ᴜɴɪᴄᴏᴅᴇ
လျစ်ဟာမှုအတွက် သူမ အနားမှာ နေရင်း
သူမ ဟာ ကျွန်မ ပျော်ရွှင်မှု
ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို အခြားလူတစ်ယောက်လက်ထဲ
ထည့်လိုက်တာဟာ အရမ်းကို ရူးမိုက်တဲ့ အလုပ်လို့ပြောကြတယ်။
တကယ်တော့
ကျွန်မ ပျော်ရွှင်မှုတွေကို သူမ လက်ထဲ မထည့်ခဲ့ပါဘူး။
သူမ က ကျွန်မ ပျော်ရွှင်မှု ဖြစ်လာခဲ့တာ။
သူမ လှုပ်ရှားတဲ့အရာ အားလုံး
သူမ ရှူထုတ်လိုက်တဲ့ ဝင်သက်ထွက်သက်
အပြုအမှုတိုင်းက ကျွန်မကို ပျော်ရွှင်စေခဲ့တာ။အချိန်တွေကြာလာတာနဲ့ အမျှ
ရင်းနှီးမှုတွေကလဲ တိုးလို့လာခဲ့တယ်။
သူမအတွက် ကတော့ ကျွန်မ ဟာ အသိမိတ်ဆွေ။ကျွန်မ အတွက်....
သူမ ဟာ ပန်းလေးတစ်ပွင့်။
အမြဲတမ်း တယုတယ နဲ့ စိုက်ပျိုးပြီး
အလှထိုင်ကြည့်နေရတာနဲ့ ကျွန်မကို ပျော်ရွှင်စေတဲ့
ပန်းလေးတစ်ပွင့်။_ Lili
ရုံးကို မသွားခင် စင်တာ ကို အရင်သွားရအောင်
တို့ ဝယ်စရာလေးရှိလို့ _အရင်နေ့တွေထက် ပိုရွှင်ပြနေတဲ့ သူမ ။
_ ဟုတ် _
အနောက်က ထိုင်စီးရရင် စိတ်မချလို့ဆိုပြီး
အမြဲတမ်း ကျွန်မ ဘေးနားမှာပဲ ထိုင်လေ့ရှိတယ်။▪︎
_ lili ဒါ လှလား _
နာရီတွေ အများကြီးထဲမှာပါ
သူမ ကြိုက်တဲ့ တစ်လုံးကို ယူပြီး
ကျွန်မ ကို ပြတယ်။_ အင်း..လှပါတယ်
ရှင် ကြိုက်တယ် မဟုတ်လား _သူမ ကြိုက်တဲ့ အရာအားလုံးကို
ကျွန်မ နှစ်သက်ပါတယ်။
သူမကို ပျော်ရွှင်စေတဲ့ မည်သည့်အရာကို မဆိုပေါ့။_ အင်း ဒါလေးပဲ ယူတော့မယ် _
သူမ ဘာလို့ အခု့လောက်ထိ ပျော်နေရတာလဲ။
_ အော်...တို့ကို စာရွက်နဲ့ ဘောပင် ပေးပါလား _
ဝန်ထမ်းကောင်မလေးဆီကနေ တောင်းပြီး
တခုခုကိုရေးဖို့ ပြင်နေခဲ့တယ်။♡စက္ကန့်နဲ့အမျှ jen ကိုပဲ သတိရနေပေးပါ ကို!
♡မွေးနေ့မှာ ပျော်ရွှင်ပါစေ တဲ့

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
Romanceᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...