EP 12

2.5K 240 24
                                    

ᴜɴɪᴄᴏᴅᴇ

_ NiNi ဒီ အိမ်လေးကို သဘောကျတယ် မဟုတ်လား _

ခုနက jen ကို တစ်ယောက်တည်း ထားပြီး ဘယ်သွားတာလဲလို့။
lili က နေဖို့ အိမ် သွားငှားနေတာတဲ့။

_ အင်း..ချစ်စရာလေး
နွေးထွေးသလိုပဲ _

_ ကျွန်မ ရဲ့ အနွေးဓါတ်တွေကြောင့်လေ _

_ မင်းကတော့လေ စကားပြောလို့ကို မရဘူး _

ကျွန်မ တို့ နှစ်ယောက်လုံး ဖုန်းပိတ်ထားခဲ့တယ်။
သတင်း website တွေမှာ ဘယ်လောက်တောင်
ပလူပျံနေလိုက်မလဲ။
အလုပ်နဲ့ ပတ်သက်တဲ့ ဖုန်းတွေလဲ ဘယ်လောက်တောင်
ဆက်နေလိုက်မလဲ။

_ ဒီမှာ အိမ်ရဖို့ဆိုတာ မလွယ်ဘူး သိလား
ပွဲတော်ရက် မဟုတ်ရင် မငှားကြဘူး _

_ ဘာလို့​လဲ _

_ အဲဒါတော့ သေချာမပြောတက်ဘူး။
အခု့​အိမ်လေးက ကျွန်မ တို့ နှစ်ယောက်ဖြစ်နေလို့
ပေးနေတာ _

_ ဘယ်လို _

_ ဒီ အိမ်ပိုင်ရှင် နှစ်ယောက်က
ကျွန်မ တို့လိုပဲလေ ။
ဂျာမနီ လူမျိုးတွေ။ သူတို့ နှစ်ယောက်ရဲ့အခြေအနေကို
မိသားစုတွေက သဘောမတူခဲ့ကြလို့
ဒီမှာ နေလာခဲ့ကြတာ။ ဆယ်စုနှစ် နှစ်စုစာတောင် ကျော်နေပြီတဲ့။
ကျွန်မ တို့ကို နားလည်လို့ နေခိုင်းတာ _

_ နေပါအုံး..
တို့ တွေ အကြောင်း မင်းပြောပြလိုက်တာလား _

_ မဟုတ်ပါဘူး
ခုနက ကားဘေးက ကိစ္စကို မြင်သွားကြတာ _

ရှက်သွားပြန်တဲ့ NiNi ရဲ့ မျက်နှာ။
အခု့လို ပန်းနုရောင်လေးသန်းနေတဲ့
မျက်နှာလေးနဲ့ အရမ်းကို လိုက်တာပဲ။
မကြာခဏ ဒီမျက်နှာလေးကို မြင်ချင်လို့
ကျွန်မ စ နေမိတော့မယ် ထင်တယ်။

_ အဟင်း...
တို့ ဗိုက်ဆာတယ် _

_ ကမ်းခြေနားမှာ ဆိုင်ကောင်းတွေ ရှိတယ်တဲ့
သွားကြမလား _

_ အင်း _

lili ကလေ တစ်ခြားတစ်ယောက်လို ပြောင်းလဲသွားတယ်။
အကြည့်တွေက အစ ရဲတင်းလို့ရယ်။
jen မှာ သူ့နောက်လိုက်လာတာ တစ်ရက်ပဲ ရှိသေးတယ်။
သူ့ အကြည့်တွေကို ရှောင်ရတာ အမော။
မကြာခဏ ဆိုသလို jen ပါးထဲ နစ်မြုပ်လာတဲ့ အနမ်းတွေကြောင့်
ရပ်တန့်သွားရတဲ့အချိန်တွေလဲ မနည်းတော့ပါ။

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now