ᴜɴɪᴄᴏᴅᴇ
အဖေ ဆိုတာ ဘယ်သူဘယ်ဝါ သိရတာထက် အဖေ ဆိုတာ ဘယ်လိုလူမျိုးလဲ မသိရတာ ပိုကောင်းမယ်လို့ တွေးခဲ့မိဖူးတာ အကြိမ်ပေါင်းမနည်းပါ။အခု့လည်း ထို နည်းတူ ကျွန်မ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေကို ဖောက်ထုတ်ချင်မိသည့်အထိ သွေးသားတော်စပ်မှုကို ဖျောက်ဖျက်ပစ်ချင်သည်။
NiNi , အခု့လို အချိန်မျိုးမှာ ကျွန်မ အလိုအပ်ဆုံးက ရှင်ပါ။
ရှင့် ရင်ခွင်ကသာ ၊ ရှင့်ရဲ့ ထွေးပွေ့မှုတွေကသာ ကျွန်မ အလိုအပ်ဆုံးသောအရာ။မပြောမဆိုပဲ ရောက်လာမိတဲ့ ကျွန်မ ကိုသာ မြင်ရင် ရှင် အံ့သြလေမလား။
ရုံခန်းထဲမှာ ရှိမနေခဲ့တဲ့ NiNi ဟာ အခု့ထိ အစည်းအဝေး ပြီးသေးပုံ မပေါ်။
••
_ ဒီ ဖိုင်တွေ နဲ့ တခြား လိုအပ်တဲ့ ဖိုင်တွေကို ဘဏ် ကို သွားပို့ပေးပါ။
ပြီးရင် မင်း တခါတည်း ရုံးဆင်းလိုက်တော့နော်။
Jen မရှိတဲ့အချိန် Jen ကို အကူအညီ အများကြီး ဖြစ်ပေးလို့
ကျေးဇူးတင်ပါတယ် __ ရပါတယ် ဥက္ကဋ္ဌ။
ဒီနေရာနဲ့ က ဥက္ကဋ္ဌနဲ့သာ လိုက်ဖက်တာမို့
ဆက်ပြီး ရှိနေစေချင်ရုံပါ။ _မရေရာ မသေချာတဲ့ အကြောင်းပြချက် မျိုးစုံနဲ့
Jen ကို ဖြုတ်ချဖို့ အစွမ်းကုန် ကြိုးစားကျနေပုံပါ။
အစည်းအဝေး တနေကုန်တာသာ ကြည့်။•
အိမ်ပြန်ဖို့ ရုံးခန်းထဲက လိုအပ်တာတွေ လာယူရင်း မြင်လိုက်ရသည်မှာ
Jen ရဲ့ lili ။_ lili !
မင်း ဘယ်လို ဖြစ်လို့ .._စကားပင် မဆုံးလိုက်။
Jen ကို သိမ်းဖက်ရင်း တိတ်ဆိတ်နေသည့် lili ။
Jen ကိုယ်တိုင်လဲ လွမ်းနေမိသည်မို့
lili ရဲ့ ခါးကို ပြန် ဖက်တွယ်မိရင်း...
တနေ့တာ မောပန်းမှုတွေကို ဖြေဖျောက်ရင်း...။ရှင့်ကို မြင်လိုက်ရတာနဲ့ တင်းထားတဲ့ စိတ်တွေ ပျော့ပြောင်းရင်း
ပြိုလဲ ချင်မိတယ်။ပွေ့ဖက်လိုက်ရတဲ့အခိုက်အတန့်လေးမှာ ရှင့်ကို အချစ်တွေ ပိုမိပြန်တယ်။အခု့လို ရှင်က ပြန်လည် ပွေ့ဖက်တော့ ကျွန်မ က ရူးတာပေါ့။
အတန်ကြာမှ ထွေးပွေ့မှုတွေကို ရပ်တန့်ခဲ့သည်။
YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
Romanceᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...