EP 10

2.1K 256 44
                                    

ᴜɴɪᴄᴏᴅᴇ

_ NiNi...ခဏ နေပါအုံး _

_ NiNi..._

အမြန်သွားနေတဲ့ သူမ ကို ရပ်တန့်အောင်
သူမ လက်ကို ဆွဲလိုက်တော့
ချက်ချင်း ကျွန်မ လက်တွေကို လွှတ်ချပစ်လိုက်တယ်။

တွဲထားတဲ့ လက်တွေ သူမ ဘက်က စပြီး
ဖြုတ်ရင်တောင် သိသိသာသာ မျက်နှာ ပျက်နေတက်တဲ့ ကျွန်မ အတွက်
အခုလို အခြေအနေ မျိုးက ကျွန်မ မရောက်ချင်ဆုံးပါပဲ။
ကျွန်မ ပြောလိုက်မိတာ မှားသွားခဲ့ပြီလား။

_ NiNi.._

အနည်းငယ် ကျယ်ပြီး မူမမှန်တော့တဲ့ အသံကြောင့်
သူမ ရပ်တန့်သွားခဲ့တယ်။

မငိုမိအောင် ထိန်းချုပ်ဖို့က တကယ် ခက်တာပဲ။

_ ရှင် ကျွန်မ ကို ကြောက်သွားတာလားဟင် _

မင်း ကို တို့ မကြောက်ပါဘူး။
တို့ ကို တို့ ကြောက်နေမိတာပါ။

_ ကျွန်မ က မိန်းကလေးချင်းချင်း စိတ်ဝင်စားတဲ့ လူဆိုပြီး
ကျွန်မ ကို..
ကျွန်မ ကို ကြောက်သွားတာလား _

တို့ မပြောပြနိုင်တော့ဘူး lili
အခု့လိုအချိန်မျိုးမှာ တို့ ဘာအဖြေကိုမှ တိတိကျကျ မဆုံးဖြတ်နိုင်ဘူး။
မင်းကို ကြောက်နေတာ မဟုတ်ဘူး ဆိုလဲ
မပြောပြနိုင်ဘူး။

_ ရှင့်ကို ကျွန်မ ပြောလိုက်မိတာ
နောက်ဆုံး အနေနဲ့ ကျွန်မ ခံစားချက်ကို အသိပေးချင်တာပါ။
ရှင် ကို စ တွေ့ကတည်းက ကျွန်မ စိတ်တွေ ထူးခြားနေခဲ့တာ။
ဘယ်သူ တစ်ဦးတစ်ယောက်အပေါ်မှ မဖြစ်ဖူးတဲ့ စိတ်မျိုး
ဖြစ်လာခဲ့တာ။ကျွန်မ မိန်းကလေးချင်းစိတ်ဝင်စားတဲ့ လူမျိုး မဟုတ်ပါဘူး။ကျွန်မ စိတ်ဝင်စားတဲ့ ရှင် က မိန်းကလေး ဖြစ်နေခဲ့တာ။ _

Jen ရဲ့ အနောက်မှာ သူမ ဘယ်လို ရပ်တည်နေမလဲဆိုတာ
Jen မသိပေမဲ့ ။Jen ကတော့ ခြေထောက်တွေကိုသာ ခွေမကျအောင် ထိန်းနေမိတယ်။

_ အဲဒီအတွက်တော့ ကျွန်မ မှာ အပြစ်မရှိဘူး မဟုတ်လား။
နှလုံးသားဆိုတာ ထိန်းချုပ်လို့မရဘူးဆိုတာ ရှင်သိမှာပါ။
ထိန်းချုပ်လို့သာ ရခဲ့ရင် အခုလိုဖြစ်လာမှာ မဟုတ်ဘူးလေ _

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now