EP 11

2.3K 244 33
                                    

ᴜɴɪᴄᴏᴅᴇ

_ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပါ။
ရှင့် ဆီမှာ ကျွန်မ ဆန္ဒကို တောင်းပိုင်ခွင့်ရှိသေးတယ် မဟုတ်လား
ရှင် ဘာပဲဖြစ်ဖြစ် ဖြည့်ဆည်းပေးမယ် ပြောထားတယ်လေ
ကျွန်မ ဆန္ဒကို ဖြည့်ပေးပါ။
လက်ထပ်ပွဲကို ဖျက်သိမ်းပြီး ကျွန်မ ဆီကို လာခဲ့ပါ။ _

Jen တိတ်ဆိတ်မှုက သူမ ကို အဖြေတစ်ခုဖြစ်စေခဲ့တယ်။
ငိုသံ သဲ့သဲ့ နဲ့ ထွက်လာတဲ့ ရယ်သံဟာ နာကျင်မှုအပြည့်။
မိုးရေတွေကြောင့် တုန်ရီနေတာကိုတောင် lili မငဲ့နိုင်ခဲ့ဘူး။

_ တို့ တောင်း_

ချက်ချင်းပင် ခေါင်းကို ခါလျက်

_ မပြောပါနဲ့
ရှင့် ဆီက တောင်းပန်တာကို လိုချင်လို့ လာခဲ့မိတာ မဟုတ်ဘူး။
ကျွန်မ ကြားချင်တာကို မပြောနိုင်ရင်
ဘယ်လို အရာကိုမှ မပြောပါနဲ့လား _

lili ရဲ့ အပြုံးတွေက Jen အတွက် ကျိန်စာတွေများ ဖြစ်နေမလား။
မင်း ကို နာကျင်စေခဲ့တဲ့ စိတ်နဲ့ တို့ တစ်သက်လုံး နေသွားရတော့မယ် ထင်တယ်။

တဖြေးဖြေးနဲ့ lili ဆိုတဲ့ မိန်းကလေးဟာ ပျောက်ကွယ်သွားခဲ့တယ်။

တို့ ဘာလို့ နှလုံးသားမရှိတော့တဲ့ လူတစ်ယောက်လို အသက်မဲ့နေခဲ့မိတာပါလိမ့်။မင်း ထွက်ခါသွားတဲ့ ခြေလှမ်းတိုင်းက တို့ ဆီကနေ တခုခုကိုပါ ယူသွားခဲ့တယ်။

ဟုတ်တယ် မင်း ပြောသလို တို့ က အရူးတစ်ယောက်ပါ။

_ မမလေး....
မမလေး အတွက် လူတစ်ယောက်ပေးခိုင်းလိုက်တာ _

သေသေချာချာ တံဆိပ် နှိပ်စားတဲ့ စာအိတ်လေးတစ်အိတ်

_ ဘယ်သူပေးခိုင်းလိုက်တာလဲ _

_ အဲဒါတော့ မသိဘူးဗျ
မမလေးအတွက် အထောက်အကူ ပြုမဲ့အရာလို့တော့ ပြောပါတယ် _

_ အေးအေး သွားတော့ _

စာအိတ်ထဲက ဓါတ်ပုံတွေဟာ Jen ကို သွေးပျက်စေခဲ့တယ်။
မရိုင်နဲ့အောင် ထိန်းထားတဲ့ ခြေထောက်တွေကိုလဲ ချက်ချင်းဆိုသလို
ပျော့ခွေစေခဲ့တယ်။

.
.
.
.
ကင်မရာမီးရောင်တွေကြားမှာ Jen ဟာ အချုပ်ကျနေခဲ့တယ်။

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now