EP 23

4.6K 224 69
                                    

ᴜɴɪᴄᴏᴅᴇ

_ ဥက္ကဋ္ဌ အပြင်မှာ Kim Jisoo  ဆိုတဲ့ အမျိုးသမီး ရောက်နေပါတယ်။
ခဏလောက် တွေ့ချင်လို့ပါတဲ့။ _

ဘယ်ဘဝ က ရေစက်တွေလဲ မသိတော့ပါ။
ဘာလို့များ Kim Jisoo ဆိုတာနဲ့ lili ကို ပဲ သဝန်တိုနေမိသည် မသိ။

_ ဟို..
ကျွန်မ မတွေ့နိုင်ဘူး လို့ပဲ ပြောလိုက်ပါ့မယ် _

_ နေနေ
လွှတ်လိုက်။ _

ကျကျနန ထိုင်ရင်း
သူမ ဝင်လာမဲ့ အချိန်ကို စောင့်နေခဲ့တယ်။

_ အခု့လို အချိန်ပေးတာ ကျေးဇူးပါပဲ Jennie _

Jisoo ဆိုတာ အမြဲ လှပ ပြီး
ဘယ်တော့မှ ဒီ လှပ မှုဟာ မပြောင်းလဲသွားတော့ပဲ အမျိုးသမီး တစ်ဦးလား။

အနည်းငယ် စုတ်ချာနေတဲ့ Jen ပုံနဲ့သာဆို သူမ အလှက ထင်ပေါ်လွန်းသည်။
lili သူတို့နဲ့ ရှိနေနိုင်တယ်လို့ တွေးထားခဲ့ပေမဲ့
တကယ်တမ်း သူတို့နဲ့ပဲ ရှိနေခဲ့တာဆို Jen ဒေါသ ထွက်မိမလားပဲ။

_ ရပါတယ်။
ဒါနဲ့ ဘာကိစ္စများ ရှိလို့ပါလဲ _

မျက်ခုံး နှစ်ဖက်ကို အနည်းငယ် တွန့်ချိတ်သွားတဲ့ Jisoo ကြောင့်
Jen စကားမှားသွားလား တွေးမိရသည် အထိ။

_ Lisa ကြောင့်ပါ _

ဒီတစ်ခါ တွန့်ချိတ်ရတာကတော့ Jen ကိုယ်တိုင် ဖြစ်နေခဲ့သည်။

lili အကြောင်းတဲ့လား။
Jen တကယ် အောင့်သက်သက် ခံစားလိုက်ရသည်။

_ ဘာများ ပြောစရာရှိလို့လဲ။
Jen နဲ့ lisa ကြားက ကိစ္စတွေ ရှင် ဘာများ သိထားလို့လဲ _

Jisoo ကတော့ Jen ရဲ့ အနည်းငယ် မာကြောနေသည့် စကားအပေါ် ဒေါသ ထွက်ပုံမရပါ။ ပကတိ တည်ငြိမ်နေဆဲပင်။
Jen ကသာ သူမ ဆီက ထွက်လာမဲ့ lili အကြောင်းတွေကို ဘာမှ မကြားချင်လောက်အောင် အတွင်းထဲမှာ ဒေါသ ထွက်နေခဲ့သည်။

_ Lisa က Jennie ထင်ထားသလို မိန်းကလေး တစ်ဦး မဟုတ်ခဲ့ဘူး။ _

_ ဘာကိုပြောချင်တာလဲ _

_ သူ , Jennie ကို တမင် လိမ်ခဲ့တာ မဟုတ်ဘူး။
သူ ပြောပြဖို့ အကုန် ဆုံးဖြတ်ထားပြီးသားပါ။
ဒါပေမဲ့ သူ့မှာ လုပ်စရာရှိတဲ့အလုပ်လေးတွေကြောင့် မပြောပြဖြစ်ခဲ့တာပါ။ _

𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬Where stories live. Discover now