တို့ အတွက် ကိစ္စ မရှိပေမဲ့
အဲဒီအချစ်တွေ အကုန် တို့ အတွက် မဟုတ်ရင်တော့
ကိစ္စ ရှိသွားလိမ့်မယ်။ _

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now