ᴜɴɪᴄᴏᴅᴇ
ခွမ်....
_ ဟယ်~~
တောင်းပန်ပါတယ်နော်
ချိန်းထားတာ နောက်ကျနေတော့
အလောတကြီး နဲ့ မို့ မမြင်လိုက်လို့ပါ။ _ကော်ဖီ ခွက်တွေကို သိမ်းပြီး အလှည့်!
ဆိုင်ထဲကို ဝင်လာသည့် ဧည့်သည် တစ်ဦးကြောင့်
ကျွန်မ လက်ထဲက ကော်ဖီခွက်လေးတွေကတော့ အစိပ်စိပ်အမွှာမွှာ!သည့်ထက်ဆိုးသည်ကား
ကျွန်မရဲ့ လေးလံလွန်းနေသည့် စိတ်တွေသာ။ကျွန်မ လန့်သွားလို့ များလား။
_ lisa
အဆင်ပြေရဲ့လား _ကျွန်မ အနားကို အလျှင် ရောက်လာသည့် Soo .
_ ကျွန်မ ကြောင့်ပါ။
ကျွန်မ မမြင်လိုက်လို့ပါ။ _ဖန်ကွဲစတွေကို ကောက်ပေးရင်း
ဧည့်သည် ဖြစ်သူကတော့ ပူနေလေသည်။_ မဟုတ်တာ ။ နေပါ။
ကျွန်မ သိမ်းလိုက်မှာမို့ ရှင် ချိန်းထားတာ နောက်ကျနေပါ့မယ် သွားလိုက်ပါ။ __ အားနာလိုက်တာ။
ဒီ ကွဲသွားတဲ့ အရာတွေအတွက်
bill ထဲမှာ ထည့်ပေးပါနော်။ _ပြောပြောဆိုဆို နဲ့ သူမ သွားလိုရာ ဝိုင်းလေးဆီကိုသာ ထွက်သွားခဲ့သည်။
ပြန့်ကျဲနေသည့် ဖန်ကွဲစ တွေကို သိမ်းမလို့ အလုပ်
_ နေနေ lisa
မင်းလဲ သိမ်း မနေနဲ့တော့
soo ပဲ သိမ်းလိုက်ပါ့မယ်။
အချိန်မလင့်ခင် မင်းလဲ ပြန်တော့လေ _ကျွန်မ စိတ်တွေရဲ့ လေးလံမှုကို အဖြေရှာ၍မရ။
ရင်ဘက် တနေရာရာ မှ ထိုး အောင့်သလို။
ကျွန်မ ရင်ထဲ ဟာတာတာ ဖြစ်သလို။_ lisa မင်း အရမ်းလန့်သွားတာလား။
ဒါက ခွက်တွေ ကွဲသွားရုံပါ။ __ ကျွန်မ သိပါတယ်။
ဒါပေမဲ့ ကျွန်မ ရင်ထဲ တစ်မျိုးပဲ __ မင်း တကယ် လန့်သွားတာပဲ။
ပြန်ပြီး နားလိုက်တော့နော်။
ဒီနေ့ ကူညီပေးတဲ့ အတွက် ကျေးဇူးပါပဲ lisa _Soo က ချိုချိုသာသာပြုံးပြတော့
ကျွန်မကလဲ ဖျော့တော့တော့အပြုံးများနှင့်သာ_ မဟုတ်တာ။
ကျေးဇူးတင်စကားပြောဖို့ လိုအပ်တဲ့ သူက ကျွန်မပဲ ဖြစ်မှာပါ။
ယှဥ်ကြည့်ရင် ကျွန်မ အကူအညီက မပြောပါးလောက်ပါဘူး _

YOU ARE READING
𝐒𝐇𝐄 [ 𝐨𝐫 ]𝐌𝐲 𝐇𝐚𝐩𝐩𝐢𝐧𝐞𝐬𝐬
عاطفيةᴜɴɪᴄᴏᴅᴇ တစ်ဖက်လူကို ပျော်ရွှင်စေချင်တာ ကိုယ့်အတ္တ ကြောင့်ပါ။ သူ ပျော်ရွှင်တာ မြင်ရလေ ကိုယ် ပျော်ရွှင်လေ လေ။ နောက်ပြီး... သူ့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တာလဲ ကိုယ်ပဲ ဖြစ်ချင်မိတယ်။ ပိုင်ဆိုင်လိုခြင်းမရှိ ပေးဆပ်ခြင်းနဲ့သာ ရှိနေချင်တာပါ။ 29/2/2k21...