EP 19

1.6K 162 30
                                    

ᴜɴɪᴄᴏᴅᴇ

_ Mr.lee ရဲ့ အကြောင်းတွေကို တက်နိုင်သလောက် စုံစမ်းပေးနိုင်မလား Soo _

_ အဲဒါက အခက်အခဲ မရှိပေမဲ့ ၊ ဘာကြောင့်လဲဆို ပြောပြလို့ရမလား _

_ တကယ်တော့ NiNi က Mr.lee ကို အရမ်းမုန်းနေခဲ့တာ။
NiNi က သူ့ အဖေ သေသွားခဲ့တာလဲ Mr.lee ကြောင့်လို့ ထင်နေခဲ့တယ်။အဲဒါတွေထဲမှာ အဆိုးဆုံးကတော့ ကျွန်မက Mr.lee ရဲ့ သွေးသားဆိုတာ သူ မသိသေးတာပဲ Soo _

_ ဟင်.. _

_ ကျွန်မ မပြောပြနိုင်ခဲ့ဘူး။ကျွန်မ ကြောက်တယ် Soo ။
ပြောပြလိုက်လို့ ဖြစ်လာမဲ့အကျိုးဆက်တွေက ကျွန်မကို ခြောက်လှန့်နေတယ်။သိသွားတဲ့အခါ NiNi ပြန်လာပြေနိုင်မဲ့ စကားတွေ ၊ အကြည့်တွေ ၊ အဲဒါတွေကို တွေးလိုက်မိတိုင်း ကျွန်မ မပြောပြနိုင်ခဲ့ဘူး။ _

မျက်ရည်မကျရုံတမယ်။
မတည်ငြိမ်တဲ့ အသံအနေအထားနဲ့ အမှောင်ထဲမှာ ပိတ်မိနေတဲ့ မျက်ဝန်းအကြည့်တွေ။

_ ကျွန်မ ဘာလို့ ဒီလို မွေးဖွားလာရတာလဲ Soo ရယ်။
ကျွန်မ ဘာတွေများ လုပ်ခဲ့မိလို့ အခု့လို မွေးဖွားလာရတာလဲ _

_ lisa ...
မင်း အတွေးများနေတာပဲ။
Soo ပြောပြမယ်။
Jennie Kim က စဥ်းစားတက်တဲ့ မိန်းကလေး တစ်ဦးပါ။မင်းကို စ ချစ်ခဲ့တဲ့အချိန်တုန်းက Mr.lee ရဲ့ သမီး မှန်း မသိခဲ့တာ မှန်ပေမဲ့ မင်းကိုသာ တကယ်ချစ်နေခဲ့တာဆို Mr.lee ရဲ့ သမီးဆိုတာ သိရုံနဲ့ ပြောင်းလဲမသွားလောက်ပါဘူး။မင်းက မင်းပဲလေ lisa။
မင်းက ပြောင်းလဲသွားမှာမှ မဟုတ်တာ။အဲဒီအတွက် Jennie kim ကလဲ မပြောင်းလဲလောက်ပါဘူး။တကယ်လို့ ပြောင်းလဲသွားရင်လဲ မင်းအပေါ် ထားတဲ့ မေတ္တာက မမှန်လို့ ပဲလေ။ _

_ ဒါပေမဲ့ ကျွန်မ မေတ္တာက မှန်တာထက် ပိုတယ်လေ။
ကျွန်မ ဘဝ မှာ ဘယ်တော့မှ မဆုံးရှုံးချင်ဆုံးအရာက NiNi တစ်ယောက်ပဲ ရှိတယ်။ကျွန်မ သူ့အနားက ခဏလေးတောင် ထွက်သွားဖို့ အင်အားမရှိဘူး _

_ မင်းတွေးတာတွေက မင်းအတွက် မှန်ကောင်းမှန်လိမ့်မယ် lisa !
ဒါပေမဲ့ အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်တာလဲ မင်း သိလိမ့်မယ်။
မင်း စုံစမ်းခိုင်းတာတွေ soo စုံစမ်းပေးမှာပါ။
အဲဒါတွေကတော့ မင်း ရဲ့ အမှန်တရားကို ဖုံးကွယ်ပေးနိုင်လောက်အောင် မစွမ်းသာဘူးဆိုတာ မင်း သိထားဖို့လိုတယ်။ _

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now